Sunday 26 October 2008

ရောင်းစားကုန်ပြီ

ရန်ကုန်
နိင်ငံတကာ ငွေကြေးအကြပ်ရိုက်မှု ဂယက်က မြန်မာ ပြည်ကိုသိသိသာသာရိုက်ခတ်လာနေပါတယ်။ မြန်မာ့ စီးပွားရေးတဟုန်ထိုးကျဆင်းနေပါတယ်။ နအဖကတော့သွပ်မိုးခွာ အိမ်တိုင်ကိုချွတ်ရောင်းစားနေရပုံရပါတယ်။ တိုင်ပြည်ပိုင်တဲ့ မြေကွက်တွေနဲ့ ကားတွေကိုရောင်းစားနေရပါတယ်။ ရောင်းစားနေတဲ့မြေကွက်တွေကတော့ မြန်မာ့အသံ၊ စက်မှု -၁ - ရုံးမြေနေရာ၊ ၀င်ဒါမီယာထဲက ယခင်ဝန်ကြီးတွေပိုင် အိမ်များ၊ ပြည်တောင်စုရိပ်သာ ထဲက မြေနေရာများ ပါဝင်ပါတယ်။ ကားအစီး ၃၀၀၀ ခန့် ကိုလည်းရောင်းချဖို့ အစီအစဉ်ရှိတယ်။ ကားတွေထဲမှာ ပါဂျရိုး၊ဆာဖ်၊ ပရာဒိုနဲ့ လင်ခရုဇာကားတွေလည်းပါဝင်တယ်လို့ သိရတယ်။ နအဖ ကတော့ ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာဖြစ်ပေါ်လာရေးလို့  ၀ါဒဖြန့် ကြွေးကြော်နေပေမဲ့ ဈေးကွက်က ပုံမှန်မဟုတ်ပဲပျက်စီးနေပါတယ်။ လူတွေက ဇီးကွက်စီးပွားရေးစနစ်လို့ ပြောင်လှောင်ခေါ်နေကြပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ဈေးကွက်က ညဖက်ကျမှ အသက်ဝင်လို့ လို့ သိရပါတယ်။ ညဖက်ကျမှပါမစ်တွေ၊လေလံတွေကို ၀န်ကြီးတွေ အာဏာပိုင်တွေရဲ့ အိမ်ကိုသွားပြီး လာဘ်ထိုးပြီးဝယ်ကြရလို့ ဆိုပါတယ်။
Rest of your post

No comments :