ထိုင်းအစိုးရကို ကန့်ကွက်သူတွေနှင့်ထောက်ခံသူတွေ အပြိုင်အဆိုင်ဆန္ဒပြနေကြစဉ်
မြန်မာပြည်မှာဆိုရင်တော့ ၆၅ နှစ်ဘဲ ဗျို့
-ကို-
အစိုးရကိုဖြုတ်ချပစ်ဖို့ တောင်းဆိုဆန့်ကျင်ဆန္ဒပြသူအမြောက်အမြား က တနင်္လာနေ့မှာ ပြုလုပ်မယ့် ထိုင်းပါလီမန် တွေ့ဆုံအစည်းအဝေးကို မပြုလုပ်နိုင်ရန်၊ ပါလီမန်အဆောက်အဦးကို ဝန်းရံထားတဲ့အတွက် အစည်းအဝေးကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ ပါလီမန်အဖွဲ့ဝင် တွေဟာ အဆောက်အဦးဆီကိုရောက်ဖို့ မတတ်နိုင်တဲ့ အတွက်ကြောင့် တနင်္လာနေ့ အစည်းအဝေးကို ဖျက်သိမ်း ပစ်ခဲ့ရတယ်လို့ Samart Kaewmeechai ကပြော ပါတယ်။ People’s Alliance for Democracy ပါတီမှ ထောင်ပေါင်းများစွာသော ဆန့်ကျင်ဆန္ဒပြသူတွေက အစိုးရကို ဖြုတ်ချပေးဖို့ တောင်းဆိုရန်အတွက်၊ နေထွက်တယ်ဆိုကတဲက ပါလီမန်ဆီသို့ စုဝေး ချီတက် ခဲ့ကြပါတယ်။ အစိုးရကိုဆန့်ကျင်သူတွေ ဟာ ဝန်ကြီးချုပ်ရုံးဝန်း မှာ သုံးလကြာ စခန်းချခဲ့ကြပါတယ်။
ပါလီမန်အစည်းအဝေး ပြန်လည်ကျင်းပဖို့ ကိုတော့ ချက်ချင်း အစီအစဉ်မလုပ်နိုင်ကြသေးပါဘူး။ ဆန္ဒပြသူတွေရဲ့ ဘေးမှာဆိုရင် ဝါးတုတ်တွေ၊ တင်းပုတ်တွေ၊ သံတုတ်တွေ ကိုင်ဆောင်ထားတဲ့ သူတို့ရဲ့ ကိုယ်ပိုင် အစောင့် အရှောက် တွေလည်း ပါပါသေးတယ်။ ပြီးတော့ ရဲတွေက လူထုကိုထိန်းသိမ်းနိုင်ဖို့ အသုံးပြုမယ်လို့ ဆိုထားတဲ့ မျက်ရည်ယို ဗုံး အန္တရာယ်ကို ကာကွယ်ဖို့အတွက် ဆန္ဒပြသူအတော်များများဟာ မျက်နှာဖုံးစွပ်တွေ၊ ရေကူးရာမှာသုံးတဲ့မျက်မှန်တွေ ကိုလည်း ယူဆောင်လာကြပါတယ်။
သူတို့က ဖွဲ့စည်းအုပ်ချုပ်ပုံ ပြန်လည်ရေးဆွဲနိုင်ရေးအတွက်၊ ပြုလုပ်နေတဲ့ ပါလီမန် အစည်းအဝေးကို ဖျက်သိမ်းပေးဖို့ ပထမဆုံး တောင်းဆိုခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ ဒီအငြင်းပွားဖွယ်ရာ ပြသနာ ဟာ ပေါ်ပေါက်ခဲ့တယ်။
ဆန္ဒပြသူတွေဟာ အရင်ဝန်ကြီးချုပ် တပ်ဆင် ရဲ့ ကြိုးဆွဲရုပ်ဖြစ်တဲ့ အစိုးရကို အလဲထိုးဖို့ ဝန်ကြီးချုပ်ရုံးရဲ့ ဝန်းထဲ မှာ သုံးလကြာ နေရာယူသိမ်းပိုက်ခဲ့ကြပါတယ်။ သူတို့က ၂၀၀၆ ခုနှစ်မှာ စစ်အစိုးရရဲ့ ဖြုတ်ချခြင်းကိုခံခဲ့ရတဲ့ တပ်ဆင်ကို လာဘ်စားမှု၊ အာဏာအလွဲသုံးစားမှု တွေနဲ့ စွပ်စွဲခဲ့ပြီးတော့၊ ဥပဒေရေးဆွဲသူတွေက တပ်ဆင်ပြန်လာဖို့ မကူညီနိုင်ခင်မှာ၊ အခြေခံဥပဒေ ပေါ်ပေါက်နိုင်ဖို့ကိုလည်း တောင်းဆိုထားကြပါတယ်။ တပ်ဆင်ကို ဥပဒေ ချိုးဖောက်မှုအတွက် ထောင်ဒဏ် နှစ်နှစ် စီရင်ခဲ့ပြီး နောက်ပိုင်း ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။
