Wednesday, 22 October 2008

ရေနံဈေးကျ၊ ရွေဈေးကျ


အမေရိကန် စတော့ ဈေးကွက်ကျဆင်းမှုကြောင့် ဈေးကွက်အားလုံးကို ဂယက်ရိုက်ခတ်ခဲ့တယ်။ အမေရိကန် အစိုးရ နှင့် ဥရောပအစိုးရတို့ မှာ ဘဏ်ရေးပြုပြင်ပြောင်းလဲမှုများ၊ ငွေကြေးထောက်ပံမှုများပြုလုပ်ခဲ့သော်လည်း ဈေးကွက်အတွင်း စိုးရိမ်မှုများက တိုးတက်လျက်ရှိနေသေးတယ်။ ဒါကြောင် ဈေးကွက်တွင်အမြဲတန်း ထိပ်ဆုံးမှနေရာယူခဲ့တဲ့ ရွေဈေးနဲ့ ရေနံဈေး သည်ပင် ကျဆင်းလာပါတယ်။

ရေနံဈေးက တစည်ကို ၇၁ ဒသမ ၈၀ ဖြစ်လာတယ်။ အရင်က တစည်ကို ဒေါ်လာ ၁၄၀ ဒေါ်လာနီးပါးအထိဖြစ်ခဲ့တယ်။ ရွေက တအောင်စကို အမေရိကန်ဒေါ်လာ ၇၈၇ ဒသမ ၇၀ ဒေါ်လာဖြစ်လာတာကိုတွေ့ ရတယ်။ မြန်မာပြည်မှာ အိမ်ဈေးတွေ တန်ဖိုးကျဆင်းလာ နိင်ပါတယ်။ မြန်မာပြည်က အိမ်ဈေးက ၀ယ်လိုအားမရှိပဲ ဈေးနှုန်းဖေါင်းပွနေတာကြာပါပြီ။ အဓိကဈေးနှုန်းဖေါင်းပွရတဲ့အကြောင်းတွေကတော့
၁- နအဖ ငွေစက္ကူကိုအယုံအကြည်မရှိမှုကြောင့်
ပိုက်ဆံရှိတဲ့ သူတွေက အိမ်တွေကို ပဲဝယ်ထားတယ်။
၂- ခွန်ဆာ၊ ရလလဖ၊ ကေအိုင်အို၊ ၀ အဖွဲ့  ၊ ကိုးကန့် အဖွဲ့  စတဲ့ တိုင်းရင်းသားအပြစ်ခတ်ရပ်ဆဲရေးလုပ်ထားတဲ့အဖွဲ့ တွေ ထဲမှာ က မူးယစ်ဆေးဝါးရောင်းဝယ်မှုကရတဲ့ငွေမဲတွေကို အိမ်ယာမြေတွေကိုဝယ်ပြီး ငွေမဲကိုငွေဖြူလျော ကြတဲ့အတွက် အိမ်ဈေး အဆမတန်တက်လာတယ်။
၃- နိင်ငံခြားရောက်မြန်မာများက လည်း မြန်မာ များကလည်း နိင်ငံခြားမှာ ကျွန်လိုလုပ်ပြီး ရတဲ့ဒေါ်လာငွေနဲ့ မြန်မာပြည်မှာ အိမ်တွေကို ၀ယ်ကြတယ်။ ဒီတော့ အိမ်ဈေးတွေက ထိုးတက်လာခြင်းဖြစ်တယ်။ အိမ်ဈေးကွက် ဗူစီပေါင်း ( Bubble ) ဖြစ်လာတယ်။
အိမ်ဈေးတွေက အဆမတန်တက်နေတဲ့ ၀ယ်လက်က မရှိဘူးဖြစ်နေတယ်။






Rest of your post


2 comments :

winlatt said...

၃- နိင်ငံခြားရောက်မြန်မာများက လည်း မြန်မာ များကလည်း(နှစ်ခါထပ်ရေးထားတယ်..ရေးချင်ဇော သိပ်များပုံရတယ်)နိင်ငံခြားမှာ ကျွန်လိုလုပ်ပြီး ရတဲ့ဒေါ်လာငွေနဲ့ မြန်မာပြည်မှာ အိမ်တွေကို ၀ယ်ကြတယ်။ ဒီတော့ အိမ်ဈေးတွေက ထိုးတက်လာခြင်းဖြစ်တယ်။ အိမ်ဈေးကွက် ဗူစီပေါင်း ( Bubble ) ဖြစ်လာတယ်။
အိမ်ဈေးတွေက အဆမတန်တက်နေတဲ့ ၀ယ်လက်က မရှိဘူးဖြစ်နေတယ်။
........ဆိုတဲ့ စာသားဟာ ကျွန်တော်ဖတ်ဖြစ်တာ ဒါဆို ဒုတိယအကြိမ်ဘဲ...ခင်ဗျားသေသေချာချာ စဉ်းစားပြီးပြောတာ..သုံးသပ်ပြတာဆိုရင် ခင်ဗျားရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို ဘာမှ မတုံ့ပြန်လိုပါဘူး..ခင်ဗျားသိအောင်ပြောရရင်
၁) နိုင်ငံခြားကို ဘာကြောင့်ထွက် အလုပ်လုပ်ကြရတယ်ဆိုတာ အားလုံးသိပြီးသားကိစ္စပါ...။
၂) အလုပ်ဟူသမျှဂုဏ်ရှိစွ ဆိုတဲ့စကားဟာ ခင်ဗျားနဲ့ကျမှ ကျွန်ဘ၀ရောက်တော့တယ်...အားပေးမှု မလုပ်ဘဲ ရှုံ့ချချင်စိတ်ရှိတာဖေါ်ပြနေတာဘဲ..
၃) နိုင်ငံကြီး လွတ်လပ်ဖို့ ဒီမိုကရေစီရဖို့ ကြီုးစားနေကြသူတွေထဲမှာ ခင်ဗျားတို့က ဦးဆောင်သူတွေပါ..စိတ်ထားလေး ပြင်လိုက်စေချင်တယ်...။
၎) ခင်ဗျားတောင် မြန်မာပြည်ကနေခိုးထွက်..နိုင်ငံခြားမှာပညာသင်...ကြာရှည်နေခွင့်ရဖို့ နည်းလမ်းရှာ..ဒီမိုကရေစီအေ၇းကို ခုတုံးလုပ်..သူများနှာခေါင်းပေါက်နဲ့အသက်ရှူ..အဲဒီလိုမျိုးထက်စာရင် ကိုယ်ခွန်ကိုယ့်အားနဲ့ နိုင်ငံခြားထွက် အလုပ်လုပ်သူတွေကို နိုမ့်ချ မပြောဆိုသင့်ပါဘူး...။
၅) နိုင်ငံခြားထွက် အလုပ်လုပ်ပေမဲ့ ကိုယ့်နိုင်ငံအတွက် ပြန်ကြည့် နေကြတယ်ဆိုတာ နာဂစ်ရေဘေး ကိစ္စကို ကြည့်ရင် သိနိုင်ပါတယ်...
၆)နိုင်ငံခြားရောက်နေပေမဲ့ ကိုယ်ကျိုးကိုယ်စီးပွားတစ်ခုထဲကိုဘဲ ကြည့်တတ်ကြတဲ့အထဲမှာ မြန်မာ လူမျိုးဟာ ရာခိုင်နှုန်း အနည်းငယ်ဘဲ ပါပါလိမ့်မယ်...
ရ) အရာအားလုံးကို သိမ်းကျုံး အပြစ်ပြောဝေဖန်သလိုမျိုးဆိုရင် ကိုယ့်တန်ဘိုးကို ကိုယ်တိုင် တန်ဘိုးဖြတ်တာဖြစ်လိမ့်မယ်...။
၈) ဟိုတုန်းက လူ့ဘောင်သစ် ပါတီမှာ ခင်ဗျားရဲ့ရာဇ၀င်ကောက်ကြောင်းကို ပြန်စဉ်းစားရင် ပါတီဝင်တစ်ချို့ရဲ့သဘောထားတွေကို စာမျက်နှာဟောင်း ပြန်လှန်ရလိမ့်မယ်...။
၁၀) ဘာဘဲဖြစ်ဖြစ်လေ...အခု ခင်ဗျားတင်တဲ့ ဆောင်းပါးပါ တတိယ အချက်ကိုတော့ ကျွန်တော်အပါအ၀င် နိုင်ငံခြားမှာ အလုပ်လာလုပ်ကြတဲ့ မြန်မာနိုင်ငံသားမှန်သမျှကတော့ သဘောကျ ကျေနပ်ကြမှာမဟုတ်ဘူးလို့ တစ်ထစ်ချ ပြော၇ဲတယ်...
ကျွန်တော်ရတဲ့ အချိန်လေးမှာေ၇းလိုက်ရလို့ ပြည့်ပြည့်စုံစုံမဟုတ်ပေမဲ့ ပြောချင်တာတွေကို ပြောလိုက်ရတော့နိုင်ငံခြားရောက် မြန်မာအလုပ်သမား တွေ၇ဲ့ ကိုယ်စား ကျေနပ်မိပါတယ်...
နိုင်ငံအတွက် အသက်စွန့်တော်လှန်နေကြသူတွေထဲမှာ... ဒီမိုကရေစီသူရဲကောင်းတွေထဲမှာ ခင်ဗျားနာမည် ရှေ့ဆုံးက ကဗျဉ်းထိုးလိုက်စမ်းပါ...
ကျေးဇူးပါ....

Burma Image said...

Hi,

Please check the news at myanmar times http://www.myanmar.mmtimes.com/2008/news/384/n024.htm and decide for yourself that it is worst than working in your own country exact for the money. Not that I don't feel sorry for these people but seem like they are treated like a slave.

I don't know Ko Moe Thee, but I knew he was a student fighter in 20 years ago and he is still fighting for Burma today. This tell me his character and commitment to his country. You and me can't do that much and that long.

I do not think he looked down upon people who are working like hell and making end-meet. In fact he is working hard to make better life for them. Don't you see and understand?

YNO