စိုးသင့်ဆွေ
ကျနော်တို့ ငယ်ငယ်က ပုံပြင်ထဲက နှင်းလူ အကြောင်းကိုမကြာခဏ ဖတ်ခဲ့ရတယ်။ ကြားခဲ့ရတယ်။ ဒါဟာ ဒဏ္ဍာရီ မဟုတ် တော့ပါဘူး။ သူကို သိပပညာရှင်တွေက ရှာဖွေဖေါ်ထုတ်နေကြပါပြီ။ နိင်ငံတကာ အင်တာနက်မီဒီယာတွေမှာ သူအကြောင်း
ကို စိတ်ဝင်စားဖေါ်ပြလေ့ရှိလာပါတယ်။ မကြာသေးခင်က ရုံတင်ပြသခဲ့တဲ့ Mammy မံမီ ရုပ်ရှင်ကားမှာ နှင်းလူတွေအကြောင်း ပါခဲ့တယ်။ ဒါကြောင့် ကျနော်တို့ ကလည်း မြန်မာစာဖတ်ပရိပ်သတ် သိသင့်တယ်ယူဆလို့ ဖေါ်ပြလိုက်ပါတယ်။ ဒဏ္ဍာရီထဲကနှင်းလူရဲ့ခြေရာလို့ ယူဆရတဲ့ခြေရာတခုကို ပထမဆုံးရှာဖွေ မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ ဂျပန်စွန့်စား ရှာဖွေသူအုပ်စု တစုက ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။
ဒီခြေရာဟာ နီပေါနိုင်ငံ နဲ့ တိဗက်နိုင်ငံ နယ်နမိတ်ကြားမှာ ခြေဦးတည့်ရာ သွားလာနေတယ်လို့ သူတို့တွေ့ရှိချက်မှာ ဖေါ်ပြထားပြီး "ခြေရာဟာ ၂၀ စင်တီမီတာ ရှည်ပြီးတော့ လူသား တယောက်ရဲ့ ခြေရာ နဲ့ အသွင်တူတယ်လို့ " အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ မစ္စတာ ရာရှိတဲယု တာခါဟရှီ က AFP သတင်းဌာနကို တနင်္လာနေ့ ကပြောကြားခဲ့တာပါ။ မစ္စတာ တာခါယရှီ အပါအ၀င်သူ့ရဲ့အဖွဲ့ဝင် ခုနှစ်ယောက်ဟာ လူတဝက် မျောက်တဝက်ပုံသဏ္ဍာန်ရှိတဲ့ နှင်းလူကိုရှာဖွေဖို့ ဒီဒေသတွေ ကို သွားရောက်ခဲ့တာ ခုတကြိမ်ပါနဲ့ သုံးကြိမ်မြောက်ရှိပါပြီ။
အနောက်တိုင်းစွန့်စားရှာဖွေသူတွေ နဲ့တောင်တက်သမားများက နှင်းလူရှိကြောင်းကို လက်ဆုတ်လက်ကိုင်ပြဖို့ အတွက် ဆယ်စုနှစ်တွေနဲ့ချီပြီးတော့ရှာဖွေနေခဲ့တာပါ။ မစ္စတာတာခါယရှီ နဲ့အဖွဲ့ဟာနှင်းလူရဲ့သဲလွန်စကို
အရင်က တွေ့ရှိဘူးတဲ့နေရာ ကမ္ဘာ့အမြင့်ဆုံးတောင် ခုနှစ်ခု ထဲမှာတခုအပါအ၀င်ဖြစ်တဲ့ ဒါလာဂီရိတောင်ရဲ့ အမြင့်ပေပေါင်း ၂၅,၁၃၅တွင် ရက်ပေါင်း၄၂ရက်ကြာနေထိုင်ခဲ့ပြီး မှတ်တမ်းတင်ခဲ့တာပါ။ ရုပ်ရှင်ရိုက်ကူးမှတ်တမ်းတင်ဖို့အတွက် တော့မအောင်မမြင်ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဓါတ်ပုံအထောက်အထားကတော့ နှင်းလူရှိကြောင်းပြနိုင်ဖို့ လုံလောက်တဲ့သက်သေပဲလို့ မစ္စတာတာခါယရှီက ပြောကြားလိုက်ပါတယ်။ သူအပါအဝင် အခြားအဖွဲ့ဝင်တွေဟာ လွန်ခဲ့တဲ့နှစ်တွေက ဟိမဝန္တာတောင်များဆီလာရောက်ခဲ့ဖူးပြီး သမင်၊ ဝက်ဝံ နဲ့ နှင်းကျားသစ် ခြေရာတွေကိုတွေ့ရှိခဲ့ပြီး အခုတွေ့ရတဲ့ ခြေရာမျိုးကိုတော့ ဘယ်တုန်းကမှမတွေ့ရှိခဲ့ပါဘူး။
အခုတော့ဒေသခံလူတွေရဲ့ နှင်းလူအကြောင်းပြောကြားချက်တွေ၊ ပုံပြင်ဒဏ္ဍာရီတွေဟာစိတ်ကူးယဉ်မှုသက်သက် မဟုတ်ကြောင်း ဒီ ခြေရာမှတ်တမ်းတင်ဓါတ်ပုံက သက်သေပြနိုင်ခဲ့ပါပြီလို့ မစ္စတာတာခါဟရှီကပြောကြားပါတယ်။
သူတို့အဖွဲ့ဟာလှုပ်ရှားမှုမှတ်တမ်းတင်ကင်မရာ၉ခုနဲ့ ရိုက်ကူးခဲ့ရာမှာနှင်းလူနဲ့အလားသဏ္ဍာန်တူအရိပ်လို့ထင်ရတဲ့ အရိပ်မည်းကိုတွေ့ခဲ့တာပါ။ မီတာ၂၀၀အကွာအဝေးမှာရှိတဲ့ ဒီအရိပ်မည်းဟာလူသားတဦးကဲ့သို့ ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်ပြီး ၁၅၀ စင်တီမီတာအမြင့်ရှိတယ်လို့ဆိုပါတယ်။ ဒီတကြိမ်နှင်းလူကို ဗီဒီယိုနဲ့ မှတ်တမ်းတင်ဖို့ မအောင်မြင်ခဲ့ပေမဲ့ နောက်များမကြာမှီ နှင်းလူကို သူတို့မှတ်တမ်းတင်နိုင်တော့မှာပါလို့ မစ္စတာတာခါဟရှီက ပြောကြားသွားပါတယ်။
Source : Japan team Finds 'Yeti footprints' in Nepal (AFP)
Date : Oct 20, 2008
www.everst.co.jp/yeti2008/
Rest of your post
Tuesday, 21 October 2008
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment