Wednesday, 22 October 2008

ထူးကုမ္ပဏီကားများကြောင့် ကရင်နီပြည်ရှိ လမ်းများပျက်စီးကြောင်း ဒေသခံများပြော


သတင်း - ကန္တာရဝတီတိုင်း(မ်)

ကျွန်းသစ်များ အလွန်အကျူး တင်ထားသော ထူးကုမ္ပဏီမှ ကုန်တင်ကားကြီးများသည် ကရင်နီ ပြည်နယ်တွင်းရှိ လမ်းမများကို ပျက်စီးစေသည် သာမက လူနာတင်ကား စသည့် အရေးပေါ်ယာဉ်ငယ်များ အတွက် အခက်အခဲများ ဖြစ်ပေါ်စေသည်ဟု ဒေသခံများက ဆိုသည်။မိုးရေကြောင့် နူးနေသော ကရင်နီပြည် တောင်ပိုင်း မော်ချီးမြို့မှ ကရင်နီပြည် မြောက်ပိုင်း လွိုင်ကော်သို့ သွားသော လမ်းမကြီးသည် ထူးကုမ္ပဏီမှ လော်ရီကားကြီးများကြောင့် လုံးလုံးလျားလျား ပျက်စီးခဲ့ရပြီး တခါမှ ပြုပြင်ထိန်းသိမ်းခြင်းမရှိကြောင်း ဒေသခံမျက်မြင်တဦးက ပြောပြသည်။

လမ်းတွေကို မပြင်ဘူးလေ တချို့အပိုင်းတွေမှာဆို လော်ရီကားကြီးတွေ တခါဖြတ်နိုင်ရုံလေး ကျောက်ခဲတွေ ဖြည့်ထားတာမျိုးရှိတယ် အဲဒါမျိုးက အရေးကြီးတဲ့ လူနာတင်ကားတွေအတွက် ခက်တယ်ဒဒ ဟု ¤ကပြောသည်။
လွိုင်ကော် အခြေစိုက် ကက်သလစ် ဘုန်းတော်ကြီးတပါးက ဓ ဒါက ဒေသခံလူတွေအတွက် ရေရှည်မကောင်းဘူး၊ အထူးသဖြင့် သူတို့ရဲ့စီးပွါးရေးပေါ့၊ တချို့ဆို ကုန်တင်ကားကြီးတွေ ကျွန်းသစ်တွေတင်ပြီး လမ်းတွေကို ဖျက်စီးသွားတာ မြင်ပြီး မျက်ရည်တောင်ကျတယ်၊ လမ်းက ပြင်လို့ မရတော့လောက်အောင် ပျက်စီးနေပြီလေဒဒ ဟုပြောသည်။
အဆိုပါ ဘုန်းတော်ကြီးကပင် ကရင်နီပြည်တွင်းမှ ကျွန်းသစ်များကို တန်ပေါင်းထောင်ချီခုတ်လှဲပြီး ရန်ကုန်နှင့် ပြည်ပသို့တင်ပို့ရန် လွိုင်ကော်မြို့ပေါ်တွင် စုပုံထားကြောင်း ပြောသည်။ထိုကဲ့သို့ လုပ်ဆောင်ခြင်းသည် ကုမ္ပဏီကိုသာ အကျိုးကျေးဇူးဖြစ်ထွန်းစေပြီး ဒေသနှင့် ပတ်ဝန်းကျင်ကို ဆိုးကျိုးများသာ ဖြစ်စေသည်ဟု ဆိုသည်။ကရင်နီပြည်တွင်း၌ အစိုးရက လမ်းပြုပြင်ခြင်းမရှိဘဲ ထူးကုမ္ပဏီမှ ယခုကဲ့သို့ ဒေသတွင်းရောက်ရှိလာကာ သစ်ထုတ်လုပ်သည့်အတွက်ကြောင့် လမ်းများက ယခင်ကထက် ပိုမိုဆိုးလာခြင်းဖြစ်သည်ဟု လွိုင်ကော်ဒေသခံတဦးက ဆက်လက်ပြောပြသည်။သူမက အစိုးရက ပျက်စီးယိုယွင်းနေတဲ့ လမ်းတွေကို ဘာကြောင့် မပြင်တာလည်းဆိုတာ ကျမနားမလည်ဘူး၊ ဒါပေမဲ့ သူတို့က နာမည်မျိုးစုံတပ်ပြီး အခွန်အတုပ်တွေ ကောက်နေသေးတယ် ဟု ဆိုသည်။
ထူးထရေးဒင်း ကုမ္ပဏီ ကို ဦးတေဇ က ပိုင်ဆိုင်သည်။


No comments :