Sunday, 19 October 2008

ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲမှုထပ်မံ ဖြစ်ပွား။

စိုးသင့်ဆွေ
ရန်ကုန်မြို့မှာ စနေနေ့က ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ APသတင်းမှာဖေါ်ပြထားပါတယ်။ ပေါက်ကွဲမှုဟာ ရန်ကုန်မြို့ ဆင်ဖြေဖုံးရပ်ကွက်တခုရဲ့ ဘောလုံးကွင်းနားမှာ ပေါက်ကွဲ
ခဲ့တာလို့ဆိုပါတယ်။ ပထမတစ်လုံးပေါက်ကွဲမှုဖြစ်ပြီးနောက် ဒုတိယတစ်လုံးကိုလည်း အဲဒီနေရာမှာပဲတွေ့ရှိပြီးဖျက်ဆီးခဲ့ရပါတယ်။ ပေါက်ကွဲမှုနဲ့ ပတ်သက်၍အသေအပျောက်မရှိခဲ့ဘူးလို့ အမည်မဖေါ်လိုတဲ့ တာဝန်ရှိသူက သတင်းထောက်ကိုပြောပြခဲ့ပါတယ်။ လွန်ခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း ရန်ကုန်မြို့မှာ ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးခုနောက်ဆုံးပေါက်ကွဲမှုပါနဲ့ဆိုရင်နှစ်လအတွင်းမှာသုံးကြိမ်မြောက်ပေါက်ကွဲခဲ့တာပါ။ (အတည်မပြုနိုင်သေးတဲ့ ရန်ကုန်ကပြောပြချက်တွေအရ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် ဘောက်ထော် တပ်မတော် မှတ်တမ်းရုံး ရှေ့ရှိ ဘော်လုံးကွင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာလို့ပြောဆိုနေကြပါတယ်။)


ဗုံးကွဲတယ်လို့ လုပ်ပြန်ပြီ။ ဘယ်သူကိုစွပ်စွဲဦးမလဲမသိဘူး။ ကံကောင်းတာကတော့ လူတွေံ ဒဏ်ရာမရကျဘူးလို့ ဆိုတယ်။ ဒုတိယ ဗုံးက မကွဲဘူး လို့ လည်းပြောတယ်။ မကွဲဘူးလို့ ဆိုတယ်။ ဗုံးက ဘောက်ထော် မှတ်တမ်းရုံးနားမှာ တွေ့ တာလို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။လူစည်းကားတဲ့နေရာတွေမှာ

ဆက်တိုက်ဆိုသလိုဖြစ်နေတာတွေကတော့ ဒီမိုကရေစီအင်အားစုတွေမဖြစ်နိင်ပါ။ နအဖ ပဲဖြစ်ပါလိမ့်မယ်။ လူတွေကိုကြောက်လှန့် နေအောင်လုပ်ပြီး အာဏာကိုရေရည် ထိမ်းထားနိင်ဖို့ ကြံနေတာပါ။


No comments :