Monday, 13 October 2008

ကိုဌေးကြွယ်နဲ့  ၈၈ မျိုးဆက်ခေါင်းဆောင်များသတင်း

ရန်ကုန်
အောက်တိုဘာ ၁၂ ။


အင်စိန်ထောင်ဝင်းအတွင်းမှာရှိတဲ့အထူးတရားရုံးမှာ ၈၈ မျိုးဆက်အဖွဲ့ မှာ ထင်ရှားတဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဌေးကြွယ် ကို ရုံးထုတ်စစ်ဆေးတယ်လို သိရပါတယ်။ ကိုမင်းကိုနိုင်အပါအ၀င် ခေါင်းဆောင် ၃၇ ဦး ကိုလည်း ရုံးထုတ်စစ်ဆေးတယ်လို့ သိရပါတယ်။ သူတို့ ကိုတရားရုံးထုတ် ချိန်မှာ မိသားစုဝင်တွေနဲ့ တွေ့ ခွင့်မပေးပါဘူး။ ဒါဟာ လူအခွင့်အရေး ကိုချိုးဖေါက် တာ ဖြစ်ပါတယ်။ လွတ်လပ်မျှတတဲ့ တရားစီရင်မှုမဟုတ်ဘူးဆိုတာကို ပေါ်လွင်စေပါတယ်။နိုင်ငံတကာတရားရုံးတွေမှာ အမှု ရင်ဆိုင်နေရတဲ့ရာဇ၀တ်အကျဉ်းသားတွေတောင်ရုံးထုတ်ချိန်မှာ မိသားစုများသူငယ်ချင်းများနဲ့ တွေ့ ဆုံခွင့်ကိုရကြပါတယ်။

စစ်အုပ်ချုပ်ရေးအောက်မှာမြန်မာပြည်ရဲ့တရားစီရင်မှုစနစ်ကတော့အဆိုးဆုံးအခြေအနေမှာရှိတယ်လို့ဆိုနိုင်ပါတယ်။ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို စုစုပေါင်းအမှု ၂၁ မှု ဖွင့်ပြီး တရားခွင်မှာတရားစီရင်ဘို့တရား သူကြီး သုံးယောက်ကအမှု ပုဒ်မ ၇ မှုစီခွဲပြီးတာဝန်ယူရတယ်လို့ သိရပါတယ်။



ဒီနေ့တရားစွဲဆိုမှုမှာ စက်တင်ဘာ ရွှေဝါရောင်တော်လှန်းရေးကို တပ်လှန့်ပေးခဲ့တဲ သြဂုတ်လ လမ်းလျှောက်ဆန္ဒပြမှုတွေကို ဦးဆောင်ခဲ့သူများဖြစ်တဲ့ မနီလာသိန်း နဲ့ မမာမာ ဦးတို့ ကိုလဲ တရားစွဲဆိုခဲ့ပါတယ်။ ကိုမင်းကိုနိင်တို့ နဲ့ အတူမရှေးမနှောင်းအဖမ်းခံခဲ့ရတဲ့ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကို ကိုယ်တိုင် ပါဝင် ဦးဆောင် ခဲ့ကြတဲ့ ကိုဌေးကြွယ်၊ ကိုအောင်သူ၊ မမီမီး၊ကိုအောင်ကြီး နဲ့ ကို ဇော်ထက်ကိုကို အထိမ်းသိမ်းခံရတာ ဒီနေ့မှာဘဲ တနှစ် တိတိရှိပြီဖြစ်ပါတယ်။
တရားစီရင်ရာမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်တဲ့ ကို အောင်မျိုးတင့် ၊ ကိုထွန်းမြင့်အောင်၊ကိုစိုးထွန်း တို့နှင့် အတူ ကိုဇော်မင်း၊ကိုနေတင်မြင့်၊မတင်မိုးလွင်တို့ကိုပါ အဝေးရောက် တရားစွဲဆိုမှုများပြုလုပ်ကြောင်းသိရှိရပါတယ်။
မမီးမီးတို့ကိုဥပဒေမဲ့စွာတရားရုံးထုတ်တဲ့ ဒီနေ့ကတော့ သူမရဲ အထိမ်းသိမ်းခံရမှု တနှစ်ပြည့်ဖြစ်သလို သူမရဲ့၁၇နှစ်အရွယ်သမီးလေး မွေးနေ့ နဲ့ တိုက်ဆိုင်နေပါတယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက ဆိုပါတယ်။


- မမီးမီး -

တရားစွဲဆိုခံထားရသူ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ

ကိုမင်းကိုနိုင်
ကိုမင်းဇေယျ
ကိုကိုကြီး
ကိုဌေးကြွယ်
ကိုလှမျိုးနောင်
ကိုမြအေး
ကိုဂျင်မီ(ကျော်မင်းယု)
ကိုပြုံးချို(ဌေးဝင်းအောင်)
ကိုအောင်သူ
ကိုအံ့ဘွယ်ကျော်
ကိုကျော်ကျော်ထွေး(မားကီး)
ကိုသက်ဇော်
ကိုတင်ထူးအောင်
ကိုသော်ဇင်ထွန်း
ကိုဇော်ထက်ကိုကို
ကိုကိုကြီး(သိန်းသန်းထွန်း)
ကိုသန်းတင်(ကြီးသန်း)
ကိုဇေယျ
ကိုချစ်ကိုလင်း
ကိုအောင်သိုက်စိုး
ကိုစောမျိုးမင်းလှိုင်
ကိုကြည်သန်း
ကိုဇော်ဇော်မင်း
ကိုဥာဏ်လင်း
ကိုပဏ္ဍိတ်ထွန်း
ကိုမျိုးအောင်နိုင်
မနီလာသိန်း
မမီးမီး
မစန္ဒာမင်း
မမာမာဦး
မလေးလေးမွန်
မနှင်းမေအောင်(နိုဘယ်အေး)
ဒေါ်စန်းစန်းတင်
မသက်သက်အောင်
မနွဲ့နှင်းရည်(နိုးနိုး)
မသရဖီသိမ့်သိမ့်ထွန်း
မအေးသီတာ

အဝေးရောက်တရားစွဲခံရသူများ

ကိုအောင်မျိုးတင့်
ကိုထွန်းမြင့်အောင်
ကိုစိုးထွန်း
ကိုဇော်မင်း
ကိုနေတင်မြင့်
မတင်မိုးလွင်

စွဲချက်တင်သောပုဒ်မများ

၅/၉၆ ပုဒ်မ (၄)
၃၃(က)
၁၇(၂၀)ပုံနှိပ်
၅၀၅(ခ)
၃၂(ခ)/ ၃၆ ဗွီဒီယို
၂၄/၁ တရားမ၀င်နိုင်ငံခြားငွေလဲလှယ်မှု
၁၃၀ တခြားနိုင်ငံများအား အသရေဖျက်မှု

No comments :