Monday, 27 October 2008

အင်စိန်ထောင်ထဲမှာ အစာငတ်ခံဆန္ဒပြ ပွဲ



အင်စိန်ထောင်ထဲမှာ နိင်ငံရေးအကျဉ်းသား နစ်ဦး အစာငတ်ခံဆန္ဒပြနေပါတယ်။ သူတို့ ကတော့ ဝေလွင်မျိုး နဲ့  ဦးဇင်း အရှင် စန္ဒ မာဂ ဖြစ်ပါတယ်။ သူတို့ တောင်းဆိုချက်တွေကတော့ နိင်ငံရေးအကျဉ်းသားတွေကို လူလို ဆက်ဆံဖို့  ( လူအခွင့်အရေး ) နဲ့  နိင်ငံရေးအကျဉ်းသားတွေရဲ့ လုံခြုံရေးကို အာမခံဖို့ ဖြစ်ပါတယ်။ အကျဉ်းထောင်ထဲမှာ နိင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ရိုက်နက်မှုတွေ ငြင်းပန်းမှုတွေ ရှိနေတယ်လို့ သိရတယ်။
မောင်ဝိတ်ရဲ့ နောက်လိုက်တွေကလည်း အာဏာပိုင်နဲ့ ပေါင်းပြီး နိင်ငံရေးအကျဉ်းသားတွေကို အနိင်ကျင့်မှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။ အစာငတ်ခံဆန္ဒပြနေတဲ့ နိင်ငံရေးအကျဉ်းသားနစ်ဦး ကို အာဏာပိုင်တွေက ရိုက်နက်ပြီး စစ်ခွေးတိုက်ကိုခေါ်သွားတယ်လို့ သိရပါတယ်။ စစ်ခွေးတိုက်ဆိုတာကတော့ထောင်ထဲမှာ အလွန်ကျဉ်းမြောင်းပြီး မှောင်မဲ နံစော်နေတဲ့ အခန်းလေးတွေဖြစ်ပါတယ်။ နိင်ငံရေးအကျဉ်းသားနစ်ဦးကတော့ လွန်ခဲ့တဲ့ သံဃာလှုပ်ရှားမှု ဖြစ်ပွားစဉ်က အဖမ်းခံရတဲ့သူများဖြစ်ပါတယ်။ သူတို့ တောင်းဆိုချက်တွေကိုမရမခြင်း ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ သိရပါတယ်။ ဒီသတင်းကို ဆက်လက်ဖြန့် ဝေပေးကြပါရန်မေတ္တာရပ်ခံပါတယ်။

No comments :