Sunday 23 November 2008

ဗာတီကန် က ဂျွန်လင်နွမ် ကို ခွင့်လွတ် လိုက်ခြင်း



၁၉၆၀ ၀န်းကျင် က လူငယ်တွေဟာ စစ်အေးတိုက်ပွဲ ရဲ့  ဒဏ်တွေကိုခံစားခဲ့ရတယ်။ စစ်အေးတိုက်ပွဲဆိုတာက အမေရိကန် ပြည်ထောင်စုနဲ့  ဆိုဗီယက်ပြည်ထောင်စု ( ယခုရုရှား နိင်ငံ) တို့  ကြားမှာ နိင်ငံတကာ ဖြစ်ပေါ်နေတဲ့ နိင်ငံတကာ ပဋိပက္ခ ကြီးဖြစ်ခဲ့ပါတယ်။ ကမ္ဘာကြီးမှာ အုပ်စုတွေ ဖြစ်ပေါ်လာခဲ့တယ်။ အဓိက အုပ်စုကြီး နှစ်ခုကိုတော့ အမေရိကန် အုပ်စု၊ ဆိုဗီယက် အုပ်စုလို့ ခေါ်ခဲ့တယ်။ တခါတလေလည်း နေတိုးအုပ်စု ( အနောက်အုပ်စု) နဲ့  ၀ါဆောအုပ်စု ( အရှေ့ အုပ်စု ) လို့ ခေါ်ခဲ့တယ်။ ဒီအုပ်စုကြီးနှစ်ခု ကြားမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခ ကို အရင်းရှင်ဒီမိုကရေစီ နဲ့  ကွန်မြူနစ် ကြားမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခ လို့ ခေါ်ခဲ့တယ်။

ရလဒ်ကတော့ အုပ်စုနစ်ခုစလုံး အောက်မှာ ရှိတဲ့ ပြည်သူတွေမှာ လူ့ အခွင့်အရေး၊ တရားမျှတမှုနဲ့ ဒီမိုကရေစီ ဟာ အကြီးအကျယ် ဆုံးရှုံးမှု တွေဖြစ်ပေါ်ခဲ့တယ်။ ဒီကာလကို ချီလီက ကဗျာဆရာကြီး ပတ်ဗလိုနီရူဒါရဲ့  သစ်ခွဲသမား နိုးထပါစေ ဆိုတဲ့ကဗျာ မှာ '' ညစ်ပေတဲ့နှစ်များ ၊ မျက်ကန်းကြောင်တောင်တွေရဲ့ နှစ်များနဲ့  ရန်ငြိုးကြောင်တောင်များရဲ့ နှစ်များ'' လို့ သမုတ်ခဲ့တယ်။ဒီကြားထဲမှာ ဗီယက်နမ် စစ်ဖြစ်ပွားလာ တဲ့အခါမှာတော့ တင်းမာမှုက အမြင့်ဆုံးပိုင်းကိုရောက်လာတယ်။ ဒီဂယက်က အနောက်အုပ်စု မှာရှိတဲ့ လူငယ်တွေကို အကြီးအကျယ် လွမ်းမိုးခဲ့တယ်။
ပဋိပက္ခ ကြီး အတွက် လမ်းကြောင်းမှန် -အာရုံဦး တံတား ဟာ မြူနှင်းတွေကြား မှုန်ဝါးဝေသီနေခဲ့တယ်။ ခရီးသွားယောက်ျား က ဘယ်လမ်းကြောင်းကိုလိုက်ရမလဲ အရှေ့ လား၊ အနောက်လား ဝေခွဲ မရခဲ့ဘူး။ နှင်းမှုန်တွေထူထပ်လွန်းခဲ့တဲ့ ဆောင်းရက်ရှည်များ က လူငယ်တွေရဲ့ ရင်ခုန်သံ အမြင့်ဆုံး အပိုင်းကို ရောက်လာတယ်။ ဂီတသံစဉ်တွေမှာ လှိုင်းလေထန်ခဲ့တယ်။ ဂျွန်လင်နွမ်ရဲ့  Imagine သီချင်းက ဒီအခြေအနေကို ကိုယ်စားပြုပေးခဲ့တယ်။

'' Imagine there's no heaven
It's easy if you try
No hell below us
Above us only sky
Imagine all the people
Living for today...

Imagine there's no countries
It isn't hard to do
Nothing to kill or die for
And no religion too
Imagine all the people
Living life in peace... ''

You may say I'm a dreamer
But I'm not the only one
I hope someday you'll join us
And the world will be as one


လက်ဝဲ၊ လက်ယာ နိင်ငံရေး ပြသာနာတွေရဲ့ အရင်းခံ၊အရင်းရှင်နဲ့ ကွန်မြူနစ် ဖိနှိပ်သူတွေနဲ့ အဖိနှိပ်ခံတွေရဲ့  ရန်ငြိုး၊ ဒါတွေအားလုံးဟာ ဘာသာရေး က မူလဘူတအရင်းခံလို့ သူခံယူခဲ့ပုံရတယ်။ ပြသာနာတွေ ရဲ့ ဝေးရာ ငြိမ်းချမ်းတဲ့ နယ်မြေတခုကို သူပြင်းပြင်းပြပြ လိုခြင်လာတယ်။ ဒီနေရာက တော့ ဘုရားသခင်ဖန်တီးပေးထားတဲ့ လောကလိုတော့ မဟုတ်ဘူး။ ကောင်းကင်ဘုံလည်း မရှိတော့ဘူး ငရဲ ဆိုတာလည်းမရှိဘူး လို့ ဆိုတယ်။ ဒီနေရာ ကို သွားမယ်။ စိတ်ကူးယဉ်ဆန်သူလို တော့ သူ့ ကိုမယူဆနဲ၊့ တချိန်မှာ မင်းလည်း ငါနဲ့ အတူ ပေါင်းစည်းလာမယ်လို့ သူက ကျူးရင့်ခဲ့တယ်။

ဒီသီချင်းက ပူပင်သောကရောက်နေတဲ့ ခရစ်ယန်တွေ ( Frustrated Christian ) ကို ဒေါသ ထွက်သွား စေခဲ့တယ်။ သူရဲ့ သီချင်း အဲလ်ဘန်တွေကို မီးရှို့ လွှင့်ပြစ်ပြီး၊ ဂျွန်လင်နွမ်ကို တုန့် ပြန်လိုက်ကြတယ်။ သူရဲ့ ကျော်ကြားမှုကတော့ နိင်ငံရေးအုပ်စုနစ်ခုစလုံးမှာ ပါဝင်တိုက်ခိုက်နေတဲ့ လူငယ်တွေကြား အတိုင်းဆမရှိ ဖြစ်ခဲ့တယ်။ ၁၉၆၆ ခုနစ်မှာတော့သူတို့  ဂီတအဖွဲ့  - Beatle က ယေရူခရစ် ထက်တောင်မှ ကျော်ကြား နေပါပြီလို့  ကြွေးကြော်လိုက်တဲ့အခါမှာတော့ ခရစ်ယန် တွေကြားမှာ သူ့ ကို သည်းခံနိုင်မှု ကုန်ခဲ့တယ်။ ခရစ်ယန်ဂိုဏ်း အုပ်ကြီး နေတဲ့ ဗာတီကန် က သူကို အလွန်အောက်ခြေလွတ်သူလို့ ရှုတ်ချခဲ့တယ်။ ဒီစကား ပေါ်မှာ ခရစ်ယန်ပရိသတ်ကို ဂျွန်က တောင်းပန်ခဲ့ပါတယ်။ သူရဲ့ တေးသီချင်းတွေကို တချို့ ရေဒီယိုတွေ က ထုတ်လွင့်ဖို့ ငြင်းဆန်ခဲ့တယ်။

၁၉၈၀ ဒီဇင်ဘာလ ၈ ရက် နေ့မှာ သူကို အရူးအမှုး ကြိုက်တဲ့ သူပရိသတ်တယောက်က နယူးယောက်မြို့ မှာ သူကို သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်တာကို သူခံရတယ်။ နောက်တော့ ဘာလင်တံတိုင်းပြိုကြ၊
ပဋိပက္ခက အသွင်ပြောင်း၊ ပြိုင်ဆိုင်မှု ကနေ ပူးပေါင်းမှု သို့ ဦးတည်၊ နစ်ပေါင်း ၄၃ နီးပါးကြားလာပြီး သကာလ၊ ဗာတီကန်လည်း တည်ငြိမ်စ ပြုလာပုံရတယ်။ ဗာတီကန် အာဘော်သတင်းစာဖြစ်တဲ့ Osservatore Romano မှာ မနေ့ က ဂျွန်ကို ခွင့်လွတ်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်တယ်။ ဒီတော့ ဂျွန်လင်နွမ်နဲ့  ဗာတီကန် ကြား က ပြသာနာ လည်း နိဂုံးချုပ်ခဲ့ပြီပေါ့။

No comments :