Monday 1 September 2008

ဦးကြည်ဝင်း ဆိုတာ ဘာလဲ ဘယ်သူလဲ

၁- ဦးကြည်ဝင်းသည် လွန်ခဲ့သော အနှစ် ၂၀ ခန့်..ဦးဝင်းတင် အမူတွဲတွင်..အစိုးရ ရှေ့နေ ( စွဲချ) အဖြစ် တာဝန် ယူခဲ့ဘူးသည်။ ( အတည်ပြုရန်- နံမယ်တူ များ ရှိနိုင်)


၂- ဒေါ်စု အမွေမူ ကိစ္စတွင်..ဦးကြည်ဝင်းဖက်မှ..စတင်ကမ်းလှမ်းခဲ့။ ဒေါ်စုဖက်မှ..လက်ခံခဲ့။ တခြားသော အုပ်စု တချို့မှ..ဦးကြည်ဝင်းအမူ ချဉ်းကပ်ပုံကို၊ သဘောမတူခဲ့။ ဖြစ်သင့်သည်မှာ- ဒေါ်စုဖက်မှ- အောင်ဆန်းဦးအားလည်း..အမွေဆိုင်အဖြစ်လက်ခံ ကြောင်း၊ သဘောထား၍၊ အမွေလက်ရောက်မူ ( အောင်ဆန်းဦး -နိုင်ငံသား မဟုတ်ခြင်း) ကို..တပိုင်းထား ပါက.. ဒေါ်အောင်ဆန်းစုကြည်အတွက် ပိုမိုသိက္ခာ တက်စရာ၊ ရှိသည်ဟု ပြောဆိုခဲ့ကြ သော်လည်း၊ ဦးကြည်ဝင်းမှ တိုက်ရိုက်လိုင်းဖြစ်သော၊ အောင်ဆန်းဦး သည် နိုင်ငံသားမဖြစ်သောကြောင့်..အမွေဆက်ခံခွင့်မရှိ ဆိုသော လိုင်းကိုတင်ခဲ့သည်။ ဒေါ်စု က.. နစ်နာခဲ့သည်ဟု ထင်မြင်ကြသည်။


၃- ပထမဆုံးအကြိမ်တွေ့စဉ်က..ဒေါ်အောင်ဆန်းစုကြည်မှ..မေးမြန်းချက်များကို..ဦးကြည်ဝင်းဖက်မှ၊ ပြန်လည်ဖတ်ရှုပါဦးမည်ဟု..ဆိုကာ ပြန်လာခဲ့ခြင်းသည်၊ ဦးကြည်ဝင်း၏၊ ပညာရပ်အပေါ် ကျွမ်းကျင်ကိုင်တွယ်မူ၊ ရိုးသားမူ အား ဆန်းစစ်စရာ ဖြစ်၏။

၎- ဦးကြည်ဝင်း နှင့် အတူ ရှေ့နေ အဖွဲ့ရှိသော်လည်း..အဘယ်ကြော်င့်ဦးကြည်ဝင်းတယောက်တည်း၊ ၀င်ခွင့်ပြုခဲ့သနည်း၊


၅- လွန်ခဲ့သော ၅ နှစ်ကာ လ အတွင်း၊ ရှားပါးစွာ သာ တွေ့ခွင့်ရှိသော်လည်း..ယခုလပိုင်း မှ..အဘယ်ကြောင့်..၃ ကြိမ် ..တောင်းဆိုသည့်အတိုင်း တွေ့ခွင့်ရနေသ နည်း၊

၆- ဒေါ်အောင်ဆန်းစုကြည်မှ.. အဘယ်ကြောင့်.. ဦးကြည်ဝင်းနှင့်တွေ့ချိန်ကို၊ စာရွက်စာတမ်းကိစ္စများ.. မပြီးပြတ်ပဲလျက်၊ မိနစ် ၃၀ သာ ပိုင်းဖြတ် လိုက်သနည်း။ ( သူမ -အခြေအနေကို ရိပ်မိကာ မကျေနပ် ၍ လား၊ သူမကိုယ်တိုင်..စိတ်အခြေအနေ( ကျန်းမာရေး) ပုံမှန် မရှိ ၍ လား)

၇- အစ ပိုင်း တွင်၊ အယူခံလွှာ အား၊ ဦးဥာဏ်ဝင်း နှင့် ဦးကြည်ဝင်း ပေါင်းရေး သည်ဟု ဆို သော် လည်း၊ နောက်ပိုင်း တွင်..ဦးဥာဏ်ဝင်း ကွင်း ဆက် ပြတ် နေခြင်း။

ချုပ်၍ ဆိုရ သော်- ဒေါ် အောင်ဆန်းစု ကြည် ၏ ဆက်သွယ်ရေး လမ်းကြောင်း များ အပါအ၀င်၊ နေထိုင် ရပ်တည် စားသောက် ရေး အားလုံး သည်၊ လုံးဝ စိတ်မချ ရ သော အနေအထား တွင် ရှိ နေသည် ဟု ယူဆ မိပါသည်။

1 comment :

Unknown said...

hello ko moe thee,
you are right,U KYI WIN is a STATE PROSECUTOR in U WIN TIN case,and also U NYN WIN is a state prosecutor.i want to know why daw aung san su kyi belive them.
this is true,somebody should do something.

hta2