Thursday 11 September 2008

နီလာသိန်း အတွက် သီချင်းတပုဒ်

ခွန်အားဖြည့်မိငယ်
ငါတို့ တွေကို ဖမ်းလို့ ရချင်ရလိမ့်မယ်။
ငါတို့တွေ ဟာ အတောင် ချိုးခံထားရတဲ့မျိုးဆက်တွေဖြစ်ကြရတယ်။
ဒါပေမယ့်... ငါတို့ ရဲ့ ပျံသန်း လိုစိတ် တိုးတက်လိုစိတ် လွတ်မြောက်လိုစိတ်တွေကိုတော့ ချိုးပစ် ဖြတ်ပစ်လို့မရနိုင်ဘူး။
ငါတို့ တွေကို သတ်ပစ်လိုက်လို့ ရချင်ရမယ်။
ငါတို့တွေ ဟာ ဘ၀တခုလုံး အကျဉ်းချခံထားရတဲ့ မျိုးဆက်တွေဖြစ်ကြရတယ်။
ဒါပေမယ့်.... ငါတို့ရဲ့ လွတ်မြောက်လိုတဲ့ ဝိဥာဉ်ကိုတော့ သတ်ဖြတ် သုတ်သင် အကျဉ်းချပစ်လို့ မရဘူး။

ငါတို့ တိုင်းပြည် ... ငါတို့ လူမျိုး... ငါတို့ တိုင်းရင်းသားတွေ တနေ့ .. မဝေးတဲ့တနေ့မှာ လွတ်မြောက် ပြည့်စုံ ဂုဏ်သိက္ခာရှိရှိနဲ့ ကမ္ဘာ့အလည်မှာ ရပ်တည်နိုင်ရမယ်။

အဲဒီလို မွန်မြတ် စွန့် လွှတ်ရဲရင့်တဲ့ စိတ်ထားတွေန့ဲ ပေးဆပ်ခဲ့ကြပြီးခဲ့ပြီ ။
ပေးဆပ်နေကြဆဲဖြစ်တယ်။
ပေးဆပ်နေဦးမှာဖြစ်တယ်။

ဒီနေရာက ခေတ်သစ် နာဇီ စစ်အာဏာရှင်ရဲ့ မတရား ဖမ်းဆီးခြင်းခံလိုက်ရတဲ့ ငါတို့ရဲ့ ရဲဘော် နီလာသိန်း ကို ဒီသီချင်းနဲ့ ငါတို့ ဦးညွှတ်တယ်....။

GCR Team



No comments :