ရှင်ဒိသာ
ဖြစ်နေတဲ့အကြပ်အတည်းကို အခွင့်အလမ်းအဖြစ် ဘယ်လိုပြောင်း နိုင်မလဲ? ဗုဒ္ဓဘာသာမှာ အမှန် မြင်နိုင်ဖို့ဆိုတာ အရမ်းအရေးကြီးတယ်။ ကျွမ်းကျင်တဲ့နည်းလမ်းနဲ့ ဒါမှမဟုတ် ဥပရကုသလနည်းနဲ့သာ ဒါကို ရနိုင် တယ်။ လူ့ဘောင်ရဲ့ဒုက္ခတွေကို နားလည်နိုင်တဲ့အခါမှာ တဦးတယောက်ဟာ ဒီလို အမြင်မှန်ရမှာ ဖြစ်တယ်၊ ဒါရဲ့ အကြောင်းက ဘယ်လိုချုပ်ငြိမ်းမလဲ ဆိုတာနဲ့ဒုက္ခတွေကို ချုပ်ငြိမ်းစေတဲ့နည်းလမ်းနဲ့သာ ဒီတရားကိုရနိုင်မှာ ဖြစ် တယ်။ မငြိမ်မသက်ဖြစ်အောင် ဖန်တီးနေတယ်လို့ လူအများက ပြည်သူ့ ဒီမိုကရေစီမဟာမိတ်အဖွဲ့ (ပဒမဖ) ကို စွပ်စွဲကြတယ်။ အစိုးရအိမ်တော်နဲ့ မခ၀မ်တံတားသာမက တတိုင်း ပြည်လုံး နေရာအတော်များများကို သိမ်းပိုက်ထားတယ်ဆိုတဲ့ အသံတွေ လှိုင်းဂယက်ထနေကြတယ်။
ဖြစ်နေတဲ့အကြပ်အတည်းကို အခွင့်အလမ်းအဖြစ် ဘယ်လိုပြောင်း နိုင်မလဲ? ဗုဒ္ဓဘာသာမှာ အမှန် မြင်နိုင်ဖို့ဆိုတာ အရမ်းအရေးကြီးတယ်။ ကျွမ်းကျင်တဲ့နည်းလမ်းနဲ့ ဒါမှမဟုတ် ဥပရကုသလနည်းနဲ့သာ ဒါကို ရနိုင် တယ်။ လူ့ဘောင်ရဲ့ဒုက္ခတွေကို နားလည်နိုင်တဲ့အခါမှာ တဦးတယောက်ဟာ ဒီလို အမြင်မှန်ရမှာ ဖြစ်တယ်၊ ဒါရဲ့ အကြောင်းက ဘယ်လိုချုပ်ငြိမ်းမလဲ ဆိုတာနဲ့ဒုက္ခတွေကို ချုပ်ငြိမ်းစေတဲ့နည်းလမ်းနဲ့သာ ဒီတရားကိုရနိုင်မှာ ဖြစ် တယ်။ မငြိမ်မသက်ဖြစ်အောင် ဖန်တီးနေတယ်လို့ လူအများက ပြည်သူ့ ဒီမိုကရေစီမဟာမိတ်အဖွဲ့ (ပဒမဖ) ကို စွပ်စွဲကြတယ်။ အစိုးရအိမ်တော်နဲ့ မခ၀မ်တံတားသာမက တတိုင်း ပြည်လုံး နေရာအတော်များများကို သိမ်းပိုက်ထားတယ်ဆိုတဲ့ အသံတွေ လှိုင်းဂယက်ထနေကြတယ်။
နောက်မေးခွန်းတခုက ပဒမဖ အဖွဲ့ရဲ့လှုပ်ရှားမှုတွေကို နည်းလမ်းတကျ လုပ်နိုင်မလုပ်နိုင်ဆိုတာနဲ့ အစိုးရဘက်ကလည်း သူရထားတဲ့အများစုမဲတွေကို အကျိုးသင့်အကြောင်းသင့် ရှင်းချက်ထုတ်မှာလားဆိုတဲ့ မေးစရာတွေကလည်း ရှိနေပါသေးတယ်။ ရွေးကောက်ပွဲစနစ်အပေါ်အခြေခံပြီး လက်ရှိပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့ကို ဒီမိုကရေစီနည်းကျ ဖွဲ့စည်းခဲ့တာဖြစ်တယ်။ ဒါပေမဲ့ အနှစ်သာရအရ ပြောရရင် စိုးမိုးအုပ်ချုပ်မှုရဲ့ အခြေခံအုတ်မြစ်ဟာ ကျင့်ဝတ်ပေါ်မှာ တည်မှီနေတယ်။ ဥပဒေကိုပြင်းထန်စွာ ချိုးဖောက်တဲ့အတွက် ပြည်သူ့လွှတ်တော်ရဲ့ ပထမဥက္ကဌကို ရာထူးက ဖယ်ရှားခဲ့တယ်။ နောက်ပြီး ၀န်ကြီး ချုပ်ကိုလည်း သူရင်ဆိုင်ရမယ့် အခြားရာဇ၀တ်မှုတွေကို ထုတ်ဖော်မပြောဘဲ သူ့ရဲ့ တရားမ၀င်လုပ်ဆောင် ချက်တွေကြောင့်ဆိုပြီး ဖယ်ရှားပစ်ခဲ့တယ်။
