နာဂစ်နဲ့ပတ်သက်ပြီး သရော်စာလေးတစ်စောင်လောက်တော့ ရေးဦးမယ်ဆိုတဲ့စိတ်က ဘယ် က ဘယ်လိုပေါက်လာမှန်း မသိ။ ရေးမယ့်စိတ်ရှိပြန်တော့လည်း ဘယ်အကြောင်း ရေးရမှန်းမသိ။ သြော်… ရေးချင်ဦးဟဲ့စိတ်ဆိုပြီးတော့သာ ကိုယ့်ကိုယ်ကိုယ် တံတောင်နဲ့သာ ထောင်းလိုက်ချင်တော့ တယ်။ အင်း… စိတ်က ဆောင်မှတော့ ကိုယ်က လိုက်လေဦးမှ။ ဒါမှလည်း စိတ်သွားတိုင်း ကိုယ်ပါဆို တဲ့ဆုလေး ပြည့်ရှာမပေါ့။
နာဂစ်ဆိုပါလား။ ကုလားမင်းသမီးလေးနာမည်နဲ့ဗျ။ ကုလားမင်းသမီးလေးကတော့ ချောလို့ ဗျာ။ ဟော… သူတို့ကလည်း နာဂစ်က ချစ်ဖို့ကောင်းလိုက်တာတဲ့။ ဟဲ့… ဘယ်သူတုန်းဆိုတာ ချောင်း ကြည့်ဦးမှပဲ။ ဟော… ရပ်ကွက်လူကြီးတွေပါလား။ အောင်မယ်…အောင်မယ်… မီဒီယာထောင်ပြီး ရေး ချင်တာရေးနေတဲ့ လူတချို့တောင် ပါပါပကောလား။ အင်း… ဘာလို့များပါလိမ့်။ စပ်တော့ စပ်စုဦးမှပဲ။
အင်း... မီဒီယာကကောင်ကိုတော့ အရင်မမေးတော့ဘူး။ ဒင်းတို့က ဟိုလိုပြောတတ်၊ ဒီလိုပြော တတ်ကရှိသေး။ ငါမသိတာတွေ ပြောလိုက်ရင် အရှက်ကွဲရချည်ရဲ့။
ရပ်ကွက်လူကြီးဆိုတဲ့လူကတော့ ရိုးသားပုံလေးတော့ ပေါက်ပါရဲ့။ ငါ အစ်အောက်မေးလိုက် ရင်တော့ သိကောင်းသိလိမ့်မပေါ့။ ဟေ့… ညီလေးတို့ရေ နာဂစ်ကိုများ ချစ်ဖို့ကောင်းလိုက်တာဆိုတာ ကုလားမင်းသမီးလေးလားကွ။ မင်းတို့ပြောတာလေး ကြားလိုက်လို့။
အဲ… မဟုတ်ပါဘူး။ အခုဖြစ်သွားတဲ့နာဂစ်ကို ပြောတာဗျ။ နာဂစ်ထိသွားတာတော့ ထိသွားတာ ပေါ့။ နာဂစ်မဖြစ်ခင်က ငါးပိရည်၊ တို့စရာနဲ့ ထမင်းလွေးခဲ့ရတာ။ အခုများတော့ ရပ်ကွက်လူကြီးဂုဏ်က လေးကတော့ရှိတော့ လာသမျှအလှူပစ္စည်း ခေါင်းခံကောက်ပေးနေရတော့ အူမလေး တောင့်နေတာ ပေါ့ဗျာ။
ဟုတ်သလားကွ။ ကမ္ဘာကတော့ မင်းတို့တွေ အဆင်မှပြေပါ့လေစ။ အစိုးရက အတားအဆီး လုပ်လို့ သနားအားကြီးပြီး မျက်ရည် ဘူးသီးလုံးလောက်ကျနေကြတာကွ။
ဟာဗျာ… အစိုးရကလူတွေကလည်း ပါးစပ်ကြီးနဲ့ဗျ။ သူတို့လိုသလောက်၊ ဗိုက်ဆာသလောက် တော့ စားပေဦးမပေါ့။ သူနဲ့ ကိုယ်နဲ့ ပလဲနံပသင့်ဖို့က အရေးကြီးတာဗျ။ လာလှူတဲ့သူတွေကလည်း တစ်သုတ်ပြီး တစ်သုတ်ဆိုတော့လည်း သူလည်း အဆင်ပြေ၊ ကိုယ်လည်း အဆင်ပြေလေးဖြစ်နေတာ ပေါ့ဗျာ။
ဟီး…ဟီး…ဟီး…
ဟော ကလေးလေးတစ်ယောက် မျက်ရည်ချောင်းပေါက်မတတ် ငိုနေပါပကောလား။ အင်း… သနားပါတယ်။ သွားမေးကြည့်ဦးမှ။
သားလေးရယ်… ဘာလို့များ ငိုနေရတာတုန်းကွ…
သားသား ဗိုက်ဆာလို့ပါဗျ။
သားသားမေမေက မကျွေးဘူးလားကွ။
ကျွေးပါတယ်ဗျာ။ အရင်အခေါက်က လာလှူတဲ့ပစ္စည်းရလို့ ကျွေးနိုင်ပေမယ့် အခုတော့ ဘာမှ မရှိလို့ မကျွေးနိုင်ဘူးဗျ။ ဟီး…ဟီး…ဟီး…
သားတို့စီက ရပ်ကွက်လူကြီးတွေစီကတစ်ဆင့် လှူတဲ့ပစ္စည်းတွေ ရောက်တယ်မဟုတ်လား။ ဘာလို့များ သားတို့က မရတာလဲ။
သူတို့က သူတို့ ဆွေမျိုးတွေကိုပဲ ပေးတာဗျ။ သွားပြောလဲ မရဘူး။ တိုင်လို့လည်း မရဘူးဗျ။ သူ တို့က စစ်သားတွေနဲ့ အဆင်ပြေနေတော့ ဘာမှ ပြောလဲမရဘူး။ တိုင်လဲ မရဘူးဗျ။ ဟီး…ဟီး…ဟီး….
ကောင်းလေစွ…ကောင်းလေစွ…
ဒါကြောင့် ဒင်းက နာဂစ်က ချစ်ဖို့ကောင်းလိုက်တာကိုလို့ ပြောတာကို။ တုံးလိုက်ပါပေ့ အသိ တော်ရယ်။ ဒီလောက်တောင် မစဉ်းစားနိုင်တော့ပါလား။ အင်း… ဖြစ်နိုင်လောက်ပါတယ်။ နာဂစ်မှာ အိမ်အမိုးလေးပါပြီးကတည်းက စိတ်က သိပ်ကောင်းတော့တာမှ မဟုတ်တာလားဗျ။
မီဒီယာသမားတွေကိုလည်း မေးကြည့်ချေဦးမှ။ သူတို့က ဘာလို့များ နာဂစ်ကို ချစ်စရာလေးလို့ ပြောတာတုန်းဆိုတာ။
ဟေ… အယ်ဒီတာကြီးရေ…ဘာလို့များ နာဂစ်က ချစ်ဖို့ကောင်းတာတုန်းဗျ။ ဟော… ခင်ဗျား မသိပါဘူး။ နာဂစ်တုန်းကလည်း ကျုပ်တို့နာမည်ရလိုက်တယ်လေဗျာ။ ဂျာနယ်စောင်ရေကလည်း တက်သွားလေတော့ အဲဒါမှ ချစ်ဖို့မကောင်းရင် ဘယ်ဟာကချစ်ဖို့ကောင်းမှာတုန်းဗျ။
ဟုတ်လားဗျ။ ဂျာနယ်စောင်ရေတက်တာကတော့ ထားလိုက်ပါတော့ဗျာ။ ဘယ်လိုများ နာမည် လိုက်ရတာတုန်းဗျ။ သိချင်စမ်းပါပေ့ဗျာ။ ဘယ်လိုတုန်းဆိုတာလေးပေါ့။
အင်းလေ။ သိချင်စပါ့ဆိုတော့ ပြောရပေအုန်းမပေါ့။ နေပါဦးဗျ။ ခင်ဗျားက ကျုပ်ကို အင်တာဗျူး နေတာတော့ မဟုတ်ပါဘူးနော်။ နောက်မို့ဆို သတင်းပွသွားရင် ကျုပ်တို့ ဂျာနယ်လေး နာမည်ပျက်ရ ချည်ရဲ့။
မဟုတ်ရပါဘူးဗျာ။ ကျုပ်က ဗဟုသုတအဖြစ်လေး သိချင်လို့ပါဗျ။
အင်း… ပြောမယ်ဗျာ။ ကျုပ်ကလည်း ပြောချင်နေတာ။ ရင်ဘက်ထဲ သိမ်းထားရတဲ့ ကျုပ်ရဲ့ ပျော်ရွှင်မှုလေးတွေပေါ့။ ဟားဟားဟား… ကျုပ်တို့ နာမည်ရတာက ဒီလိုဗျ။
ကျုပ်တို့ဂျာနယ်ကတစ်ဆင့် လှူဒါန်းနိုင်ပါတယ်ဆိုပြီးတော့ ဂျာနယ်ထဲ ထည့်လိုက်တယ်ဗျာ။ လူတွေက သယ်ယူစရိတ်ကြီးတော့ သူတို့လှူချင်တာလေးတွေကို လာပို့သဗျာ။ ကျုပ်တို့ကလည်း ဂျာ နယ်က ကားစိုက်၊ တခါတလေတော့ ကိုယ်က လှူသလိုလိုနဲ့ လှူဖို့ပေးထားတဲ့ပစ္စည်းလေးတွေ တခြား အဖွဲ့အစည်းတွေ၊ NGO တွေကိုပေးလိုက်တော့ နှစ်ခါတောင် နာမည်ရသဗျာ။ ကိုယ်ကိုယ်တိုင် ကားနဲ့ လှူတာကတော့ ပိုနာမည်ရတာပေါ့ဗျ။ ကားမှာ ဂျာနယ်တံဆိပ်ကြီးတပ်လို့။ ကြော်ငြာစရိတ်တောင် သက်သာသေးဗျာ။ ကဲ… ဘယ်လောက်တောင်ကောင်းလိုက်တဲ့ နာဂစ်လဲ။ ကျုပ်တို့နာမည်ရဖို့ကို သူက ဖြည့်ဆည်းပေးလိုက်တာပဲဗျာ။
ဟိတ်… နေပါဦး။ ဒါကို လျှောက်တော့မပြောနဲ့နော်။
ဟုတ်ကဲ့ပါဗျ။ မပြောပါဘူး။ ဒါပေမဲ့ မီဒီယာသမားတွေက ဒီလိုချည်းပဲလားဗျ။
အင်း… အဲဒီလိုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း သူလည်း အဆင်ပြေ၊ ကိုယ်လည်း အဆင် ပြေလေးတွေတော့ လုပ်တာပေါ့ဗျာ။
ကဲ… ကောင်းကြသေးရဲ့လား အရပ်ကတို့လို့သာ ဟဲဗီးမက်တယ်သံနဲ့ ကြုံးအော်လိုက်ချင် တော့တယ်။ နာဂစ်ချစ်သူများအဖွဲ့လေးဖွဲ့လို့ နှစ်ပတ်လည်တောင် ကျင်းပပေးရလိုပါပဲလားဗျာ။ သံဝေ ဂရမိတယ်သဗျို့။
မာဃဒေ၀ကျမ်းကလို တစ်ယောက်ကောင်းဖို့ တစ်ယောက် ခံရစမြဲဆိုတာထက် အခုများ ပြန်ပြောင်းရေးလိုက်ချင်တာကတော့ တစ်ယောက်ကောင်းဖို့ အများခံရပါလားဆိုပြီးတော့ပေါ့ဗျာ။
ထက်ညီ
Thursday, 11 September 2008
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment