Sunday, 12 October 2008

ဒါလားဟဲ့ မျိုးချစ် စိတ်



အေပီ
မြန်မာ ပြည်ဟာ လောင်စာစွမ်းအင် တစတစပြတ်တောက်နေတာ ၁၉၆၂ နေ၀င်းစစ်တပ်ကအာဏာသိမ်းလိုက်ကတည်းကဖြစ်ပါတယ်။
အခုဆိုရင်ချက်ပြုတ်စရာလောင်စာမရှိဘူ။ အိမ်တွေမှာ လျပ်စစ်မီးမရှိသလောက်ဖြစ်နေတယ်။ စက်မှုလုပ်ငန်းလေးတွေမလည်ပတ်နိင်ဘူး။ လောင်စာမရှိတဲ့အတွက် စက်မှုလုပ်ငန်း တွေ စာသောက်ဆိုင်တွေ၊ အိမ်ဆိုင်လေးတွေမှာ ရေခဲ့သေတ္တာမရှိကြဘူး။



စီးပွားရေးလုပ်ငန်းတွေဖွင့်ဖြိုးမှုမရှိတော့ပဲ အသက်ထွက်မတပ်ဖြစ်နေရပါတယ်။ အေပီကလာတဲ့ သတင်းတပုဒ်အရ ဒီနေ့ ပဲ သန်းရွေဟာ မြန်မာပြည်တောင်ပိုင်းကထုတ်လုပ်မဲ့  ရေအားလျပ်စစ်ကရတဲ့လျပ်စစ်ကို ထိုင်းနိင်ငံနဲ့ စင်္ကပူကုမဏီနစ်ခုကိုရောင်းချဖို့ လက်မှတ်ရေးထိုးလိုက်ပြီလို့ ဆိုပါတယ်။ ဒီရေအားလျပ်စစ်ကနေ မီဂါဝပ် - ၆၀၀ အားရှိတဲ့ လျပ်စစ်ကိုရရှိမှာဖြစ်ပါတယ်။ သန်းရွေရဲ့ စီးပွားရေးပေါ်လစီတွေဟာ ကြောက်စရာကောင်းလောက်အောင်ကို တိုင်းပြည်နဲ့ လူမျိုးကို နစ်နာဆုံးရှုံးစေပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ရေအားလျပ်စစ်ကရတဲ့လောင်စာကို နိင်ငံခြားကိုရောင်းစားခြင်းဖြင့်ပြည်တွင်းစစ်မှုလက်မှုလုပ်ငန်း၊ ပညာရေးနဲ့ ကျမာရေးဖက်ကရတဲ့  အကျိုးမြတ်တွေကိုပါဆုံးရှုံးသွားစေလို့ ဖြစ်ပါတယ်။

ကျနော်အထက်က ဆွေးနွေးခဲ့သလို ပဲ စွမ်းအင်ရှိမှစီးပွားရေးလုပ်ငန်းတွေပုံမှန်လည်ပတ်နိင်မှာဖြစ်ပါတယ်။ ပြည်သူလူထုအတွက် အကျိုးရှိရုံမကဘူး အလုပ်အကိုင်အခွင့်အလန်းတွေကိုလည်း ပွင့်လန်းလာစေနိင်ပါတယ်။ တနည်းအားဖြင့်ပြောရရင် လျပ်စစ်ကိုပြည်တွင်းကိုဦးစားပေးဖြန့် ဖြူးခြင်းဟာ ပြည်တွင်းဈေးကွက် - Local Market - ကိုလည်းအလွန်သန်မာစေပါတယ်။ ဦးသန်းရွေက လျပ်စစ်ကို နိင်ငံခြားကိုရောင်းလိုက်တာ ဟာ ကုန်းကြမ်းကိုရောင်းလိုက်တဲ့ အဆင့်မျှသာဖြစ်ပါတယ်။ကုန်ကြမ်းတွေကိုထုတ်လုပ်ရောင်းချစားလာခဲ့တဲပေါ်လစီကြောင့်တတိုင်းပြည်လုံးဆိုးကျိုးတွေကိုသက်ရောက်စေခဲ့တာကျနော်တို့ လက်တွေမြင်နေရပါပြီ။ နောက်မေးစရာမေးခွန်းရှိတာက ဒီလို ဗိုက်နာနာနဲ့ လျပ်စစ်ကိုထုတ်လုပ်ရောင်းချခဲ့ရတဲ့ငွေတွေကို ဘယ်နေရာမှာသုံးစွဲမှာလဲဆိုတဲ့မေးခွန်းပါ။

မနစ်က သဘာဝဓါတ်ငွေက၀င်တဲ့ငွေဟာ ၃ ဘီလီယံဒေါ်လာနီးပါးရှိတယ်လို့ ပညာရှင်တွေကခန့် မှန်းထားပါတယ်။ ဒီငွေတွေကရော ဘယ်နေရာကိုရောက်ကုန်ပြီလဲ။တတိုင်းပြည်လုံးအမှောင်အတိကျနေချိန်မှာ ကိုယ်တိုင်းပြည်ကထွက်တဲ့ လျပ်စစ်ကို ကိုယ်ပြည်သူတွေ တပ်မတော်သားတွေကိုပေးမသုံးပဲ ထိုင်းနဲ့ စင်္ကပူကုမဏီနစ်ခုကိုရောင်းချခဲ့တာ ကိုတော့ ဒါလာဟဲ့ မျိုးချစ်စိတ်လို့  တပ်မတော်သားတွေ ဆန်းစစ်ဖို့ အချိန်ရောက်နေပြီလို့ ဆိုပါရစေတော့။

(Under a memorandum of understanding (MoU) signed recently in Nay Pyi Taw between the Myanmar Ministry of Electric Power-1, The Italian-Thai Development Public Co. Ltd based in Thailand and the Windfall Energy Services Ltd of British Virgin Island based in Singapore, two foreign companies -- Thailand-based and Singapore- based companies -- will launch the hydropower project of 600 megawatts(mw). )


1 comment :

TTT said...

This is a very good point.