Thursday, 13 November 2008
အာရှ စတော့ဈေးကွက် ကျဆင်းနေဆဲ
ကြသာပတေးနေကတော့ ဥရောပ စတော့ဈေးကွက် ကျဆင်းနေတယ်။ ဒီဂယက်က အာရှ ဈေးကွက်ကိုလည်း သက်ရောက်မှုရှိခဲ့ပါတယ်။ အမေရိကန် စတော့ဈေးကွက် ဝေါလ်စတွဒ် (Wall Street ) က ဒီအခြေအနေကို စိုးရိမ်ပူပန်နေတယ်။ စီပွားကျဆင်းမှု က ခန့် မှန်းထားထက် ဆိုးဆိုးဝါးဝါး ပျံနှံမဲ့ အနေထားပဲလို့  စတော့ဈေး ကွက် ဗျူဟာ မှုး ဟောဂျွန် ဆင် (Hugh Johnson ) က ဆိုပါတယ်။ လန်ဒန်၊ ပြင်သစ် နဲ့ ဖရင်ဖတ် စတော့ ဈေး ကွက်တွေ မှာ စတော့ဈေးတွေ ကျဆင်းနေတယ်။ ဂျပန် နိင်ငံ နစ်ကီ စတော့ ဈေးကွက် မှာ တော့ ဈေးပိတ်ချိန်မှာ ၅ ဒသမ ၃ ရာခိုင်နှုန်း၊ ဆိုးလ်မြို့ မှာတော့ ၃ဒသမ ၂ နဲ့ ဈေးပိတ်ခဲ့ပါတယ်။ သြစတေးလျ မှာတော့ ၅ဒသမ ၄ နဲ့ ဟောင်ကောင်း မှာ ၆ ရာခိုင်နှုန်းတွေနဲ့ ဈေးပိတ်ခဲ့ပါတယ်။ အမေရိကန် သမတရွေးကောက်ပွဲမှာ လူထုက မျှော်လင့်ချက်တွေနဲ့ အိုဘားမားကို ရွေးကောက်ခဲ့ပေမဲ့  စတော့ဈေးကွက်မှာတော့ မျော်လင့်ချက်က မှေးမိန်နေတုံးပဲဖြစ်ပါတယ်။ စတော့ဈေးကွက် ကျဆင်းနေရင်တော့ ကုန်သွယ်ရေးနဲ့  ထုတ်လှုပ်မှုတွေလည်း လျော့ကျလာနိင်ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြန်လည်ဦးမော့လာနိင်မှု ကတော့ အလှမ်းဝေးနေဦးမှာပဲဖြစ်ပါတယ်။ ( ဓါတ်ပုံ- ဟောင်ကောင်း စတော့ ဈေးကွက် ကျဆင်းနေမှု အပေါ် ၀န်ထမ်းများ ခေါင်း ကိုက်နေစဉ် )
at 03:09
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment