အမေရိကန် အာဏာစက် ကုန် နေပြီ လော
-သာကျော်-
အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာ မှ လာမည့် အနှစ် ၂၀ အတွင်းကမ္ဘာ ပေါ်၌ အမေရိကန် သြဇာလွှမ်းမိုးမှု သည် အဖက်ဖက်မှကျဆင်းလာမည်ဖြစ်ကြောင်း သုံးသပ်ထားပါတယ်။ ဒီအစီရင်ခံ မှာ စာမျက်နှာ ၁၂၀ ပါဝင်ပြီး၊ အနာဂတ်မှာ ဖြစ်ပေါ်နိုင်သော စိမ်ခေါ်မှုများကို ထည့်သွင်းဖော်ပြထားပါသည်။
အမျိုးသား ထောက်လှမ်းရေးကောင်စီ (National Intelligence Council-NIC ) ၏ ကြိုတင် ခန့်မှန်း သုံးသပ် ချက် အရ အနာဂါတ်တွင် အမေရိကန် နိုင်ငံသည် တရုပ်၊အိန္ဒိယ၊ရုရှား တို့ ၏ ကမ္ဘာနိုင်ငံများအပေါ် သြဇာ သက်ရောက်မှု များကြောင့် ပိုမိုစိန်ခေါ် မှုများ ရင်ဆိုင် လာကြမည်ဟု ဖော်ပြခဲ့ပါသည်။ အမေရိကန်သုံး ဒေါ်လာ ငွေသည် ကမ္ဘာအဓိက ငွေကြေးအဖြစ် တည်ရှိနိုင်တော့မည် မဟုတ်သလို၊ အစားအစာ ရှားပါးလာမှု သည် လည်း ကမာ့္ဘပြဿနာ များကို ဖန်တီးဖော်ဆောင် လာမည်ဖြစ်သည်။
သို့သော်လည်း ဤအခြေအနေသို့  လှေနံဓါးထစ် ရောက်ရှိ လာနိုင်ခြင်း ရှိ၊မရှိ မှာ အနာဂါတ် ကမ္ဘာ့ခေါင်း ဆောင် များ အပေါ်၌ မူတည်နေ သေးကြောင်း၊ ထောက်ပြ ထားသည့်အပြင်၊ နောင်တွင် ဖြစ်ပေါ်လာ နိုင်သောတိုးတက်မှု၊ ဆုတ်ယုတ်မှုများကိုလည်း ၄င်းအစီရင်ခံစာ၌ ပွင့်ပွင့်လင်းလင်း အကြံပြု ဆွေးနွေး တင်ပြထားပါသည်။
ဤအခြေအနေများ သည် ရွေးကောက်ခံ အမေရိကန်သမ္မတ အိုဘားမားအတွက် အလားအလာ ကောင်း များမဟုတ်ဟု BBC မှ ဂျိုနသန် ဘီးလ်က ၀ါရှင်တန် ၌ ပြောကြားသွားသည်။ လာမည့်အနှစ် ၂၀ အတွင်း အသစ် ဖြစ်လာမည့် စံနစ်သို့ အသွင်ကူးပြောင်းရာ၌ အခက်အခဲ အကျပ် အတည်း များစွာရင်ဆိုင်တွေ့ နိုင်သည် ဟု NIC မှ ၄နှစ်တကြိမ် သမ္မတသက်တမ်း တခုအတွင်း ပြုစုတင်သွင်းသော နိင်ငံတကာ လမ်းကြောင်း ၂၀၂၅ (Global Trends 2025 ) အစီရင်ခံစာ ၌ ဖော်ပြခဲ့သည်။
ဝါရှင်တန် အနေနဲ့  စစ်ရေးအရ အားဖြင့် အထက်စီးက သိသိသာသာလေး ရှိနေဦးမည်။ သို့ သော် သိပ္ပံနှင့် နည်းပညာ တိုးတက်မူအပိုင်း၊ ပုံမှန် မဟုတ်သော နည်းဗျူဟာသစ်များ၊ တာဝေးပစ်လက်နက် တီထွင် ထုတ်လုပ်မှု များ၊ ဆိုင်ဘာ တိုက်ပွဲများ အပိုင်း ၌ အားနည်း လာဖွယ်ရာရှိပါသည်။ အမေရိကန်အနေဖြင့် ကမ္ဘာ့အလယ်၌ အဓိက သရုပ်ဆောင်အဖြစ် ကျန်ရှိနေဦးမည်ဖြစ်သော်လည်း သြဇာ အားနည်း လာမည် ဖြစ်သည်ဟု ဖော်ပြ သွား ပါသည်။
NIC ၏ ၂၀၀၄ အစီရင်ခံစာ၌မူ အမေရိကန်၏ သြဇာသည် ကမ္ဘာ ပေါ်၌ ဆက်လက် ခိုင်မာလျက် ရှိမည်ဟု တင်ပြခဲ့သော်လည်း၊ လက်ရှိနိုင်ငံတကာ၌ တရုပ်၊အိန္ဒိယ၊ရုရှား၊ဘရာဇီးလ်တို့၏ အရေးပါလာမှု၊ စီးပွားရေး အောင်မြင် ကြီးထွားလာမှုတို့သည် အမေရိကန်နှင့်အပြိုင်အဆိုင်ဖြစ်လာသည်၊တချိန်တည်း၌ပင် ဥရောပသမဂ္ဂ အနေဖြင့်လည်း ဒုက္ခိတ ဘီလူးကြီးပမာ ဖြစ်လာမည်ဖြစ်ပြီး၊ ၄င်း၏စီးပွားရေး ဓနအင်အားကို သံတမာန်ရေး၊ စစ်ရေးအင်အား အဖြစ် ပြုပြင် ပြောင်းလဲ အသုံးချ နိုင်ဖွယ်ရာ မရှိဟုသုံးသပ်ထားပါသည်။
ကမ္ဘာစူပါ ပါဝါခွဲဝေမှု ပိုမိုများပြားလာခြင်းကြောင့် ကမ္ဘာတည်ငြိမ်မှု အားနည်းလာမည်ဖြစ်ပြီး ပဋိပက္ခများ ပိုမိုကြီးထွားလာမည် ဟူ၍လည်း သုံးသပ်ထားပါသည်။ ကမ္ဘာကြီးပူနွေးလာမှု၊ လူဦးရေတိုးပွားလာမှု၊ စီးပွားရေးဖွံ့ ဖြိုးတိုးတက်လာမှုတို့ ကြောင့် သံယာဇာတများ ကုန်ဆုံး လာမည်ဖြစ်ပြီး၊ ထိုပြဿနာသည် နိုင်ငံအချင်းချင်း အငြင်းပွားမှု၊ ပြိုင်ဆိုင်လာမှု တို့ ကိုမီးထိုးပေးသကဲ့သို့ ဖြစ်လာပေလိမ့်မည်။
အဓိကပြဿနာများမှာ ကုန်သွယ်ရေး၊ ရင်းနှီးမြုတ်နှံရေး၊ နည်းပညာတီထွင် ဖန်တီး အောင်မြင်မှု များကြောင့် ပေါ်ပေါက်လာနိုင်ပါသည်။ သို့ သော် ၁၉ရာစု အတွင်းပေါ်ပေါက်ခဲ့သော နယ်ချဲ့ ခြင်း၊စစ်လက်နက်အပြိုင်အဆိုင် တပ်ဆင်ခြင်း နှင့်စစ်ရေးပြဿနာများ ပြန်လည် ပေါ်ပေါက်လာနိုင်ခြင်း ဖြစ်လာနိုင်မည်မဟုတ်ပါ။ ထိုဖြစ်ပေါ်လာ နိုင်သည့် ပြဿနာများ နှင့်သံယာဇာတများ ရှားပါးလာမှုများသည် အာဖရိက၊တောင်အာရှ နိုင်ငံများရှိ အစိုးရများ ကို ပြိုလဲစေနိုင်ပြီး၊ ဥရောပအရှေ့ နှင့် အလယ်ပိုင်းတို့ တွင် ဒုစရိုက်ဂိုဏ်းများ ထကြွ သောင်းကျန်း လာကြ ပေလိမ့်မည်။ အနုမြူလက်နက် သုံးစွဲလာမှု မြှင့်မားလာမည်ဖြစ်ပြီး စစ်ဝါဒီ တိုင်းပြည်များနှင့် စစ်သွေးကြွများ လက်သို့ အနုမြူလက်နက်များ ရောက်ရှိသွားနိုင်ပါသည်။
အဲလ်ကေဒါး အဖွဲ့ မှာ မူဆလင်များကြား၌ လေးစားထောက်ခံမှု အားနည်းလာပြီး လူများ ထင်ကြေး ပေးထား သည့် အချိန်ထက် ပိုမိုဆောလျင်စွာ ကွယ်ပျောက် ပျက်စီးသွားမည်ဖြစ်သည်။ အဲလ်ကေဒါး အဖွဲ့ အနေနဲ့ ကတော့ အခြားအဖွဲ့ တွေ လိုပဲ တဖြေးဖြေး လုံးပါးပါး ပျောက်ကွယ်သွားလိမ့်မည် ။ ထိုသို့ ဖြစ်ရခြင်းမှာ ကြမ်းတမ်း တဲ့ အယူဝါဒ ၊ မဟာဗျုဟာ ရည်မှန်း ချက်များ မအောင်မြင်မှု နှင့် လူထု လှုပ်ရှားမှု ကြီးအသွင့်သို့ မကူးပြောင်းနိင် သောကြောင့်ဟု အစီရင်ခံစာက ဖေါ်ပြထားပါသည်။ အစီရင်ခံစာ က ပဋိပက္ခ အသစ်တွေကို တားဆီးနိင် ဖို့ ပြင်ဆင်ထား ရန် ခေါင်းဆောင်များကို အကြံပြုထားပါသည်။ အဆိုပါ ပဋိပက္ခ များက လူသားများ အဖို့ မမျော်မှန်းထားနိင်သော အရာများ ဖြစ်လာလိမ့်မည် ဟု သောမက်စ် ဖင်ဂါ(Thomas Fingar ) က ထောက်ပြ ထားပါသည်။
အစီရင်ခံစာ အပြည့်အစုံကို ဖတ်ရှုလိုလျှင် ဒီမှာ ကလစ်လုပ်ပါ။
Rest of your post
No comments :
Post a Comment