
သူက အိုဘားမား ရွေးကောက်ပွဲမှာနိင်ရင်တော့ ကမ္ဘာကြီးမှာ တကယ်ကို အပြောင်းအလဲပဲလို့ ဟောကိန်းထုတ်ပါတယ်။ အိုဘားမားဟာ ငယ်တယ်။ မျိုးဆက်သစ်ဖြစ်တယ်။ ပြောင်းလဲမှုရဲ့  သင်္ကေတလည်းဖြစ်တယ်။ ကျနော်အိုဘားမားကိုမဲပေးမယ်လို့ ဆိုပါတယ်။
ပေါဝဲလ် က သမတဂျော့ဘုရ် ရဲ့ အီရတ်စစ်ပွဲနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုရှိခဲ့တယ်။ ဒါကြောင့်သူက အတွင်းရေးမှု ( ၀န်ကြီးချုပ် ရာထူးနဲ့ ညီတဲ့ ) နေရာက နှုတ်ထွတ်ခဲ့ပါတယ်။ သူဟာ ရီပတ်ပလင်ကန် ပါတီဝင်တဦးပါ။ ဒါပေမဲ့ မဲပေးတဲ့ါအခါမှာတော့ ဒီမိုကရက်တစ်သမတလောင်း အိုဘားမားကိုမဲပေးမယ်လို့ ဆိုပါတယ်။ ဒါကတော့ အမေရိကန်နိင်ငံရေးမှာ ကောင်းကွက်တခုဖြစ်ပါတယ်။ သူတို့ ဟာ ပါတီမတူပေမဲ့  ကိုယ်အမြင်ကို လွတ်လွတ်လပ်လပ် ထုတ်ဖေါ်လေ့ ရှိကြပါတယ်။ ပါတီစွဲမထားကြပါဘူး။ ကောလင်းပေါဝဲလ် ကလည်း လူမဲတဦးဖြစ်ပြီး လူမဲထဲက ပထမဆုံး စစ်ဦးစီချုပ်ဖြစ်လာသူဖြစ်တယ်။ သူကို သမတ အဖြစ်ဝင်ရောက်အရွေးခံဖို့  တိုက်တွန်းခံရသူလည်းဖြစ်ပါတယ်။ ဒီတုံးကသူကငြင်းဆန်ခဲ့ပါတယ်။ - Sorcre: Yahoo
No comments :
Post a Comment