အခြားဝန်ကြီးတွေနဲ့ ပါလီမန်အမတ်တွေမှာလည်း မယုံကြည်ရတဲ့လက္ခဏာတွေ ရှိနေပြန်တယ်။ ထွက်သွားတဲ့ ၀န်ကြီးချုပ်ဆမတ်တောင်မှ တိုင်းပြည်ကိုဖျက်ဆီးခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း ထပ်ဆင်ရှီနာဝပ် ထရာရဲ့ ရုပ်သေးအနေနဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တာပါဆိုပြီး အများပြည်သူရှေ့မှာ ထုတ်ဖော်ပြောဆို လေ့ရှိတယ်။ ပဒမဖ ဟာ သူ့ရဲ့ ဆောင်ရွက်ချက်တွေကို တရားနည်းလမ်းတကျ မလုပ်ဆောင်နိုင်ဘူးဆိုရင် လွန်ခဲ့တဲ့ရက် ၁၀၀ ကျော်က သူတို့လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာတဲ့ ပြည်သူလူထုအရေအတွက် တိုးပွား လာအောင် ဘယ်လိုလုပ်နိုင်မှာလဲ။ လုံးဝအားနည်းတဲ့ အလုပ်သမားလှုပ်ရှားမှု အားကောင်းလာတာကတော့ ကောင်းတဲ့လက္ခဏာပဲ။ ၁၉၇၆ အစုလိုက်အပြုံလိုက် အသတ်ခံရပြီးကတည်းက ပြန့်ကျဲသွားတဲ့ကျောင်းသား လှုပ်ရှားမှုလည်း ပဒမဖ နဲ့ ပူးပေါင်းပါဝင်ဖို့ ထွက်လာတယ်။ ဒါတွေက တကဲ့အရေးကြီးတဲ့ လက္ခဏာတွေ မဟုတ်ဘူးလား?
ကျနော်တို့အနေနဲ့ ပဒမဖရဲ့ အားနည်းချက်အတော်များများကိုလည်း အသိအမှတ်ပြုရမယ်။ ပဒ မဖ ရဲ့ အဓိက ခေါင်းဆောင် (၅) ဦးနဲ့ အခြားဦးဆောင်သူတွေဟာ ဒေါသရှေ့ထားပြီး လုပ်ဆောင်နေ ကြတယ်။ သူတို့ကိုယ်သူတို့ လက်ျာဂိုဏ်းအနေနဲ့ ဂုဏ်ယူပြောဆိုနေသလို အခြားပါတီတွေအပေါ်တွေကို လည်း မချေမငံလုပ်နေပြီး ဒီလူတွေအပေါ်မှာ မတရားသဖြင့် အပြစ်တင်ပြောဆိုနေကြပြန်တယ်။ သူတို့ရဲ့ အတိုက်အခံတွေအပေါ် ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေ၊ အတင်းအဖျင်းစကား၊ သတင်းမှားတွေ အသုံးပြု ပြီး ဆန့်ကျင်နေကြတယ်။ အဆိုးဆုံးကတော့ သူတို့ရဲ့အရေးတော်ပုံကို ဆက်လက်ထိန်းသိမ်းဖို့နဲ့ မြှင့်တင် နိုင်ဖို့အတွက်ဆို ကြောက်မက်ဖွယ်ရာ သက်ဦးဆံပိုင် စနစ်တန်ဖိုးတွေနဲ့ အစွန်းရောက် အမျိုးသားရေးတန်ဖိုး တွေကိုတောင်မှ ကောက်ကောက်ကျစ်ကျစ်နဲ့ အားကိုးအားထားပြုကာ အသုံးချနေနေကြတယ်။
တဖက်မှာလည်း ဥဒေါင်ထနီ၊ ဥဘွန်ရတ်ချထနီ၊ ပရချွပ်ခီရိခန် စတဲ့ဒေသတွေက ဆင်းရဲသား အစည်းအရုံးနဲ့ တကယ်အစစ်အမှန် လှုပ်ရှားနေတဲ့ အကြမ်းမဖက် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့လှုပ်ရှားမှု တွေလို ဒုက္ခသုက္ခတွေ ဆက်လက်ခါးစည်းခံနေရတဲ့ ဆင်းရဲသားအများထုကြီးရဲ့ အခွင့်အရေးတွေကို ဥပေက္ခာပြု လျစ်လျှူရှုထားကြတယ်။
