Saturday 22 November 2008

၁၀၃ နှစ် ကြာပြီးနောက် အိန်းစတိုင်း၏သီအိုရီမှန်ကန်ကြောင်း သက်သေပြချက်


-သာကျော်-

ပြင်သစ်၊ဂျာမန်၊ ဟန်ဂေရီ ရူပဗေဒ ပညာရှင်များ၏ ကျေးဇူးကြောင့်
ရာစုနှစ်တခု ကြာပြီးနောက် ရူပဗေဒပညာရှင် ကြီး အိန်းစတိုင်း ၏ E= mc^2 ပုံသေနည်းသည် ခိုင်မာကြောင်း အတည်ပြု သက်သေ ပြနိုင်ခဲ့သည်။

ပြင်သစ် သီအိုရီတစ်ကယ်လ် ရူပဗေဒ ဗဟိုဌာန မှ လောရင့် လဲအော့ခ်ျ ဦးဆောင် သော အဖွဲ့ က ကမ္ဘာ့ အဆင့်မြင့်ဆုံး ကွန်ပြူတာများသုံး၍ ပရိုတွန်၊ နယူတွန် တို့၏ ဒြပ်ထုများ၊ အက်တွမ်နယူကလိရပ်စ်၏ ဒြပ်စင်များကို တွက် ချက် ၍ အိန်းစတိုင်း၏ ပုံသေနည်းကို အဖြေရှာသက်သေထူခဲ့ကြခြင်းဖြစ်သည်။

မူလ ဒြပ်စင်ရူပဗေဒ ပုံစံ အရ ပရိုတွန်နှင့်နယူတွန်တို့ ၌ ပိုမို၍ သေးငယ်သော ကွာခ် (Quark) ဟုခေါ်သော ဒြပ်စင်များပါဝင်ပြီး ၄င်းဒြပ်စင်လေးများကို ဂလူအွန်(Gluon) တို့ က ၀ိုင်းရံထားသည်။ ပဟေဌိ အချက်မှာ ဂလူအွန် ၏ဒြပ်ထု မှာ သုည ဖြစ်ပြီး ကွာခ် ၏ ဒြပ်ထုမှာ ၅ ရာခိုင်နှုံးသာ ပါဝင်သဖြင့် ကျန်နေသော ၉၅ ရာခိုင် နှုံး မှာ ဘယ်ရောက် သွားသနည်း ပင်ဖြစ်သည်။ အမေရိကန် သိပ္ပံဂျာနယ်မှ ကျန် ရှိနေသော ၉၅ ရာခိုင်နှုံး မှာ ကွာခ် နှင့် ဂလူအွန်တို့ အကြား အပြန်အလှန်ရွေ့ လျား တွန်းကန်တိုက်ခိုက်မှုတို့မှ ဖြစ်ပေါ်လာသော စွမ်းအင်မှ ထွက်ပေါ်လာခြင်း ဖြစ်သည် ဟုဖော်ပြခဲ့သည်၊ တနည်းအားဖြင့် ဆိုရသော် စွမ်းအင်နှင့် ဒြပ်ထု တို့ အချိုးကျမှု ရှိသည် ဖြစ်၍ ၁၉၀၅ ခုနှစ်၌ ဆရာကြီးအိန်းစတိန်းဖော်ထုတ် ခဲ့သော Relativity Theory အတိုင်းထပ်တူတူညီမှုရှိခဲ့သည်။

E= Energy(စွမ်းအင်)၊ m= mass(ဒြပ်ထု) ၊ c=အလင်းအလျင် ဟုဆရာကြီးအိန်းစတိုင်းက အဓိပ္ပါယ် ဖွင့်ဆိုခဲ့ပါသည်။ E=mc^2 ဖော်မြူလာ က ဒြပ်ထုနှင့်စွမ်းအင်သည် တိုက်ရိုက် အချိုးကျသည်ဖြစ်၍ အလွန်သေးငယ်သော ဒြပ်ထုမှကြီးမားသော စွမ်းအင်ဖော်ထုတ်နိုင်သကဲ့သို့ အလားတူ စွမ်းအင်မှလည်း ဒြပ်ထုပြန်လည်၍ ဖော်ထုတ် နိုင်လေသည်။ တိကျသောဒြပ်ထုပမာန မှ စွမ်းအင်မည်မျှ ပြောင်းလဲ ထုတ်လုပ်နိုင်သည် ကိုဖော်ပြသည့် ဤ ပုံသေနည်းအား အထူးသဖြင့် အနုမြူ လက်နက်များ ထုတ်လုပ်ရန် အတွက် အဓိကသီအိုရီတခု အဖြစ် အခါပေါင်း များစွာအသုံးချခဲ့ပါသည်။

ယခင်က ဤပုံသေနည်းသည် သီအိုရီတခုအဖြစ်သာတည်ရှိခဲ့ပြီး ယခုမှသာ ပိုမိုခိုင်မာအတည်ပြု ပြနိုင်ခဲ့ သည်ဟု ပြင်သစ်အမျိုးသား သိပ္ပံသုတေသနဗဟိုမှ ဂုဏ်ယူစွာ ပြောဆိုခဲ့ပါသည်။

အေဖက်ပီ ပဲရစ်၊ နိုဝင်ဘာလ ၂၀၊၂၀၀၉
Ref: e=mc2: 103 years later, Einstein's proven right



No comments :