Sunday, 16 November 2008
၈၈ လေးလုံးတုံး က ကျနော်တို့  ရဲ့  ခွပ်ဒေါင်းအလံ
၈လေးလုံးကာလကျနော်တိုအသုံးပြုခဲ့တဲ့ခွပ်ဒေါင်းအလံပုံကိုအမှတ်တရပြန်လည်ဖေါ်ပြပေးလိုက်ပါတယ်။ ဗကသ များအဖွဲ့ ချုပ်ရဲ့ အဖွဲ့ ဝင်ကပ်ပါ။ ဆေးရုံးကြီးရှေ့ က လသာ ၂ အမျိုးသမီးများကျောင်းမှာ ဗကသ ရုံးခန်းကို ဖွင့်ခဲ့တယ်။ အလျား ၂၅ ပေ၊ အနံ ၉ ပေရှိတဲ့ခွပ်ဒေါင်း အလံကြီး ကိုလွင့်ထူထားတယ်။ ခွပ်ဒေါင်းအလံက ဒီကပ်ပြားမှာ ပါတဲ့ အတိုင်းဖြစ်ပါတယ်။ ဒီခွပ်ဒေါင်းတဇိုင်း ကို အသုံး ပြုဖို့  ကိုမိုးသီးရဲ့ အဆို ပြုချက်ကို ဗကသ ခေါင်းဆောင်များက အတည်ပြု ခဲ့တယ်။ ဒီနေရာမှာ ခွပ်ဒေါင်းအလံ နဲ့ ပတ်သက်လို့  အဓိပ္ပါယ်ဖွင့်ဆိုချက် ကိုပြောပြခြင်းပါတယ်။ မျိုးဆက်သစ်တွေအတွက် ဗဟုသုတပါ။
ခွပ်ဒေါင်းအလံ မှာ ခွပ်နေဟန် ဆေးဝါ ဖြင့် ရေးဆွဲထားတဲ့ ခွပ်ဒေါင်း က ကျောင်းသားထုကို ကိုယ်စားပြု ၊ အမျိုးသားရေးကိုကိုယ်စားပြု ပါတယ်။ စက်ဝိုင်းကတော့ ထွန်းသစ် စ နေ၀န်း ကို ကိုယ်စားပြုပါတယ်။
လမှာ ယုန် ၊ နေမှာ ဒေါင်း ရှိတယ်လို့  ကျနော်တို့ ဘိုးဘွားတွေ အစဉ်အလာ ယုံကြည်မှု က ဆင်းသက်လာပုံရပါတယ်။တချို့ က လွဲမှားစွာ အဓိပ္ပါယ်ဖွင့်ဆိုကြတယ်။ ဒါကတော့ စက်ဝိုင်းက ဖိနှိပ်ရေး ယန္တရား ၊ ညွတ်ကွင်း၊ ဒေါင်းက ထိုးဖေါက်ထွက်နေဟန် လို့ ဆိုကြတယ်။ တကယ်က မဟုတ်ပါဘူး။ စက်ဝိုင်းက နေ၀န်းကို ကိုယ်စားပြုခြင်းဖြစ်ပါတယ်။
အနီရောင်ကတော့ ရဲရင့် ခြင်းပါ။ အလံရဲ့ အရွယ်အစားကို - ၅ ပေ ၃ ပေခွဲ အချိုး ဖြစ်ပါတယ်။ ဒီအချိုးအတိုင်း ကြီးလို့ သေးလို့ ကြိုက်သလို လုပ်နိင်ပါတယ်။
ဒီတုံးက ကပ်ပြားသွားရိုက်တော့ ကပ်ပြားရိုက်တဲ့ ပုံနှိပ်စက်က ဗမာနိင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ် ကို မြန်မာ နိင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂလို့  မှားပြီး ပုံနှိပ်ခဲ့တယ်။ ကပ်ပြားမှာ ကိုမိုးသီးလက်မှတ် ရေးထိုးထားပါတယ်။ နောက်ပိုင်းမှာ ပြန်ပြင်ခဲ့ကြတယ်။ ဒီအဖွဲ့ဝင်ကပ်ပြားက ပထမဆုံး ထွက်လာတဲ့ အဖွဲ့ဝင်ကပ်ပြားဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ စာ အုပ်နဲ့ မီးဒုတ် သဏ္ဍန် သင်္ကေတ ကို ဗကသ အဖွဲ့ကပ်ပြားမှာ ရေးဆွဲခဲ့ပါသေးတယ်။ အောက်ဆုံးက ကဒ်ပြားကတော့ ဗကသ အာဘော်သတင်းစာ ကိုထုတ်ဝေစဉ်က အဖွဲ့  ၀င်ကပ်ပြားပါ။ သမဂ္ဂ သတင်းစာ လို့ ခေါ်ပါတယ်။ ဒီတုံးက ကျနော့်တာဝန်ကတော့ သမဂ္ဂသတင်းစာ ထုတ်ဝေရေးဖြစ်ပါတယ်။
ဒီကပ်ပြားလေး တွေ ကို ကျနော်သိမ်းဆည်းထားခဲ့တာ နစ်ပေါင်း ၂၀ နီးပါရှိခဲ့ပါပြီ။ ဟောင်းနေပေမဲ့ ခွပ်ဒေါင်း က တော့ ခေါင်းတခါခါလည်တခါခါနဲ့  တိုက်ပွဲ ၀င်နေဆဲပါ။ ကျဆုံးသွားတဲ့ တိုက်ပွဲ ၀င်ညီအကိုတော်အပေါင်းကို
ဦးညွတ်ဂုဏ်ပြု လိုက်ပါတယ်။
သာကျော်မောင်
ဗကသ- သမဂ္ဂသတင်းစာ ထုတ်ဝေရေး တာဝန်ခံ ( ၁၉၈၈)
Rest of your post
Subscribe to:
Post Comments
(
Atom
)
3 comments :
ကျမမှာလည်း အဲလိုကပ်ပြားလေးရှိပါတယ်။ ကျမတို့က နယ်ကနေ အဖွဲ့ဝင်ခဲ့တာပါ။ ကိုမိုးသီးလက်မှတ်နဲ့ပါ။ အဲသည်ကပ်ပြားလေးကို အခုထိသိမ်းထားပြီး သူငယ်ချင်းတစ်ယောက်ကိုပြမိတော့ သူက နင့်ဟာက ဗကသ လည်းမဟုတ် မကသ ကြီးလို့ပြောခံရပါတယ်။ ကျမက ဗ တွေ မ တွေ ငါမသိဘူး။ အဲတုန်းက ငါကျောင်းသားမို့ ကျောင်းသားသမဂ္ဂ ၀င်ခဲ့တာလို့ပြန်ပြောလိုက်ပါတယ်။ အခုထိလဲ ကျမအဲလိုပဲသဘောထားရှိပါတယ်။
ကျေးဇူးပြုပြီး ကော်ပီ ကို ကူး ပြီး ပို့ ပေးပါလား
ကျနော်တို့ အမှတ်တရတင်ပေးပါမယ်။
ဗမာတစ်ပြည်လုံးဆိုင်ရာဆိုတော့ ကျန်တဲ့ဗမာမဟုတ်တဲ့သူတွေလဲ ကိုယ့်အဖွဲ့ကိုယ်ဖွဲ့ရမှာလားဗျ . . . ခွဲခြားခွဲခြားနဲ့ . . . . ကြည့်လို့ကိုမရဘူး . . . အစကတည်းက အဲလိုခွဲခြားမယ်သိခဲ့ရင် ကျွန်တော်တို့ဘိုးဘွားတွေ ဗမာတွေနဲ့မပေါင်းခဲ့ကြမှာအမှန်ပဲ . . .ရှေ့ကဘာမှမထည့်ပဲ ကျောင်းသားများသမဂ္ဂဆိုရင်ဘာဖြစ်သွားမှာမို့လဲ
Post a Comment