မြန်မာ ပြည် မှာ တရားဥပဒေမရှိတော့ ဘူး။ ဘိန်းဖြူရောင်း၊ လူသတ်၊ မုဒိန်းကျင့်၊ ဖါခေါင်း၊ ခါးပိုက်နှိက် အမှု တွေ ဆိုရင် ၃ နစ် ၄ နစ်ပဲ တရားသူကြီး ထောင်ချတယ်။ တိုင်းပြည်ကောင်း ဖို့ ဒီမိုကရေစီနဲ့ တရားမျှတမှု အတွက် ပြောမိဆိုမိရင် တော့ ထောင်ဒဏ် ၆၅ နစ်အထိ ကျတယ်။ မြန်မာ ပြည်မှာ လူတယောက် သက်တန်း က ၅၈ နစ်ထက်တောင်နည်းနေတဲ့ အချိန်မှာ ပြစ်ဒဏ်တွေက မရားသဖြင့်ဖြစ်နေတယ်။ ဒီနေရရှိတဲ့ သတင်း ကတော့ ဒေါ်စန်းစန်းတင်၊ကိုသော်ဇင်ထွန်းနှင့်အခြားအဖွဲ့ဝင်များအားလည်း နိုဝင်ဘာလ(၂၀-၂၁) ၂၀၀၈ခုနှစ် (ကြာသာပတေး၊သောကြာ) ရက်များတွင်အင်းစိန်ထောင်အတွင်းရှိအထူးတရားရုံး များတွင်ရုံးထုတ်စစ်ဆေးမည် လို့သိရတယ်။ အမိန့်များ ချနိုင်သည်ဟု မိသားစုဝင်များမှ ခန့်မှန်းနေကြသည်။
မတရားသည့် ပြစ်ဒဏ်(၆၅)နှစ် ချခံထားရသော ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျ အပါအ၀င် (၁၄)ယောက်အား ရုံးထုတ်စစ်ဆေးမှု များမရှိကြောင်း သိရပြီး၊ သံဃာတပ်ပေါင်းစု ခေါင်းဆောင် ရှင်ဂမ္ဘီရအားယနေ့ ရုံးထပ်မံထုတ်ကြောင်းသိရသည်။၎င်းအား ရုံးထုတ် လာစဉ်လက်ထိပ်ခြေချင်းခတ် ထားခြင်း မရှိကြောင်း သိရှိရသည်၊ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ မှ ကိုကျော်စွာ နှင့် အဖွဲ့အား စုစုပေါင်းပြစ်ဒဏ် ၁၄ နှစ် ၆လ ( ၁၉နိုဝင်ဘာ၂၀၀၈)နေ့က စမ်းချောင်းတရားရုံးမှ မတရား ထောင်ဒဏ် အပြစ်ပေး လိုက်ကြောင်း သိရတယ်။
Wednesday, 19 November 2008
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment