Tuesday 9 September 2008

ထိုင်းနိုင်ငံတော်ဖွဲ့စည်းပုံ ဥပဒေရေးရာရုံးတော်က ထိုင်းဝန်ကြီးချုပ်စမတ်ကိုရာထူးမှနုတ်ထွက်ရန် အမိန့်ချ

မာမီစိန်ကို ထိုင်းဝန်ကြီးချုပ်စမတ်က ကိုယ်တိုင်ဧည့်ခံ တည်ခင်းခဲ့သော ထိုင်းဆိုက်ကော် နှင့် ၀က်ဥ ချောင်းကြီးများ


-ထိုင်းဝန်ကြီးချုပ်စမတ်၏ နောက်ဆက်တွဲသတင်း-

တရားစွဲဆိုခြင်းခံနေရတဲ့ ထိုင်းဝန်ကြီးချုပ်စမတ်သည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ချိုးဖောက်၍ အစားအစာ ချက်ပြုတ်ရေး ရုပ်သံအစီအစဉ်တခုကို ထုတ်လွှင့်ခဲ့သောကြောင့် အပြစ်ထင်ရှားသဖြင့် ၀န်ကြီးချုပ်ရာထူးတာဝန်အဖြစ်မှ နုတ်ထွက်ပေးရမည်ဟု ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာတရားရုံးက ယနေ့ အမိန့်ချမှတ်လိုက်သည်။

ထိုင်းနိုင်ငံ ၂၀၀၇ ခု ဖွဲ့စည်းပုံဥပဒေ၌ ရွေးချယ်ခံ မည်သည့်နိုင်ငံရေးသမားမဆို တာဝန်ထမ်းဆောင်နေစဉ် အခြားလခစားအလုပ်များ လုပ်ကိုင်ခွင့်မရှိကြောင်း တားမြစ်ထားခြင်းဖြစ်သည်။ ယခုစွပ်စွဲချက်ကို လွှတ်တော် အမတ်အချို့က ရွေးကောက်ပွဲကော်မရှင်ထံသို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။




(ပုံ)မာမီစိန်-- ထိုင်းဝန်ကြီးချုပ်စမတ်ကိုယ်တိုင်တည်ခင်းသော ၀က်ဥချောင်းကြီများ စားသောက်ပြီး ပြန်လည်ထွက်ခွာလာစဉ်


မှတ်ချက် - ဤဧည့်ခံပွဲ၏ ကုန်ကျစရိတ်ကို မြန်မာနိုင်ငံမှ
သဘာဝဓာတ်ငွေ့ဝယ်ယူခဲ့သော ထိုင်းကုမ္ပဏီကအကုန် အကျခံခဲ့ သည်။

No comments :