ပဒမဖ ဟာ သူတို့ရဲ့အရေးတော်ပုံချီတက်ရာမှာ အကြမ်းမဖက်ရေးကို အခြေခံအဖြစ် ကြေညာ ထားတာဖြစ်လို့ အခြားအုပ်စုတွေအတွက်လည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သူတို့ပန်းတိုင်ချီတက်ဖို့အတွက် အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီတပ်ပေါင်းစု ဒါမှမဟုတ် အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီမဟာ မိတ်အဖွဲ့ ဖွဲ့စည်းလှုပ်ရှားပါစေ၊ ဒါဟာ တရားပါတယ်။ ဒါပေမဲ့အားလုံးဟာ ကာယကံအားဖြင့်ဖြစ်စေ၊ ၀စီကံ အားဖြင့်ဖြစ်စေ အကြမ်းဖက်မှုကနေ ရှောင်ကြဉ်ရမှာဖြစ်တဲ့အပြင် မိမိတို့စိတ်ကို ငြိမ်းချမ်းတဲ့လမ်းကြောင်း ဆီ လျှောက်လှမ်းစေဖို့ လေ့ကျင့်ရပါမယ်။
ပဒမဖ နဲ့ အခြားဂိုဏ်းတွေဟာ ဝေဖန်ရေးနဲ့ ကိုယ်ပိုင်အသိတွေကို ဂရုစိုက်ရမယ်။ သူတို့ဟာ သူတို့ရဲ့ စိတ်နေသဘောထားတွေကို ပြောင်းလဲရမယ်။ ဒေါသတွေလျော့နည်းအောင် လုပ်ရမယ်။ ပင်ကိုယ် ထိုးထွင်းမှုရှိရှိ ဖော်ပြရမယ်။ သူတို့ရဲ့လက်ရှိတာဝန်က လူ့မလိုင်တွေ၊ ပင်မရေစီးဖြစ်တဲ့ မီဒီယာနဲ့ပညာရေး စတဲ့ နယ်ပယ်အသီသီးက ဖောက်လွဲဖောက်ပြန်ဖြစ်နေတဲ့ လက်တွေ့ဆောင်ရွက်ချက်တွေကို ထုတ်ဖော် ပြောဆိုဖို့ပဲ ဖြစ်သင့်တယ်။ မီဒီယာနဲ့ပညာရေးက အမေရိကန်နဲ့တရုတ်ရဲ့ နယ်ချဲ့လက်သစ်ဝါဒဘက်ဆီ တိမ်းညွှတ်ဖို့ ကျနော်တို့အားလုံးကို ဖြားယောင်းသွေးဆောင်နေတယ်။ လူ့မလိုင်တွေကလည်း နိုင်ငံစုံကော်ပို ရေးရှင်းကြီးတွေ၊ ထပ်စင်စီးပွားရေ၀ါဒနဲ့ ဘုရင့်ဥစ္စာဓနဗျူရိုတွေနဲ့ လက်ချင်းတွဲယှက်နေကြတာဖြစ်တယ်။
ပဒမဖရဲ့ ASTV ဟာ ဓမ္မဆိုရှယ်လစ်စနစ်နဲ့ ဂေဟစနစ်ကို ဂရုစိုက်စေရေးအတွက် အခြေခံလူထုရဲ့ အသိတွေကို နိုးထစေဖို့ ပညာရေးအသစ်ကိုလှုံ့ဆော်ဘို့ အရေးကြီးတဲ့ မီဒီယာလက်နက်သစ် တခုဖြစ်နိုင် တယ်။ ဒါက ဖြစ်နိုင်ဘွယ်ရှိတဲ့ မျှော်လင့်ချက်ဖြစ်တယ်။ ဒါဟာ အမျိုးသားကြားဖြတ်အစိုးရတခု တောင်းဆို တာထက် ပိုပြီးဆွတ်ပျံ့ဖွယ် ကောင်းပါလိမ့်မယ်။ နိုင်ငံရေးအသစ်ဆိုတာကို လူနည်းစုတစုကသာ စဉ်းစား နိုင်တာမဟုတ်ဘူး။ ဒါပေမဲ့ ဒါကို ကျနော်တို့ရဲ့အစဉ်အလာ အသိပညာတွေကနေ ဖွံ့ဖြိုးအောင်လုပ်ယူရ မယ်။ ပဉ္စမမြောက် ရာမဘုရင်ခေတ်ကတည်းက ခေတ်သစ်ပညာရေးက ဒီအစဉ်အလာတွေကို ဖျက်ဆီး ပစ်လိုက်တာဖြစ်တယ်။ သူက သံဃာ့အ၀န်းအ၀ိုင်း ဒါမှမဟုတ် ဘုန်ကြီးကျောင်းအ၀န်းအ၀ိုင်း အပါအ၀င် ကျနော်တို့ရဲ့အစဉ်အလာ ဒီမိုကရေစီ အခြေခံအုတ်မြစ်ကိုလည်း ဖျက်ဆီးခဲ့တာဖြစ်တယ်။ ဒီအစဉ်အလာ တွေက စစ်မှန်တဲ့ဒီမိုကရေစီပုံစံကို အလင်းရောင်ထွန်းညှိပေးတာဖြစ်ပြီး ကျနော်တို့ရဲ့ စီးပွားရေး၊ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုကို ကြီးမားစွာ တိုးတက်ဖြစ်ထွန်းစေခဲ့တာဖြစ်တယ်။
ပဉ္စမမြောက် ရာမဘုရင်လက်ထက်ကစပြီး ဘာသာရေးလွှမ်းမိုးမှုမရှိတဲ့ လောကီရေးရာသက်သက် ကျင့်သုံးတဲ့ ဘုရင့်နိုင်ငံဟာ ဘာသာရေးလွှမ်းတဲ့လူမှုစနစ်အပေါ်မှာ စတင်မင်းမူစိုးမိုးလာခဲ့တယ်။ ဒါက လက်ရှိအကြပ်အတည်းရဲ့ အစပဲဖြစ်တယ်။ အဲဒီမှာ ထိုင်းပြည်သူတွေဟာ ဘုရင်စနစ်နဲ့ အနောက်တိုင်းစနစ် ရဲ့ လက်အောက်ခံဘ၀ကို စတင်ကျရောက်ခဲ့ကြရတယ်။ အနောက်တိုင်းနယ်ချဲ့စနစ်နဲ့ ဆက်နွယ်နေတဲ့ သက်ဦးဆံပိုင်စနစ်ကို ငြင်းပယ်တဲ့သူတိုင်းဟာ သောင်းကျန်းသူလို့အစွပ်စွဲခံကြရတယ်။ အဲဒီအထဲမှာ ဥဘွန် ရပ်ချာထနီ၊ ဖရဲနဲ့ ပတ်ထနီဒေသက ပုန်ကန်ရေးအုပ်စုတွေ ပါကြတယ်။ ဒီစနစ်ကို ငြင်းပယ်တဲ့ ဘန်ကောက် ကအုပ်စုတွေကို ထောင်ချ ဒါမှမဟုတ် အစိုးရရာထူးဌာနန္တရတွေကနေ ဖယ်ရှားပစ်တယ်။ ဥပမာပြရရင် အဲဒီလူတွေကတော့ ထိန်ဝမ်။ ခရိုင်ဆရီပလင်း။ နရင်ခလွန်းနဲ့ ၁၉၁၂ခုနှစ်က သက်ဦးဆံပိုင်စနစ်ကို အဆုံး သတ်ဖို့ကြိုးပမ်းခဲ့တဲ့ ဘန်ကောက် သက္ကရာဇ် ၁၃၀ ဂိုဏ်းသားတွေ စသည်တို့ ဖြစ်ပါတယ်။
ဘန်ကောက်သက္ကရာဇ် ၁၅၀၊ ၁၉၃၂ ခုနှစ် ဇွန်လ ၂၄ ရက်နေ့မှာ ပရီိဒီဘနိုမြွန်းက ရှေးခေတ် ဟောင်း အုပ်ချုပ်မှုနေရာမှာ ပြည်သူ့အချုပ်အခြာအာဏာနဲ့ အစားထိုးဖို့ကြေညာခဲ့တယ်။ အရင်ကဘုန်းကြီး ဖြစ်တဲ့ ၀ပ်မဟာထပ် ဖရားအာဆပ်ဘ်ဟသီရိုက ဒဲီတော်လှန်ရေးဟာ အောက်ဆုံးလွှာကလူတွေ၊ အမှုတော် ထမ်းသူတွေကို ဂုဏ်သိက္ခာရှိတဲ့နိုင်ငံသား ဒါမှမဟုတ် သူတို့တိုင်းပြည်ရဲ့ ပိုင်ရှင်တွေဖြစ်လာဖို့ ပထမဆုံး အကြိမ် ပြောင်းလဲမှုဖြစ်တယ်ဆိုပြီး ထောက်ခံခဲ့တယ်။
ပရီဒိက ဥပဒေရှေ့မှောက်မှာ အားလုံးတန်းတူရည်တူရှိစေဖို့ ရှာဖွေရုံမျှသာမကဘူး ယဉ်ကျေးမှုနဲ့ စီးပွားရေး တန်းတူရည်တူရှိစေဖို့ပါ ကြိုးစားခဲ့တာဖြစ်တယ်။ လူ့အဖွဲ့အစည်းအတွင်း ဒီမိုကရေစီမျိုးစေ့တွေ ချဖို့ စာရိတ္တနဲ့နိုင်ငံရေးတက္ကသိုလ် (ထမ်မဆတ်တက္ကသိုလ်) ကို တည်ထောင်ခဲ့တယ်။ ကွယ်လွန်သွားတဲ့ ဗုဒ္ဓဒစဘိက္ခုနဲ့ ဆွေးနွေးနေစဉ်ကာလက သံဃာအဖွဲ့အစည်းပုံစံပေါ်မှာအခြေခံတဲ့ ဓမ္မဆိုရှယ်လစ်စနစ် တည် ထောင်ရမယ်ဆိုတာနဲ့ အာဏာကို မတူတဲ့ဘာသာစကားပြောသူတွေ (တိုင်းရင်းသားတွေ) နဲ့ဘာသာရေး မတူတဲ့သူတွေအကြား အခြားနယ်ပယ်တွေဆီကို ခွဲဝေကျင့်သုံးသင့်တယ် စတာတွေကို ပရီဒိဟာ ထေရ်ကြီး ၀ါကြီးဘုန်းတော်ကြီးတွေနဲ့ သဘောတူခဲ့တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် တောင်ပိုင်းအကျဆုံးဒေသက ဒါမှ မဟုတ် အရှေ့မြောက်ပိုင်းကလူတွေအနေနဲ့ အလယ်ပိုင်းလွင်ပြင်က လူတွေလိုပဲ အတူတူဆိုတာခံစားရပြီး သိမ်ငယ်စိတ်ရှိမှာ မဟုတ်တော့ဘူး။
၁၉၄၇ အာဏာသိမ်းချိန်ကစပြီး ဒီငြိမ်းချမ်းပြီး အကြမ်းမဖက်တဲ့ချဉ်းကပ်မှုကို အဓ္ဓမအဖွဲ့တွေက နင်းချေပစ်လိုက်တော့တာပဲ။ အဲဒီအချိန်ကစလို့ ကျနော်တို့ဟာ အမေရိကန်နယ်ချဲ့စနစ်နဲ့ နိုင်ငံစုံကော်ပိုရေး ရှင်းကြီးတွေရဲ့ ဗိုလ်ကျစိုးမိုးမှုအောက်ကို ပိုလို့ရောက်သထက်ရောက်လာတော့တာပါပဲ။
၁၉၃၂ ဇွန် ၂၄ရက် မှာတော်လှန်ရေးပါတီက သူတို့ရဲ့ အခြေခံမူ (၆)ချက်ကို ကြေညာခဲ့တယ်။
၁။ နိုင်ငံရေးအားဖြင့်လည်းကောင်း၊ တရားစီရင်ရေးအားဖြင့်လည်းကောင်း၊ စီးပွားရေးအားဖြင့်လည်း ကောင်း စသည်တို့အားဖြင့် အမျိုးသားအချုပ်အခြာအာဏာကို ထိန်းသိမ်းရမည်။
၂၊ အမျိုးသားလုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ပြီး မည်သည့်တိုက်ခိုက်မှုများကိုမဆို အနည်းဆုံးဖြစ် အောင် ထိန်းသိမ်းရမည်။
၃။ ပြည်သူလူထု၏ စည်းစိမ်ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်ရမည်။ အစိုးရသစ်သည် ပြည်သူလူထုအကြား ငတ်မွတ်ခေါင်းပါးခြင်းမှ တားဆီးကာကွယ်ရန် အမျိုးသားစီးပွားရေးစီမံကိန်းများ ချမှတ်ပြီး ပြည်သူအားလုံး ၏ အလုပ်အကိုင်များကို အာမခံရမည်။
၎။ နိုင်ငံသားအားလုံး တန်းတူညီတူရှိစေရမည်။
၅။ အထက်ဖေါ်ပြပါ အခြေခံမူ (၄) ချက်ကို မချိုးဖောက်သ၍ နိုင်ငံသားအားလုံး၏ လွပ်လပ်မှုကို အာမခံ ရမည်။
၆။ နိုင်ငံသားတိုင်း ရနိုင်သမျှအဆင့်မြင့်ဆုံးပညာရေး ရရှိစေရန် မြှင့်တင်ပေးရမည်။
လက်ရှိ အာဏာရအုပ်စိုးသူ လူတန်းစားတွေထဲမှာ ဒီအခြေခံမူ (၆) ချက်ကို ကိုယ်စားမပြုတာ၊ မ ထင်ဟပ်တာ။ ပညာရေးအဆောက်အအုံတွေမှာ ဒါမှမဟုတ် ပင်မမီဒီယာတွေမှာ ဒီအခြေခံမူတွေကို ရှင်းရှင်း လင်းလင်း မထင်ဟပ်တာ၊ နောက်ပြီး လက်ရှိပညာရေးစနစ်ဟာ အရင်းရှင်စနစ်၊ များများထုတ်များများသုံး ၀ါဒနဲ့ပဒေသရာဇ်စနစ် အင်အားစုတွေရဲ့ ဖြားယောင်းသွေးဆောင်မှုကို မလွန်ဆန်နိုင်အောင် လုပ်နေတဲ့ ပြည်သူလူထုကို နာလန်မထူနိုင်အောင် လုပ်ဖို့သက်သက်ပဲ ရည်ရွယ်တာဖြစ်နေတာ။ ဒါတွေဟာ ၀မ်းနည်း စရာ မကောင်းပေဘူးလား။
လက်ရှိ ဘေးကျပ်နံကျပ် ဖြစ်နေတာတွေကို ကျော်လွှားဖို့ ဒီမူ (၆) ချက်ကို သင့်လျှော်မှန်ကန်စွာ အသုံးချရပါမယ်။ ဒီလွှမ်းမိုးချယ်လှယ်နေတဲ့ပုံစံတွေကို ပြေလည်စေဖို့ဆိုရင် လူတိုင်းဟာ အမှန်တရားနဲ့ အကြမ်းမဖက်ရေးကို မမှိတ်မသုန် စွဲမြဲဖို့လိုအပ်တယ်။ သီလ ဆိုတာ ပုံမှန်ဖြစ်မြဲရှိခြင်းဆိုတဲ့ အဓိပ္ပာယ်ပါ။ လူမှုဘ၀မှာ နဂိုပုံမှန် ဖြစ်မြဲရှိနေတာကို ထိန်းသိမ်းဖို့ဆိုရင် ဆင်းရဲသားနဲ့ လူချမ်းသာတွေအကြား ကွာဟမှုနဲ့ သွေးစုပ်မှုတွေကို ပပျောက်အောင်လုပ်ရပါမယ်။ နောက်ပြီး ဒါတွေကို သမာဓိနည်း ဒါမှမဟုတ် ငြိမ်းချမ်း တည်ငြိမ်တဲ့စိတ်နဲ့ လုပ်ဆောင်ရပါမယ်။ အတ္တနည်းလေ ပိုပြီးနှိမ့်ချနိုင်လေပါပဲ။ ဒါ့ပြင် အခြားလူတွေနဲ့ အခြားအာရုံခံစားနိုင်စွမ်းရှိတဲ့ သတ္တ၀ါတွေအပေါ်မှာ ငါ့ရန်သူတွေပါလားလို့ သဘောမထားဘဲ ဒါတွေဟာ မိမိတို့ကိုယ်တွင်းမှာရှိနေတဲ့ လောဘ၊ မုန်းတီးမှုနဲ့ ထင်မှတ်မှားမှုတွေပါလားလို့ သဘောထားကြည့်မြင်ရ မယ်။
မှန်ကန်တဲ့ စိတ်နေသဘောထားရှိမယ်ဆိုရင် အသိပညာက ရှိလာမှာပဲ။ နောက်ပြီး ဒီအသိပညာနဲ့ အမှန်တရား အပေါ်မှာအလင်းပြပေးရမယ်။ အမှန်တရားဆိုတာလည်း ပြောရရင် ကျနော်တို့အားလုံးဟာ အပြန်အလှန်အမှီသဟဲ ပြုနေကြရတယ်။ ဒီလိုနည်းနဲ့ ကမ္ဘာလောကကြီးမှာ ငြိမ်းချမ်းစေဖို့ တဦးနဲ့တဦး ကြင်ကြင်နာနာ ဆက်ဆံရမယ် ဆိုတာပါပဲ။
အသိပညာဆိုတာဟာ ကြောက်လန့်ခြင်းနဲ့ အတ္တတို့ကိန်းအောင်းနေတဲ့ အမှောင်ကိုခွင်းတဲ့ အလင်း ရောင်ပါ၊ ဒီအသိပညာက ဒုစရိုက်အင်အားတွေကိုစိန်ခေါ်ဖို့ ကျနော်တို့ကိုယ်တွင်းမှာ စိတ်ဓါတ်ခွန်အားတွေ ကို ပေါ်ပေါက်စေပါတယ်။ ကျနော့်မိတ်ဆွေဖြစ်လည်းဖြစ်၊ အရပ်ဘက်လူ့မှုအဖွဲ့အစည်းလူပ်ရှားမှုမှာ ပါဝင်ပြီး ဆင်းရဲသားအစည်းအရုံးရဲ့ အကြံပေးလည်းဖြစ်တဲ့ ၀နိဒတန္တိဝိတယပိတပ်ဟာ မကြာသေးမီကပဲ တမလွန် ကို ကျနော်တို့ဆီကနေ ခွဲခွာသွားခဲ့ပါတယ်။ သူမဟာ ဆင်းရဲသားတွေနဲ့ လက်ရေတပြင်တည်းနေပြီး ငြိမ်းချမ်းစွာနဲ့ တိုက်ပွဲဝင်ခဲ့တယ်။ ဖိနှိပ်သူတွေနဲ့ ဆင်းရဲသားတွေအပေါ်မှာ သွေးစုပ်သူတွေကို မုန်းတီးမှု မရှိခဲ့ပါဘူး။ သူမဘ၀ရဲ့ နောက်ဆုံးကာလမှာ သူမရဲ့ငြိမ်းချမ်းမှုနဲ့ အခြားသတ္တ၀ါတွေရဲ့ ငြိမ်းချမ်းမှုကို ပျိုးထောင်ဖို့အတွက် သတိရှိရှိနဲ့ တရားမှတ်တဲ့အချိန်တွေမှာ ကုန်လွန်ခဲ့ပါတယ်။
သူပြောခဲ့တဲ့ စကားတွေဟာ မှတ်မှတ်ထင်ထင် ရှိလှပါတယ်။
“အဆုံးမှာတော့ ကောင်းမှုက မကောင်းမှုကို နိုင်နင်းကျော်လွှားပါလိမ့်မယ်။ အမှန်တရားဟာ မှားယွင်းမှုတွေအပေါ်မှာ လွှမ်းမိုးအောင်မြင်ပါလိမ့်မယ်။ ကျမတို့ဟာ ခန္တီစပါရမီ ပြည့်စုံနိုင်ပါစေ”
သည်းခံခြင်းဆိုတာ အရေးအကြီးဆုံးသီလဖြစ်တယ်လို့ ရှင်ဗုဒ္ဓက ဟောကြားခဲ့တယ်။ ကျနော်တို့ရဲ့ ချစ်ခင်ကြင်နာမှုတွေကို ပဒမဖနဲ့ အခြားဂိုဏ်သားတွေဆီကို ဆုမွန်ကောင်းပေးပို့ ပွားစည်းကြပါစို့။ ကျနော် တို့ရဲ့ မေတ္တာကို အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ။ ပြည်သူ့လွှတ်တော်အတွင်းအပြင်က သူတွေ၊ စီးပွားရေးအသိုင်း အ၀ိုင်းနဲ့ ပြည်သူအားလုံးနဲ့အတူ ကျော်ကြားလာနေတဲ့ နိုင်ငံစုံကုမ္ပဏီကြီးတွေနဲ့ နယ်ချဲ့စနစ်အတွင်းက ပုဂ္ဂိုလ်ကြီးတွေအားလုံးဆီကို သက်ရောက်ပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။ တဦးနဲ့တဦး ဒေါသ၊ အာဃာတတွေ ထားရှိရာကနေ ရှောင်ကြဉ်ကြပါစို့။ အမှန်တရားနဲ့အကြမ်းမဖက်နည်းလမ်းတွေနဲ့ မတရားတဲ့ လူမှုအဆောက်အအုံ ဖျက်သိမ်းပစ် ဖို့ရာ ရည်ရွယ်ပြီး စည်းလုံးညီညွတ်ကြပါစို့။
(ဆူလပ်ဆီဗာရတ်ဆ သည် အထက်ပါမိန့်ခွန်းကို ထိုင်းဘာသာဖြင့် စက်တင်ဘာ ၁၆ ရက်နေ့က ပဉ္စမမြောက် ရာမဘုရင်၏မြင်းစီးရုပ်ထုရှေ့တွင် ဟောပြောခဲ့ခြင်းဖြစ်သည်။
သုတမှတ်စု (ကိုးကား Wikipedia)
၁။ ဆူလပ် ဆီဗာရတ်ဆ။ ။
၂၇ မတ် ၁၉၃၃တွင် ထိုင်းနိုင်ငံ၌မွေး။ လူမှုရေး။ လူသားဆန်ရေး။ ဂေဟစနစ်။ ဘာသာရေး လှုပ်ရှားမှု စသည့် အသင်းအဖွဲ့များကို ရှေ့ဆောင်ရှေ့ရွက်ပြု တည်ထောင်သူဖြစ်။ အဖိုးမှာ တရုတ်လူမျိုး။ ထိုင်း၌ လာရောက် အခြေချနေထိုင်သူဖြစ်သည်။ Bangkok/University of Wales/Lampeter တက္ကသိုလ်များတွင် ပညာသင်ခဲ့၊ ယခု ထိုတက္ကသိုလ်များမှ ဗုဒ္ဓဘာသာဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များရ။ ထို့ နောက် Social Science Magazine တွင် အယ်ဒီတာလုပ်ခဲ့ ။ Nobel Prize နှင့်အလားတူသော Right Livelihood Award ကိုရရှိ။ ၁၉၇၆ အာဏာ သိမ်းစဉ်က (၂) နှစ်ပြည်နှင်ဒဏ်ပေးခံရ။ ထိုစဉ်က ကနေဒါ၊ အမေရိကန်နှင့် ဥရောပများသို့ လှည့်လည်ဟောပြော။ ၁၉၈၄ ခုနှစ်တွင် ဘုရင်အား အကြည်ညိုပျက်အောင် ပြုလုပ်မှု ဥပဒေ (Lese Majesty) ဖြင့် အဖမ်းခံရ။ ၁၉၉၁ ခုနှစ်၌ ထမ်မဆတ်တက္ကသိုလ်တွင် ဒီမိုကရေစီ အပေါ် ဖိနှိပ် ချုပ်ချယ်ခြင်းနှင့်ပတ်သက်၍ ဟောပြောခဲ့ရာ ထိုအမှုဖြင့်ပင် တရားစွဲဆိုခံခဲ့ရကာ တိုင်းပြည်မှ ထွက်ပြေးခဲ့။ ၁၉၉၅ ထိ ပြည်ပတွင်နေထိုင်ခဲ့။ ထိုနှစ်တွင်ပင် Swedish Right Livelihood Award ရရှိခဲ့။ ၂၀၀၁ တွင် Millennium Gandhi Award ဆုရရှိ။