ဆန့်ကျင်သူတစ်ဦးကတော့ “ကျွန်တော်အရမ်းကို တုန်လှုပ် ကြောက်ရွံ့ပါတယ်။ ဒါပေမယ့် အခု ကျွန်တော်တို့ အောင်နိုင်တော့မယ့် အချိန်ပါလို့” ပြောခဲ့တယ်။“ကျွန်တော်တို့ တိုက်ခိုက်ခံခဲ့ရတယ်၊ ကျွန်တော့်သူငယ်ချင်းတွေ အများကြီး သေဆုံးခဲ့ရတယ်၊ ဒါတွေ အားလုံးဟာ ဘာကြောင့်လည်းဆိုရင် သူတို့ဟာ တပ်ဆင်ကို အကာ အကွယ် ပေးချင်လို့ပဲ” လို့ Wimon Srucarak က ပြောခဲ့တယ်။
တနင်္လာနေ့ အာရုဏ်တက်ခါနီးအချိန်က ဆန့်ကျင်သူတွေရဲ့ ရုံးခန်းအနီး မှာ အသေးစား ပေါက်ကွဲမှု နှစ်ခု ဖြစ်ပွားခဲ့တယ်လို့ ရဲအဖွဲ့ က ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရသူ တစ်ယောက်မှ မရှိပေမယ့် ဘယ်လိုဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်တယ်ဆိုတာကိုတော့ ချက်ချင်းမသိသေးပါဘူး။
နောက်ဆုံးမှာတော့ ပါလီမန်မှာ စုဝေးနေတဲ့လူစုကြီးကို ဖြိုခွဲဖို့အတွက် ရဲအဖွဲ့ဟာ လမ်းထဲကို အဖွဲ့လိုက်ကြီး ပြေးဝင် ရှင်းခဲ့ရပါတယ်။ အဲဒီမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့တဲ့ လူနှစ်ယောက်ကတော့ နိုဝင်ဘာ(၇) ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။အဲဒီအဖြစ်အပျက်ဟာ လမ်းရဲ့ တစ်ဖက် Dusit Zoo မှာရှိတဲ့ တိရစ္ဆာန် တွေကိုလည်း အနှောက်အယှက် ဖြစ်စေခဲ့ပါတယ်။ တိရစ္ဆာန် ထိန်းကျောင်းသူတွေဟာ ထိတ်လန့်တတ်တဲ့ အမျိုးအနွယ်ဖြစ်တဲ့ သားပိုက်ကောင်လို အကောင်တွေကို တော်တော် ထိန်းခဲ့ရပါတယ်။
တနင်္ဂနွေ နေ့မှာတော့ သားပိုက်ကောင်၊ wallaby နဲ့ ဆင်တွေကို တိရစ္ဆာန် ရုံနဲ့ဝေးရာနေရာကို ဘယ်သူမှ မနှောက်ယှက်နိုင်ဖို့အတွက် သူတို့ရဲ့ အစောင့်အရှောက်တွေနဲ့အတူ ရွှေ့ပြောင်းပေးခဲ့ရတယ်။ တိရစ္ဆာန်ရုံရဲ့ ဒါရိုက်တာ ဖြစ်တဲ့ Kanchanachai Saenwong ကတော့ တိရစ္ဆာန်ရုံနေရာသစ်ချထားဖို့အတွက် အစီအစဉ်မရှိဘူးလို့ဆိုပါတယ်။
ပညာရေးဝန်ကြီးဌာနကတော့ ပိတ်ဆို့ထားတဲ့ နေရာတွေရှိ အစိုးရ ကျောင်းတွေနဲ့ပတ်သက်လို့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ဝန်ကြီးချုပ်ရုံးဝန်းနဲ့ မိုင်ဝက်မျှဝေးတဲ့ ပါလီမန်ရဲ့ အပြင်ဘက်မှာ ရဲသားပေါင်း ၂၄၀၀ ကိုတာဝန်ချထားမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ရဲ နဲ့ စစ်သားတွေဟာ သေစေလောက်တဲ့ လက်နက် တွေ ကိုင်ဆောင်ခြင်းမရှိဘဲ ဒိုင်းနဲ့ တုတ်များကိုသာကိုင်ဆောင် မှာဖြစ်ပါတယ်လို့ အစိုးရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောသွားပါတယ်။
ဆန့်ကျင်ပါတီအဖွဲ့ကတော့ သူတို့ရဲ့အခြေစိုက်နေရာအပြင်ဘက်မှာ သံတုတ်ကိုင်တဲ့လူတွေ၊ သေနတ် အသေးစားကိုင်ထားတဲ့လူတွေနဲ့ မကောင်းသတင်းကျော်ကြားသူတွေ ခပ်မိုက်မိုက်လူတွေနဲ့ အမြဲရှိနေပေမဲ့ လည်း အကြမ်းဖက်ခြင်းတော့မလုပ်ပါဘူးလို့ဆိုတယ်။လွန်ခဲ့တဲ့အပတ်က အစိုးရရုံးအနီး ဆန္ဒပြပွဲမှာ ဆန္ဒပြသူနှစ်ယောက်သေဆုံးခြင်းနဲ့ ပတ်သက်လို့ အတိုက်အခံပါတီ က ရဲအဖွဲ့ကို စွပ်စွဲထားပေမယ့်လည်း တာဝန်ရှိသူတွေကတော့ ငြင်းဆန်ခဲ့ပါတယ်။
တနင်္ဂနွေနေ့က အကြီင်္းမားဆုံးသောအင်အားနဲ့ လူထုစုရုံးဖို့ကို ဆောင်ရွက်ခဲ့ပေမယ့်လည်း လူတစ်သိန်းရဲ့ လေးပုံတစ်ပုံကနေ သုံးပုံတစ်ပုံ ထိသာပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ ဆန္ဒပြသူ Chokchuang Chutinaton ကတော့ ဒါဟာ D-Day ပဲ၊ အစိုးရကိုဖြုတ်ချပစ်ဖို့ ငါတို့ရဲ့ နောက်ဆုံးကြိုးပမ်းမှုပဲလို့ ဆိုပါတယ်။ လူထုဆန့်ကျင်မှုကို ထောက်ခံသူ အများစုကတော့ အလယ်အလတ်လူ တန်းစား တွေဖြစ်တယ်။
ထိုင်းနိုင်ငံမှာ ဆန္ဒ မဲ ပေးရာမှာ ၀ယ်ထားတဲ့ မဲတွေ ရှိတယ်လို့ သံသယရှိခဲ့ကြတယ်။ ဝေးလံတဲ့ဒေသ တွေမှာ မဲဝယ်၊မဲလိမ်မှုတွေ အများအပြားရှိခဲ့တယ်လို့ အတိုက်အခံတွေက စွပ်စွဲခဲ့ကြပါတယ်။ ဆန္ဒပြနေကြတဲ့ အတိုက်အခံ အများစုဟာ အများနှစ်သက်တဲ့ ပါလီမန်ကို ရွေးချယ် အစားထိုးဖို့ လိုလားကြတယ်။ ဒါကို ဆန့်ကျင်နေတဲ့သူတွေ ကတော့ လက်ရှိအတိုက်အခံတွေဟာ ပညာတတ်တွေရဲ့ လက်ထဲမှာပဲ အာဏာကို သိမ်းဆည်းထားချင်ကြတယ်လို့ ဝေဖန်ပြောဆိုနေကြတယ်။
Ref: Thai Parliament postpones session
1 comment :
ကိုမိုးသီး
မြန်မာစာလုံးပေါင်းတွေ မှားနေပါတယ်၊ ဥပမာအားဖြင့် "ဋ္ဌက" လို့ ရေးရမဲ့အစား "ကျ" လို့ ရေးထားပါတယ်၊ "ကျ" ကို စာမေးပွဲကျတာ လိမ့်ကျတာတွေမှာပဲ သုံးဋ္ဌကပါတယ်၊
ခင်မင်စွာဖြင့် TTT
Post a Comment