မြောက်ကိုရီးယား နိင်ငံခြားရေး ၀န်ကြီး ကင်ယောင်အီး က ဒီနေ့ရန်ကုန်ကိုရောက်လာတယ်။ သူ ၅ ရက်ကြာနေမယ်လို့ သိရတယ်။မြန်မာရောမြောက်ကိုရီးယားကအမေရိကန်ကနေစီးပွားရေပိတ်စို့အရေးယူထားတာကိုခံနေရတဲ့နိင်ငံတွေဖြစ်ပါတယ်။မြောက်ကိုရီးယားက
အဆင့်မြင့်ခေါင်းဆောင်တယောက်မြန်မာပြည်ကို ပြောင်ပြောင်တင်းတင်းလာရောက်လည်ပတ်တာကတော့အမေရိကန်သမတ အသစ် ဘာရက်အိုဘားမား တက်လာတဲ့အချိန်နဲ့ တိုက်ဆိုင်နေတာကတော့ ထူးခြားနေပါတယ်။ အီရန်ကို နယူးကလီးယား နည်းပညာတွေ လွဲပြောင်းပေးမဲ့  လေယာဉ်ဟာ ပြီးခဲ့တဲ့အပတ်ကလည်း မင်္ဂလာဒုံ လေဆိပ်မှာ ရပ်နားသွားပါသေးတယ်။ ဒီလေယာဉ်က အိန္ဒိယမှာ တထောက်နားဖို့တောင်းဆိုပေမဲ့အိန္ဒိယအစိုးရ ကငြင်းလိုက်တဲ့အတွက် လေယာဉ် ပြန်လှည့် သွားရပါတယ်။အမေရိကန်က အိန္ဒိယ အစိုးရကို ကျေးဇူးတင်ကြောင်းပြောခဲ့တယ်။
• ဒီခရီးစဉ်ဟာ အမေရိကန် ဆန်ကျင်ရေးမှာ မြန်မာ နဲ့ မြောက်ကိုးရီးယား မြန်မာ ပူးပေါင်း ကြံစည်မှု ကို
မြင့်တင်လာတာ တရားဝင်ဖေါ် ပြလာတာဖြစ်ပါတယ်။ မြောက်ကိုရီးယား မြန်မာစစ်အစိုးရကို
နျုလီးယားနည်းပညာတွေပေးလာနိင်တယ်ဆိုတာ မြေကြီးလက်ခတ်မလွဲနိင်ပါဘူး။
• ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တိုးတက် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အရေးတကြီးလိုအပ်နေချိန်မှာ အန္တရယ် ရှိတဲ့ နျုကလီးယား နည်းပညာတွေကို မဆင်မခြင် ဖလှယ်နေတာ ဟာ ဒေသတည်ငြိမ်ရေးနဲ့  ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေတာဖြစ်တယ်။
- မြန်မာ နိင်ငံအနေနဲ့  စီးပွာရေးပျက်ကပ်ဖြစ်နေတာ၊ ဆင်းရဲ မှု ၊ ရောဂါဘယာကပ်ဆိုးတွေ အကြီးအကျယ်ဖြစ်နေတာတွေဟာတကယ်တော့ မြန်မာစစ်အစိုးရရဲ့ မှားယွင်းတဲ့ နိင်ငံခြားရေးမူဝါဒများကြောင့်ဖြစ်တယ်။ မြန်မာပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုနဲ့  စီးပွာရေးဖွင့်ဖြိုးအောင်ဆောင်ရွက် ဖို့ အတွက် အမေရိကန်အပါအ၀င်အနောက်နိင်ငံတွေရဲ့  ပူပေါင်းဆောင်ရွက် မှုကို တိုးမြင့်တဲ့ နိင်ငံခြားရေးရာ မူဝါဒတွေကိုကျင့်သုံးသင့်တယ်။ အထူးသဖြင့်အမေရိကန်နဲ့  ဆက်ဆံရေးပြေလည်အောင်ဆောင်ရွက်ရမဲ့ အစား အမေရိကန်ကိုရန်လိုနေတဲ့ မူဝါဒတွေဟာ တိုင်းပြည်ကို ဂျောက်ထည်း ကျအောင်လုပ်ဆောင်နေတာသာဖြစ်တယ်။
- မြောက်ကိုးရီးယားနဲ့  တပူးတွဲတွဲ လုပ်နေတဲ့ဆက်ဆံရေးကို လုံးဝရပ်ဆိုင်းသင့်တယ်။ အန္တရယ်ဆိုးကိုဖိတ်ခေါ်နေတာသာဖြစ်တယ်။
မြန်မာ နစ်နိင်ငံ သံတမာန်ဆက်ဆံရေး ကို အေပြီလ ၂၀၀၇ ခုနစ်က နေပြန်စထားကြတာ ဖြစ်တယ်။ ၁၉၈၃ ခုနစ် မှာ တောင်ကိုရီးယား သမတချွန်ဒူးဝမ်နဲ့  သံတမန်တွေ ရန်ကုန်မြို့ အာဇာနည်ဗိမာန် မှာ လာရောက် အလေးပြုနေတုံးမှာ မြောက်ကိုရီးယား သူလျိုလ်တွေက လာရောက်လုပ်ကြံ ခဲ့တယ်။ ဒီနောက်ပိုင်းကစပြီး နှစ်နိင်ငံသံတမန်ဆက်ဆံရေး ပြတ်တောက် ခဲ့တယ်။
No comments :
Post a Comment