Monday 24 November 2008

လူကြိုက်များတဲ့ ကိုရီးယားကင်မ်ချီး



-ပက်ထရစ်ရှာလင်း-

ကျမတို့ လည်း ချဉ်ပတ် စား တယ်။ ကိုရီးယားလူမျိုးတွေလည်းစားတယ်။ ဒါပေမဲ့  မြန်မာ့ ချဉ်ပတ် က ဈေးကွက်တခုအဖြစ် အားကောင်းပြီး ဖြစ်မလာဘူး။ ကိုရီးယားကင်မ်ချီး ( Kimchi ) ဆိုတဲ့ ချဉ်ပတ်က ဈေးကွက်မှာ လူကြိုက်များတဲ့ စားသောက်ကုန်ပစ္စည်းတခု အဖြစ် အခိုင်အမာရပ်တည်လာတယ်။ ကျမတို့ မြန်မာတွေ စားတဲ့ ချဉ်ပတ် က အရမ်းချဉ်လွန်းတယ်။

အချဉ်ဓါတ်ကိုလျော့ ချလိုက်မယ်။ တချို့ ချဉ်ပတ်တွေကို ပုံစံတမျိုးထဲ မထုတ်ဘဲ၊ အချို ဓါတ် (သကြား)၊ အစပ် (ငရုပ်သီး) ထဲ့တာ တို့အပြင်၊ ထုပ်ပိုးတဲ့နည်းစနစ်၊ ရေရှည်ခံနိုင်မဲ့နည်းစံနစ်တွေကို ခေတ်မှီစေခြင်းဖြင့် ကျမ္မာရေး နဲ့ ညီညွတ်တဲ့အဆင့်ကို ပြုပြင်လာနိင်လျှင်၊ စားသုံးမှု ပိုမိုများပြားလာပြီး ဈေးကွက်တခု အဖြစ် ရပ်တည် လာနိင်မှာဖြစ်ပါတယ်။


ကိုရီးယားကင်မ်ချီးကတော့ လူမျိုးတိုင်း လက်ခံ စားသုံးနိင်တဲ့အဆင့်ကို ပြုပြင်လာနိင်ကြတယ်။ ဒါကြောင့် ကိုရီးယားလူမျိုးတွေပါမက လူမျိုးတိုင်းစားသုံးလာတဲ့ အဆင့်ကို ရောက်လာတယ်။ ဈေးကွက်ကြီးတခုအဖြစ် ရပ်တည်လာတာဖြစ်တယ်။

ပုံမှာ မြင်ရတာကတော့ နိုဝင်ဘာ ၂၀ရက် နေ့ က တောင်ကိုရီးယားနိင်ငံ ဆိုလ်မြို့ မှာ ဆောင်းရာသီဝင်လာရင် စားသုံးနိင်ဖို့  အိမ်ရှင်မ ၂၂၀၀ က၊ တန်ချိန် ၁၃၀ ခန့် ရှိတဲ့ ကင်မ် ချီ ကို မြို့ တော်ခန်းမရှေ့ မှာ တပျော်တပါး စိမ်ဖို့ ပြင်ဆင် နေကြ ပုံဖြစ်တယ်။ ဒီချဉ်ပတ်ကို နိင်ငံသားတွေကို အခမဲ့ ဝေမှာ ပါ။


1 comment :

Anonymous said...

ကိုးရီးယားလူမျိုးတွေဟာ သူတို့ရဲ့အစားအစာတွေကိုကျန်းမာရေးရှုဒေါင့်မှ ဆွဲဆောင်နိုင်တာကလဲ အားသာချက်တခုဖြစ်ပါတယ်။ ဂျင်ဆင်း၊ ကင်မ်ချီ၊နဲ့ နိုရိ ခေါ် ပင်လယ်ရေညှိဟာသူတို့ရဲ့နေ့စဉ်ကျန်းမာရေးအထောက်အကာပြုအစားအစာများဖြစ်ကြပါတယ်လို့။