Thursday 13 November 2008

တရုပ် နိင်ငံ စီးပွားရေး ကျဆင်းမှု က မျော်မှန်းထားတာထက်ဆိုး


ကမ္ဘာစီးပွားရေးကျဆင်းမှုကြောင့် တရုပ် နိင်ငံ စီပွား ရေးဟာ မျှော်မှန်းထားတာထက် ဆိုးဝါးတဲ့ အခြေအနေကိုရင်ဆိုင်နေရတယ်လို့ တရုပ်ဝန်ကြီးချုပ် ၀န်ကျားပေါင် က ၀န်ခံလိုက်ပါတယ်။ သူက အမျိုးသား စီမံကိန်း ဗျူရို ဒါရိုက်တာ မာ ဂျန်တန် ရဲ့ အစီရင်ခံစာကို ကိုးကားပြီး ပြောဆိုခဲ့တာဖြစ်တယ်။ သူရဲ့  ပြောဆိုချက်ကို တရုပ် အစိုးရ အင်တာနက်စာမျက်နာမှာဖေါ်ပြထားတယ်။ တရုပ်အစိုးရက လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ စီးပွားရေးပြန်လည်ဦးမော့လာနိင် ဖို့ အတွက် ထောက်ပံငွေ အမေရိကန် ဒေါ်လာ ၅၈၆ ဘီလီယံဒေါ်လာ တန်ဖိုး ရှိတဲ့ စီမံချက်တရပ်ကို ပြဌာန်းခဲ့ပါသေးတယ်။ တရုပ်အစိုးရက အခြေအနေ မှန်ကို ပြည်သူတွေကို ချပြတာကတော့ ချီးကြူးရမှာပါပဲ။

No comments :