Wednesday, 19 November 2008
တရုတ်နိင်ငံတွင် လယ်သမား အဓိကရုဏ်း ဖြစ်ပွားခြင်း
-ကို-
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း Gansu ပြည်နယ်တွင် လယ်ယာမြေ နှင့်ပက်သက်ပြီး အဓိကရုဏ်း ဖြစ်ပွားခဲ့ပါတယ်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကွန်မြူနစ်ပါတီ ရုံးချုပ်ရှိရာဒေသတွင် နယ်မြေခံပြည်သူ တစ်ထောင်ခန့်သည် လယ်ယာ မြေရာကိစ္စနဲ့ ပက်သက်ပြီး မကျေမနပ် အငြင်းပွားရာ မှ ကားမှန်တွေရိုက်ခွဲပြီး နယ်မြေခံရဲ များနှင့် အဓိကရုဏ်းဖြစ်ပွားခဲ့သည်ဟု အစိုးရ၏ပြော ရေးဆိုခွင့်ရှိသူက အင်္ဂါနေ့က ပြောကြားခဲ့ပါသည်။
ယင်းအဓိကရုဏ်း ဖြစ်ပွားရာနေရာတွင် ဆန္ဒပြသူအချို့အပါအ၀င် အစိုးရ၀န်ထမ်းနှင့် ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ခြောက်ဆယ်ခန့် ထိခိုက်ဒါဏ်ရာရရှိကြောင်း လောင်နမ်မြို့ အစိုးရ ၀က်ဆိုဒ်တွင် ဖော်ပြထားပါသည်။ ဒေသခံပြည်နယ် ကွန်မြူနစ်ပါတီမှ ပြောခွင့်ရ ပုဂ္ဂိုလ် ၀န် (Wang) ရဲ့ပြောကြားချက်အရ ဂန်စုပြည်နယ် အတွင်းလောင်နမ် ဒေသအတွင်း လမ်းအသစ် ဖောက်လုပ်ရန် အတွက် ယင်းဒေသရှိ အိမ်များကို ဖြိုချ ဖျက်စီးချင်းကို ဒေသခံပြည်သူများက မကျေမနပ် ဖြစ်ကျပြီး တနလာင်္နေ့တွင်လူနည်းစု ဆန္ဒပြရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လောင်နမ်ပြည်နယ်ရဲ့ တရားဝင် ကြေငြာချက်မှာတော့ တနလာင်္နေ့ ညနေပိုင်း လောက်မှ စတင်ပြီး လူတစ်ထောင်မက များပြားလှတဲ့ လူတွေဟာ ဆန္ဒပြသူတွေနည့် လာရောက် ပူးပေါင်းလာတယ်လို့ ဖော်ပြထားပါတယ်။ ဆန္ဒပြသူထဲက တစ်ချို့ဟာ လှုံဆော်မှု တွေကိုစတင်လိုက်တဲ့ အခါမှာဒေါသထွက် နေသူတွေက အစိုးရပိုင်အဆောက်အဦးတွေနဲ့ နယ်မြေအယူခံရုံးမှ ၀န်ထမ်းတွေကို တိုက်ခိုက်ဖျက်စီးမှု တွေ စတင် လုပ်ခဲ့တယ်လို့ေ၇းသားထားပါတယ်
ဆန္ဒပြသူ ပြည်သူတွေဟာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အစိုးရ ၀န်ထမ်းတွေကို ကျောက်ခဲများ၊သံပိုက်လုံးများ ၊အုတ်ခဲများနှင့် ပစ်ပေါက် ရိုက်နှက်ကျပါတယ်။ ဒါတွင် မကသေးပဲ မော်တော်ဆိုင်ကယ်၊စက်ဘီးနှင့် အဆောက်အဦးတော်တော် များများကိုလဲ မီးရှို့ဖျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ တာဝန်ကျရဲတပ်ဖွဲ့ဝင်တွေဟာ သွေးဝနေတဲ့ လူစုလူဝေးကြီးရဲံ့ ဥပဒေမဲ့ လုပ်ရပ်တွေကို ငြိမ်သက် သွားအောင် အင်အားသုံးပြီး ဖြိုခွဲရန်ကလွဲလို့ တစ်ခြားနည်းလမ်းမရှိတော့ဘူးလို့ ပြောကြားခဲ့ကျပါတယ်။ ၀န်ရဲ့ ပြောပြချက်အရ အခြေအနေ အားလုံးကို အဂါင်္နေ့မနက် အစောပိုင်း မှာ ပြန် ပြီးထိန်း သိမ်းနိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ တစ်ခြားတရုတ်လူမျိုးအရာရှိ တွေလိုပဲ ၀န် ကလည်း သူ့ရဲ့ မျိုးရိုးနာမည် ကိုသာ ထုတ် ထုတ်ဖော်ပြောသွားခဲ့ပါတယ်။
တရုတ်နိုင်ငံတွင် ပြည်သူအများစုဟာ မတရားသဖြင့် မြေရာသိမ်းဆည်းခံရမှု၊ အစိုးရ ၀န်ထမ်းတွေရဲ့ လာဘ်စားမှု တို့ကြောင့် ပုံမှန်ဆိုသလို ဆန္ဒပြမှု တွေ ဖြစ်ပွားပါတယ်။ နယ်မြေခံအစိုးရလဲ ဒေသဖွံဖြိုးရေးနှင့် အိမ်ရာသစ်စီမံကိန်းများအတွက် ပြည်သူတွေထံမှ မြေများကို မတရားသိမ်းပိုက်လေ့ရှိပြီး အလွန်နည်းပါးလှသော လျော်ကြေးကိုသာပေးတတ် သလို တခါတရံမပေးမှုများလဲရှိ ကြောင်း
သိရပါသည်။
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment