- ကို -
ရွေးချယ်ခံ သမ္မတ အိုဘားမား ( Obama) ဟာ ယခင် ရွေးကောက်ပွဲ ပြိုင်ဘက်ဟီလာရီကလင်တန် ( Hillary Clinton )နဲ့  ဘေလ်ရစ်ချန်ဆန် (Bill Richardson )တို့ကိုတွေ့ဆုံ မေမြန်းခဲ့ပြီး၊ သူ့ရဲ့ ယခင်ပြိုင်ဘက်ဟောင်း တွေ ကိုအစိုးရသစ်ရဲ့အုပ်ချုပ်ရေးဆိုင်ရာ ၀န်ကြီးရာထူးသစ်တွေအတွက် ရွေးချယ်ဖို့ စဉ်းစားနေတယ်လို့  ဒီမိုကရက်ပါတီက ပြောခွင့်ဆိုခွင့်ရှိသူက ဆိုပါတယ်။
အိုဘားမား ဟာ ဟီလာရီ ကလင်တန် နဲ့ ချီကာဂိုရုံးခန်းမှာ တစ်ရောက်ချင်းတွေ့ဆုံခဲ့ပြီး၊ နောက်တစ်နေ့ ရစ်ချပ်ဆန် နဲ့  သောကြာနေ့ နေ့လည်ပိုင်းကတွေ့ဆုံခဲ့ပါတယ်လို့ သိရပါတယ်။ အိုဘားမားက အဲဒီမှာပဲ သူရဲ့ရီပက်ဘလီကန် အတိုက်အခံ ဂျွန်မက်ကိန်း (John McCain )နဲ့ လည်း တနလာင်္ နေ့မှာတွေ့ဆုံဖို့ ရည်ရွယ်ခဲ့ပေမ၊ဲ့ အကြံပေးအရာရှိများ ကတော့ အိုဘားမားဟာ မက်ကိန်း ကို အုပ်ချုပ်ရေးရာထူးအတွက် စဉ်းစားလိမ့်မှာ မဟုတ်ဘူးလို့ဆိုပါတယ်။
အိုဘားမား က ဟေလာရီ နဲ့သူ့ရဲ့ပြိုင်ဘက် ကို ဝန်ကြီးအဖွဲ့ရဲ့ အမြင့်ဆုံးရာထူးတစ်နေရာနဲ့ နိုင်ငံတော် သံတမန် ရေးရာ အကြီးအကဲ အဖြစ် ဆောင်ရွက်စေလိမ့်မယ်ဆိုတဲ့ အချက်က အကြီးအကျယ် အငြင်းပွားစေခဲ့တယ်။ ဒါပေမယ့် အဲဒီရာထူးယှဉ်ပြိုင်မှုအတွက် သူမရဲ့ အနေအထား ဘယ်လိုရှိတယ်ဆိုတာကတော့ အခြားသော ဒီမိုကရက် ပါတီဝင်တွေလိုပဲ မေးစရာ ဖြစ်လာပါတယ်။ ရစ်ချပ်ဆန် ကိုလည်း ထိုနည်းလည်းကောင်းပါပဲ။
သူတို့ နစ်ဦးတည်း အတွက်သာ ဒီရာထူးအတွက်ရွေးချယ်ခံ မဟုတ်ဘူးလိုံ့ အိုဘားမားက ဆိုပါတယ်။ သမ္မတရဲ့ ၀ါရင့်အကြံ ပေးကတော့ ဒီရာထူးအတွက်ရွေးချယ်မှုမှာ အိုဘားမားကဘယ်သူ့ကိုမျက်နှာသာပေးတယ်ဆိုတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ ဘေလ် ရစ်ချပ်ဆန် က ၁၉၉၄ ခုနစ် ၀န်းကျင်မှာ မြန်မာ ပြည်ကိုရောက်ဖူးပြီး ကိုမင်းကိုနိင်ကို အမေရိကန် ကိုခေါ်ယူဖို့ ဆန္ဒ ရှိခဲ့ပါတယ်။ မြန်မာ့အရေး ကိုအထူးကျွမ်းကျင်သူတဦးဖြစ်ပါတယ်။ တိုင်းပြည်အရေး အတွက် ပြိုင်ဖက်လို သဘောမထားပဲ တာဝန်ပေးဖို့ ခေါ်ယူ ဆွေးနွေးတာကတော့ အမေရိကန် ဒီမိုကရေစီမှာ လေးစားစရာကောင်းတဲ့ အချက်ဖြစ်ပါတယ်။ မြန်မာ ဒီမိုကရေစီခေါင်းဆောင်တွေ မှာလည်း ဒီလို စိတ်ထားမျိုးမွေးမြူနိင် ကြပါစေ။ ။
- ကို -
Summary
Rest of your post
Saturday, 15 November 2008
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment