Sunday 26 October 2008

ရန်ကုန်မြစ်တွင်း ဒုတိယကမ္ဘာစစ်အတွင်းကသင်္ဘောများတွေ့ရှိ။


မိုးဆွေ
ဆိုင်ကလုံးနာဂစ်ကြောင့် နစ်မြုပ်သွားတဲ့ဘင်္ဘောတွေကို ဂျပန်နဲ့မြန်မာ ကျွမ်းကျင်သူအဖွဲ့များပူးပေါင်းပြီး ရန်ကုန်မြစ်တွင်းပြန်လည်ဆယ်ယူခဲ့ရာမှာ ဒုတိယကမ္ဘာစစ်အတွင်းကပျက်စီးနစ်မြုပ်ခဲ့တဲ့ သင်္ဘောတချို့ကိုပါ ရှာဖွေတွေ့ရှိခဲ့ ရတယ်လို့ အပတ်စဉ်ထုတ် FlowerNews ဂျာနယ်မှာ တနင်္ဂနွေနေ့ကဖေါ်ပြထားတယ်လို့ စင်ဝါသတင်းဌာနက ထုတ်ပြန်လိုက်ပါတယ်။ ဒီစစ္သေဘာၤေတြက
သမိုင်းဆိုင်ရာ
အချက်အလက်တွေကို မှတ်တမ်းတင်နိင်ရင်အကျိုးရှိမှာဖြစ်ပါတယ်။ ဒါပေမဲ့  ညဏ်နည်းလှတဲ့ စစ်အစိုးရကတော့ သံတိုသံစ လောက်သာရောင်းစားတတ်ကြပေတော့ ဒီစစ်သင်္ဘောတွေဟာ ဇွန်းတွေ ကလစ်တွေ နဖါကလော်လောက်နဲ့  သမိုင်းနိဂုံးချုပ်သွားမှာကိုတော့ စိုးရိမ်စရာကောင်းလှပါတယ်။
အခုရှာဖွေတွေ့ရှိတဲ့စစ်အတွင်းကသင်္ဘောတွေဟာဘယ်လိုသင်္ဘောအမျိုးအစားဆိုတာအတိအကျမပြောနိုင်ပေမဲ့ သင်္ဘောတွေရဲ့ပျက်စီးပုံကိုကြည့်ပြီး စစ်အတွင်းကပျက်စီးခဲ့တာလို့ကျွမ်းကျင်သူများက ခန့်မှန်းခဲ့တာဖြစ်ပါတယ်။ နာဂစ်မုန်တိုင်းအတွင်း ရန်ကုန်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ စက်တပ်ရေယာဉ်အစီး၂၀၀ ပျောက်ဆုံး သွားခဲ့ပါတယ်။ အခုသင်္ဘောတွေကိုပြန်လည်ဆယ်ယူဖို့ကြိုးပမ်းရာမှာနစ်မြုပ်ခဲ့တယ်ဆိုတဲ့ အရေအတွက်ထက် ပိုများတဲ့သင်္ဘောတွေကိုတွေ့ရှိခဲ့ရာက စစ်အတွင်းကပျက်စီးဆုံးရှုံးခဲ့တဲ့သင်္ဘောတွေကိုဖေါ်ထုတ်နိုင်ခဲ့တာပါ။

ဆိုင်ကလုံးကြောင့် နစ်မြုပ်ခဲ့တဲ့အစိုးရပိုင် သင်္ဘောအစီး၄၀ အနက် အစီး၃၀ ကိုပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး ကျန်ရှိနေတဲ့ ၁၀စီးနဲ့ထပ်မံတွေ့ရှိရတဲ့ ဒုတိယကမ္ဘာစစ်အတွင်းကသဘောင်္တွေကိုတော့ မကြာမှီ ဆယ်ယူနိုင်မယ် လို့ဆိုပါတယ်။ တာဝန်ရှိသူတွေက ရန်ကုန်ဆိပ်ခံဗောတံတားကို မုန်တိုင်းပြီးလျှင်ပြီးခြင်း ချက်ချင်းဆိုသလိုပြန် လည်ပြုပြင်ခဲ့ပြီး တခြားဒေသတွေက ကုန်စည်သင်္ဘောတွေကို ပုံမှန်ဆိုက်ကပ်စေခဲ့ပါတယ်။မြန်မာ့ရေကြောင်း ပို့ဆောင်ရေးဌာနပိုင် ရန်ကုန်မြစ်တွင်းသွားသင်္ဘောအစီး၁၀၀ကို နောက်ထပ်နာဂစ်လိုမုန်တိုင်း မျိုး ဖြစ်လာခဲ့ရင် အမြန်ဆုံးနေရာမုန်တိုင်းဘေးလွတ်ရာကိုရွေ့ပြောင်းနိုင်အောင် စီစဉ်ထားတယ်လို့လည်းပြောကြားပါတယ်။

ပြီးခဲ့တဲ့ မေလ၂ရက်နဲ့၃ရက်က အင်အားပြင်းလှတဲ့နာဂစ်မုန်တိုင်းဟာ ရန်ကုန်တိုင်းအပါအဝင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ် နဲ့ ကရင်ပြည်နယ်တို့ကိုတိုက်ခတ်ခဲ့ပြီး ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတွေဟာ အဆိုးဝါးဆုံး ပျက်စီးခဲ့ရပါတယ်။

Sources: Xinhua
Date : 26 October 2008


No comments :