Monday, 13 October 2008
ပေါလ်ခရုမန် - စီးပွားရေးဆိုင်ရာနိုဘယ်ဆုရရှိ
အမေရိကန် ဘဏ်ရေးအကြပ်ဆိုက်နေချိန်မှာ ပဲ အမေရိကန်လူမျိုး စီးပွားရေးပညာရှင် ပေါလ် ကရုမန်း - Pall Krugman က စီးပွားရေးဆိုင်ရာ နိုဘယ်ဆုကိုချီးမြင့်ခံခဲ့ရပါတယ်။ သူက
ပရင်စတန်တက္ကသိုလ်က ပါမောက္ခတယောက်ဖြစ်သလို့နယူးယောက်တိုင်းသတင်းစားမှာလည်း ပင်တိုင်ဆောင်းပါးရှင်တဦးဖြစ်ပါတယ်။ သူကိုဆုချီးမြင့်ပေတာနဲ့ ပတ်သက်လို့  ဆွိဒင်နိင်ငံ ဘုရင့်တကသိုလ် Royal Swedish Academy of Sciences - က သူဟာလွတ်လပ်တဲ့ကုန်သွယ်မှုဆိုင်ရာပြသာနာတွေကို ဖြေရှင်းနိင်မဲ့နည်းလမ်းကိုသူကတီထွင်ပေးခဲ့လို့ ဖြစ်တယ်လို့ ဆိုတယ်။သူနည်းကတော့ ရှုပ်ထွေးလှတဲ့သီအိုရီတွေကို အမေအဖြေနည်းနဲ့ လွယ်ကူအောင်လုပ်ပေးခဲ့လို့ ဖြစ်ပါတယ်။ ဥပမာ - ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကြီးကို ဘယ်အရာတွေက အထောက်ကူပြုနေပါလဲ မြိုပြဆန်လာမှုကို ဘယ်အရာတွေက အဓိကတွန်းအားပေးနေတာလဲ ။ စတဲ့မေးခွန်းတွေကိုတည်ဆောက်ပြီး အဖြေတွေကို ဖြေပေးခြင်းအားဖြင့် လူတိုင်းနာလည်နိင်လာတဲ့ စီပွားရေးဆိုင်ရာ သီအိုရီတွေကိုဖြေရှင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
သမတဘုရ်အစိုးရရဲ့ စီးပွားရေးပေါ်လစီတွေကြောင့်ဘဏ္ဏာရေးအကြပ်ဆိုက်ခဲ့ရတာလို့ လည်းသူကဝေဖန်ခဲ့ပါတယ်။
သူဟာ အသက် ၅၅နစ် ရှိတဲ့နိုဘယ်ဆုရှင်ဟာ ဆုငွေ ခရိုနာ ၁၀ သန်း ( ဒေါ်လာ ၁ဒသမ ၄ သန်း ) ကိုတဦးထည်း ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။
-------------------
at 17:48
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment