မဲဆောက်
မဟာမိတ် ကေအင်ယူ ၁၄ ကြိမ်မြောက် ညီလာခံကျင်းပပြီးစီးခဲ့တယ်။ ညီလာခံက ခေါင်းဆောင်အသစ်တွေကို ရွေးခြယ်ပေးခဲ့ပါတယ်။
ဥက္ကဌ -ဗိုလ်ချုပ်ကြီးတာမလာဘော ဒုဥက္ကဌ - ဒေးဗစ်တာကပေါ။ အထွေထွေအတွင်းရေးမှုး- နောစီဖိုးရာစိန် တွဲဖက်အတွင်းရေးမှုး (၁) - ဗိုလ်မှုးတူးတူလေး ဖြစ်လာခဲ့ပါတယ်။ အမျိုးသမီးတဦးကို အဆင့် မြင့်တာဝန်ပေးအပ်လာတာကတော့အလွန်အောင်မြင်တဲ့ ညီလာခံတခုလို့ ဆိုခြင်ပါတယ်။ ကေအင်ယူက အမျိုးသမီးတွေကို တန်ဖိုးထားမှုကို ပြသာလည်းဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (လွတ်မြာက်နယ်မြေ) မှာလည်း ဒေါ်စန်းစန်းဟာ ဒုတိယဥက္ကဌ တာဝန်ကိုကိုယူထားသူဖြစ်ပါတယ်။ လူငယ်အသင်းပင်းတွေမှာတော့ ပြောင်းပြန် ဖြစ်နေပါသေးတယ်။ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ အေဘီအက်စ်ဒီအက်တို့ မှာ အမျိုးသမီးတွေကိုခေါင်းဆောင်မှုကို မရရှိကြသေးပါဘူး။ အကြောင်းအမျိုးမျိုးပြပြီးငြင်းဆန်ခံနေရတုံးဖြစ်ပါတယ်။ ကေအင်ယူဟာ အမျိုးသားရေးတခုတည်းကို မလုပ်တော့ပဲ ပိုမိုလေးနက်တဲ့ ဒီမိုကရေစီရေးကိုပါလုပ်ဆောင်လာတဲ့အတွက် နအဖ အစိုးရရဲ့ စစ်ရေးအရ ဆန်ကျင်မှုတွေကို ပိုမိုခံလာရပါတယ်။ ဌာနချုပ်မနပုလောကျ သွားပြီးနောက်မှာ ကေအင်ယူအတွင်း ထောက်ပံရေးအခက်ခဲရှိလာပါတယ်။ ကျနော်တို့  ကေအင်ယူကိုဝိုင်းဝန်းကူညီပေးသင့်ပါတယ်။ သံဃာ မော်လီအနေနဲ့ လည်း ကေအင်ယူကို လူမှုရေးအရအကူညီတွေ ပေးသင့်တယ်လို့ မြင်ပါတယ်။
Saturday, 18 October 2008
Subscribe to:
Post Comments
(
Atom
)
1 comment :
သတင်းမှာနေပါတယ် တွဲဘက်အထွေထွေအတွင်းရေးမှူးက စောထူးထုးလေးမဟုတ်ပါဘူးခင်ဗျား ။ကျတော့်စိတ်မန့်ပို့ထားပေးပါတယ်
Post a Comment