၂၀၀၇ ခုနှစ်က ထိုင်းအခြေခံဥပဒေတွင် ဗုဒ္ဓဘာသာကို ထိုင်းနိုင်ငံ၏ နိုင်ငံတော်ဘာသာအဖြစ် ကြေညာရန် အဆိုပြုချက်ကို ဆန့်ကျင်ခဲ့။ ဤကဲ့သို့လုပ်ခဲ့လျှင် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ပဋ္ဋိပက္ခများ ပိုမိုကြီး ထွားစေမှာ ဖြစ်ကြောင်း ဝေဖန်ထောက်ပြခဲ့။
လူမှုရေး၊ ဘာသာရေးနှင့် ပတ်ဝန်းကျင်းဆိုင်ရာစာပေများ ဆက်လက်ရေးသားနေကာ ထိုင်းနိုင်ငံ့ အရေးတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ဆဲဖြစ်သည်။
၂။ CPB: Crown Property Bureau ။ ။
ဘုရင်နှင့်ဘုရင့်ဆွေမျိုးများ၏ ပုဂ္ဂလိကပိုင်ဓနဥစ္စာများကို စီမံခန့်ခွဲရန်အတွက် တာဝန်ရှိသော အစိုးရအေဂျင်စီ။
၁၉၃၆ခုနှစ်၊ ဘုရင့်ဥစ္စာဓနပိုင်ဆိုင်မှု ထိန်းသိမ်းဖွဲ့စည်းမှု အက်ဥပဒေပုဒ်မ (၈) အရ CPB သည် အခွန်ကင်းလွတ်ခွင့်ရှိသည်။ CPB မှတ်တမ်းအရ ၂၀၀၄ ခုနှစ် တနှစ်ထဲတွင်ပင် ဘုရင်၏၀င်ငွေမှာ (၅) ဘီလျံကျော် ဖြစ်သည်။ CPB ၏ နှစ်စဉ်အစီရင်ခံစာကို ဘုရင်ကြီးဘူမိဘော တဦးတည်းထံ တင်သွင်းရ သည်။ ၁၉၈၀ စု နှောင်းပိုင်းစာရင်းအရ CPB တွင် ၀န်ထမ်း (၆၀၀) ထားရှိသည်။ CPB ၏စီမံခန့်ခွဲမှုကို ဘုရင်ကြီးကိုယ်တိုင် ပါဝင်ဆောင်ရွက်သည်။ CPB ၏ Share ပိုင်ဆိုင်မှုများကို ၁၉၇၀ စုနှစ်များတွင် စတင်ရောင်းချခဲ့သည်။ ပါဝင်သည့်ရှယ်ရာများမှာ ထိုင်းစက်မှုလုပ်ငန်းနှင့် ရေနံဓါတုကွန်ယက်အုပ်စုကြီး တွင် အကြီးဆုံးတခု ဖြစ်သည့် Siam Cement ၊ အကြီးဆုံးဆောက် လုပ်ရေးလုပ်ငန်းကြီးများထဲမှ တခု ဖြစ်သည့် Christiani & Nielsen၊ အကြီးဆုံး အာမခံကုမ္ပဏီကြီးတခုဖြစ်သည့် Deves Insurance အကြီးဆုံးဘဏ်ကြီးတခု ဖြစ်သည့် Siam Commercial ဘဏ်နှင့်အကြီးဆုံး တယ်လီဖုန်းဆက်သွယ် ရေး လုပ်ငန်းကြီးတခု ဖြစ်သည့် Shin Corporation (Siam Commercial Bank တွင်အပ်နှံ ထားသည့် CPB ၏ ဦးပိုင်များမှတဆင့်) တို့ဖြစ်ကြသည်။ CPB ၏ လက်ရှိစုစုပေါင်း ဈေးကွက်တန်ဖိုးကို မသိရသော်လည်း အိမ်တော်၏ဥစ္စာဓနမှာ ခန့်မှန်းချေ အမေရိကန်ဒေါ်လာ (၂) ဘီလျံမှ (၈) ဘီလျံ (ထိုင်းဘတ် ၈၀-၃၀၀ဘီလျံ) ထိရှိနိုင်သည်။ အခြား ကုမ္ပဏီမြောက်များစွာလည်းရှိပါသေးသည်။ အကျယ် သိလိုပါက wikipedia တွင် ရှာကြည့်နိုင်ပါ သည်။)
ရှင်ဒိသာ
(Ref: Turning this crisis into an opportunity By Sulak Sivaraksa: Bangkokpost, 18 September , 2008)
Saturday, 18 October 2008
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment