Monday, 27 October 2008

ဦးဥတ္တရ သတင်း သံဃာမောလီ ရှင်းချက်ထုတ် ။





ကျနော်တို့ စီဘောက်စ်ကို အရင်ကဖွင့်ပေးထားပါတယ်။နောက်တော့ ဆဲစာများ ပစ်စာများ
ရောက်လာလွန်းသဖြင့် ကျနော်တို့ ပြန်ပိတ်လိုက်ရပါတယ်။
ဒီအချိန်မှာ အတော်များများ ရီဂျက်စတာလုပ်သွားကြပါတယ်။ သူတို့ က ကျနော်တို့ စီဘောက်စ်မှာဝင်ရေးနေတာကိုကျနော်တို့ အမြဲထိုင်ပြီး မပိတ်နိင်ပါ။ သူုတို့ ထဲမှ တယောက်က အင်္ဂလန်ရှိ
ဘုန်းကြီး ဦးဥတ္တရအား လိင်တူဆက်ဆံမှု၊ ငွေအလွဲသုံးစားမှုများ ကိုစွပ်စွဲရေးသားထားပါတယ်။

ကျနော်တို့  ဖျက်လိုက်ပါတယ်။ ဒါပေမဲ့ နောက်တနေ့ မှာထပ်ခါထပ်ခါဝင်ရောက်ရေးသားနေပါတယ်။ ထိုသူကို ကျနော်တို့  တားမြစ် ခဲ့ပါတယ် ။
ဒါပေမဲ့ ကျနော်တို့ အဖွဲ့ ဝင်များအတွင်း ဒီမိုကရေစီ မြတ်နိုးသူ အတိုက်အခံများအတွင်း ကျင့်ဝတ် - Ethic -ဆိုင်ရာ ရူ့ ထောင့်မှာ
ဆွေးနွေး စရာ ဖြစ်လာပါတယ်။ ဒါကတော့ လွတ်လပ်စွာရေးသားပိုင်ခွင့်ကို ကျနော်တို့  အားပေးမလား၊ပိတ်ပင်မလား ဖြစ်ပါတယ်။
ကျနော်တို့ ပိတ်လိုက်မယ်ဆိုရင် ကျနော်တို့ ကိုယ်တိုင် လွတ်လပ်စွာ ရေးသားခွင့်ကို ဆင်ဆာလုပ်မိသလိုဖြစ်မယ်။
နအဖလိုပဲဖြစ်နိင်ပါတယ်။ မီဒီယာ မှာ ခုလိုပဲ ဆဲစာများ၊ တိုက်ခိုက်စာများလည်းရှိလာနိင်တယ်။
ဖတ်တဲ့ ပြည်သူလူထုက သာ တကယ်ဖြစ်၏ မဖြစ်၏ မှန်မမှန်ဆုံးဖြတ်နိင်မှာဖြစ်ပါတယ်။သံဃာမောလီမှာဖြေရှင်းချက်ကိုလည်း ကျနော်တို့ ဆက်လက်တင်ပြပေးလိုက်ပါတယ်။ စာဖတ် သူ ပြည်သူများကသာ ပကတိအဖြစ်အပျက်တွေအပေါ်မှာ သုံးသပ်ပြီး အမှန်တရားကိုဆုံးဖြတ်နိင်မှာဖြစ်ပါတယ်။သံဃာ့မော်လီရဲ့ ဖြေရှင်းချက် (၀ါ) စုံစမ်းတောင်းဆိုချက် ကို လေးစားရိုသေစွာနှင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်ခင်ဗျား။ဓမ္မမိတ်ဆွေ တို့ အနေနဲ့လည်း ဦးဥတ္တရနှင့်ပါတ်သက်သော သတင်းအား သံဃာ့မော်လီ၏ ကြေငြာစာပါ email ကို ဆက်သွယ် ပေးပို့ နိုင်သလို မိမိတို့  wefightwewin@gmail.com ကိုလည်း ပေးပို့ နိုင်ပါကြောင်း မေတ္တာရှေ့ ထား၍ အသိပေးဆော်သြအပ်ပါတယ်။

ကျနော်တို့ အနေဖြင့်  လည်း ၂၀၀၇ခုနစ် ရွေဝါရောင်တော်လှန်ရေးတွင် အသက်ပေးလှူခဲ့သောသံဃာများ ၊ နာဂစ်မုန်တိုင်းကြောင့် သေဆုံး၊ဒုက္ခရောက် ခဲ့ရသော မဟာ ပြည်သူများ နှင့် ဒုက္ခဆင်းရဲကြားက ပြည်သူများမျက်နာမှ လွဲ ပြီး မည်သူ့ မျက်နှာကိုမျှ ငဲ့ဖို့ မလိုသလို မည်သည့် အဂတိ ကိုမှ လိုက်မည်မဟုတ်ကြောင်းအသိပေးလိုက်ပါတယ်။ ကိုယ်ကျိုးရှာမှုများကို တွေ့ ရှိပါက မည်သူ့ ကိုမှ သည်းခံမည်မဟုတ်ကြောင်း အတိအလင်းကြေညာလိုက်ပါတယ်။

Strategic Team

( We Fight We Win )


1 comment :

Chan Mya Soe said...

ကျွန်တော့်ဆီမှာလည်း မနေ့က လာရေးသွားတယ်။ တော်တော်တင်းတယ်ဗျာ။

ဒီ၇ှင်းလင်းချက်ကို ကျွန်တော်လည်း တင်ထားလိုက်ဦးမယ်ဗျာ။

အရေမရ မဖတ်မရ အဲလို လိုက်လုပ်နေတဲ့သူတွေကို တော်တော် စိတ်ကုန်တယ်။