Tuesday, 21 October 2008

တောင်ကြီး မြို့  သဘာဝ ပတ်ဝန် ကျင်းဆု ရ


ရှမ်းပြည်ရောက်အဲ့သည်ရယ် မပြန်ပါနဲ့ ကွယ်ဆိုတဲ့ သီချင်းသံကို မှတ်မိသေးတယ်။ ရှမ်းပြည်ရောက်ပြီးရင်မပြန်ခြင်လောက်အောင်ပဲ
သဘာဝပတ်ဝန်းကျင်ရဲ့ ဖန်းစားမှုကို ခံစားရပါတယ်။ ရှမ်းကုန်းမြေမြင့် နဲ့  အင်းလေနဲ့  ရှမ်းပြည်တိုင်းရင်းသားညီနောင်တွေရဲ့ နွေးထွေးမှုကြောင့်ပဲ။ ခုတော့တောင်ကြီး မြို့ ကို အာဆီယံနိင်ငံများအသင်းက သဘ၀ပတ်ဝန်းကျင်အထိမ်းသိမ်နိင်ဆုံးမြို့ တွေထဲက ၁၀ မြိ့ အဖြစ်သတ်မှတ်ခဲ့တယ်။ စိုင်းခမ်းလိတ်ရေးစပ်ခဲ့တဲ့ တောင်ပေါ်မြေရဲ့ တခြားစာမျက်နာများ ဆိုတဲ့ သီချင်းလိုပဲ တောင်ကြီးမြို့ ရဲ့ တခြားစာမျက်နာတွေကို အာဆီယံ ခေါင်းဆောင်တွေ မြင်ခဲ့ပုံမရပါဘူး။

အာဆီယံနိင်ငံတွေ ရဲ့ သဘ၀ပတ်ဝန်းကျင်ကလည်း အတော့ကိုအခြေအနေဆိုးဝါးလွန်းတဲ့အတွက်တောင်ကြီးမြို့ ကို ခုလို အကောင်းဆုံးမြို့ တမြို့ အဖြစ်သတ်မှတ်တာမဆန်းလှပါဘူး။ အာဆီယံနိင်ငံက တောင်ကြီးမြို့ ကိုအကောင်းဆုံးမြို့ လို့ သတ်မှတ်တာကတော့ ပျားရည်နဲ့ ဝမ်းချသလို ဖြစ်နေတယ်။ အရင်က ရှမ်းပြည်နယ်တခုလုံးဟာ ရောမသစ်တောကြီးတွေနဲ့ ဖုံးလွမ်းနေတာဖြစ်ပါတယ်။အခု Google Earth ကနေ ကြည့်ရင် ရှမ်းပြည်ကြီးတခုလုံးဟာ သစ်တောကြီး ပြောင်သလင်းခါနေပါပြီ။ အင်လေးကန် ကဟာ ရေနည်းလာပြီ။ လောပိတဆိုရင်ရေအားမပြည့် လို့ လျပ်စစ်မီးတောင် လောက်အောင်မပေးနိင်တော့ဘူး။
တောင်ကြီးမြို့ ဟာ ပင်လယ်ရေပြင်အထက် ၁ဒသမ ၃၇ ကီလိုမီတာရှိတယ်။ လူဦးရေ နစ်သိန်းခန့် ရှိတယ်။ တောင်ကြီးဟာ လူမျိုးစုတွေ ရဲ့  သင်္ကေတ မြိ့ ဖြစ်နေပါတယ်။ အာဆီယံတွေမှာ သဘ၀ပတ်ဝန်းကျင်ထိမ်းသိမ်းရေး ဆိုင်ရာ ပေါ်လစီမရှိဘူးမဟုတ်ဘူးရှိပါတယ်။ ဒါပေမဲ့ သူတို့ ပေါ်လစီက မြို့ လိုက် သတ်မှတ်နေရာလိုက်လောက်မှာပဲ သဘ၀ပတ်ဝန်းကျင်ကိုထိမ်းသိမ်းနေကြသလို ဖြစ်တယ်။ ဥပမာ မြန်မာပြည်မှာဆိုရင် လော်ကား တရိစာန်ဦးယျဉ် ၊ ပုပါးတောင် ၊ ပြင်ဦးလွင်ရုက္ခဗေဒဥယဉ်၊ ကမ္ဘော အမျိုးသားဥယဉ်၊ မြိုင်ဟေ၀န် ဆင်စခန်း တို့ လို နေရာမျိုးပဲဖြစ်ပါတယ်။ တကယ်က တနိင်ငံလုံး ရဲ့ သဘ၀ပတ်ဝန်းကျင်တွေကိုထိမ်းရမှာပါ။ ဥပမာ - ထင်ရှားတဲ့ မြို့ တွေ နေရာတွေပင်မက ရွာတိုင်း၊ ရပ်ကွက်တိုင်းကိုပါ သဘ၀ပတ်ဝန်းကျင်ကို ထိမ်းသိမ်းရမယ်။ မြင့်တင်ရမယ်။ ကာကွယ်ပေးရမှာဖြစ်ပါတယ်။ ဥပမာ ကော့မှုး ဖက်မှာဆိုရင် မြွေပွေးတွေအရမ်းများလာလို့ လယ်မလုပ်နိင်ပဲပြစ်ထားခဲ့ရတာတွေတောင်ဖြစ်နေတယ်။ ဘာဖြစ်လို့ လည်း မြွေဆိုးတွေကိုနိမ်နင်းပေးတဲ့ ဇီးကွက်၊ စွန် နဲ့ တောကြောင်တွေမြိုးတုန်းလာလို့ ဖြစ်တယ်။ Ego- Balance မဖြစ်တော့လို့ ဖြစ်တယ်။ ဒါအပြင် တေဇနဲ့ သူယောက်ခမ ထူးထရိတ်ဒင်း တွေကြောင့် တပြည်လုံးကသစ်တွေကုန်ပါပြီဗျာ လို့ အမည်မဖေါ်လိုတဲ့ စိတ်ကောင်းရှိတဲ့တပ်မတော်သားတဦးကပြောပါတယ်။

ကျနော်တို့ ငယ်စဉ်က သိမ်းကြီးဈေး အပေါ်မှာ ၀ဲပျံနေကြတဲ့ ရောမ စွန်အုပ်ကြီး၊ စွန်ကြီးတွေဟာ သိပ်ကိုအကောင်ကြီးတယ်။ ဈေးသိမ်းချိန်မှာ ဈေးသည်တွေ ကျန်ခဲ့တဲ့ သားငါး အကြွင်းအကျန်တွေကို သိမ်းဆည်းဖို့ ဝဲပျံနေကြတယ်။ ခုတော့မရှိတော့ဘူးလို့ သိရတယ်။ ဘောက်ထောရပ်ကွက်က အိမ်တအိမ်ဆိုရင် ဗျိုင်းအောက်ကြီးတွေ ညနေဆိုရင်အုံခဲနားနေကြတယ်။ ခုတော့ရှိတော့မယ်မထင်ဘူး။ မြန်မာ ပြည်ရဲ့ သစ်တောကြီးကို ပေါချောင်ကောင်းဝယ်သွားတဲ့သူတွေကလည်း အာဆီယံနိင်ငံ နဲ့ တရုပ်နိင်ငံပဲဖြစ်ပါတယ်။ မြန်မာတပြည်လုံးရဲ့ သဘ၀ပတ်ဝန်းကျင်ကို အားရပါးရဖျက်ဆီးပြီး တောင်ကြီးမြို့ ကို
သဘာဝန်ပတ်ဝန်းကျင် အကောင်းဆုံးမြို့ လို့ သတ်မှတ်ပေးတာတော့ ဘယ်လို့ ဦးဏှောက်တွေနဲ့ ဆုံးဖြတ်လိုက်လည်းမသိပါဘူး။ တခုတော့ ဖြစ်နိင်စရာရှိတယ်။ တောင်ကြီးက လျပ်စစ်မီးတောင်မှ မသုံးနိင်ရှာတော့ သဘ၀ပတ်ဝန်ကျင်နဲ့ အလွန်လိုက်လျောညီထွေနေတယ်လို့  များစဉ်းစားလိုက်ကြသလားလို့ ထင်မိတယ်။

1 comment :

TTT said...

this is a good article to make everyone understand easily. I usually copy good articles to inside Burma.