Friday, 7 November 2008
အိုဘားမား စီးပွားရေး ပညာရှင်များ လုပ်ငန်းရှင်များ နဲ့ တွေ့ မယ်။
အေပီ-သတင်းဌာန
ရွေးကောက်တင်မြောက်ခံ သမတ အိုဘားမား က စီးပွားရေးပညာရှင် တွေကို ဖိတ်ခေါ်လိုက်ပါတယ်။ ဒါကတော့ မမောက်ကမ ဖြစ်နေတဲ့ စီပွာရေးအခြေအနေ တွေကို ကုစားဖို့ ပထမခြေလှမ်းတရပ် ဖြစ်ပါတယ်။ သူခေါ်ယူတွေ့ ဆုံမဲ့  သူတွေထဲမှာ သမတ ကလင်တန်လက်ထက်က ဘဏ္ဍာရေးဆိုင်ရာဌာန ရဲ့  အတွင်းရေးမှုး လော့ရင့် ဆမ်းမား လည်း ပါဝင် တယ်။ သမတရဲ့  မဲဆွယ်စည်းရုံးပွဲ တလျောက်လုံးမှာ လူလတ်တန်းစားတွေကို ဦးစားပေးထားတဲ့ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ပေါ်လစီကို ထုတ်ဖေါ်ခဲ့တယ်၊ ဒီလို အခွင့်အရေးမျိုး ကင်းမဲ့နေတဲ့ ဆယ်စုနစ်ကျော်ကြာခဲ့ ပြီဗျ လို့ ဆမ်းမား က NBC သတင်းဌာန နဲ့ တွေ့ ဆုံခန်းမှာ ဖြေကြားသွားခဲ့ပါတယ်။ ပညာရှင်တွေနဲ့ တွေ့ ဆုံပွဲမှာ စီးပွားရေးလုပ်ငန်း ရှင်တွေကိုလည်း အိုဘားမားက ဖိတ်ခေါ်မှာ ဖြစ်ပါတယ်။ ဖိတ်ခေါ်မဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ကတော့ Xerox Group , Time Warner Inc.,. Google Inc. and the Haytt Hotel Company နဲ့ တွေ့ ဆုံမှာ ဖြစ်တယ်။ လုပ်ငန်းရှင်ကြီး Warren Buffett ကတော့ တယ်လီဖုန်းကနေ ဆွေးနွေးမှာ ဖြစ်တယ်။ ပညာရှင်တွေနဲ့  လုပ်ငန်းရှင်တွေ ဆီက အကြံညဏ်တွေကို
သူရယူဖို့ အတွက် ခုလိုဖိတ်ခေါ်တာဖြစ်တယ်လို့ အိုဘားမားကဆိုပါတယ်။
at 09:43
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment