Sunday, 16 November 2008

Gay Rights လှုပ်ရှားမှု ပြင်းထန် လာခြင်း

- ကို -

လိင်တူချင်းလက်ထပ်မှုကိုတားမြစ်ဖို့စတင်ဆောင်ရွက်မှု နဲ့ပတ်သက်လို့် ကယ်လီဖိုးနီးယား၊ အရီးဇိုးနား နဲ့ ဖလော်ရီဒါ တို့မှာ မဲပေးပိုင်ခွင့်ရှိသူများက လျှို့ဝှက်မဲပေးခဲ့ပြီး တစ်ပတ်ကျော်အကြာ နိုဝင်ဘာ ၉ ရက် (စနေနေ့) မှာတော့ နိုင်ငံတဝှမ်းမှာ ရှိတဲ့ ထောင်ပေါင်းများစွာသောလူထု ဟာ ကန့်ကွက် ဆနပြမှုတွေကို လူထုအစုအဝေးနဲ့ တစ်ပြိုင်နက် ပြုလုပ်ခဲ့ကြပါတယ်။ လိင် တူ ချင်းလက်ထက်ဖို့ကို တရားဝင်အသိအမှတ်ပြုရေး အတွက် တစ်ပတ်ကျော်မဲပေး ဆန္ဒမဲ ကောက်ခံပြီးနောက်ပိုင်း ကယ်လီဖိုးနီးယား။အာရီးဇိုးနားနည့် ဖလော်ဒီယာ ပြည်နယ် တွေမှာ လူထောင်းပေါင်းများစွာ ဟာ စနေနေ့ကစတင်ပြီး တရားဥပဒေအရ တားမြစ်မှုအတွက် ကန့်ကွက်ဆန္ဒမှုတွေ ပြုလုပ်ခဲ့ကျပါတယ်။ လူတစ်ချို့က ရောင်စုံဆိုင်းဘုတ်များကို ကိုင်ဆောင်လာကြပြီး ဝါရှင်တန်မှာရှိတဲ့ နိုင်ငံတော်ခန်းမမှာ “ငါတို့ လိုချင်တဲ့အရာ ဘာလဲ”လို့ ဟစ်ကြွေးတဲ့အခါ “တန်းတူညီမျှတဲ့ အခွင့်အရေး” လို့ ကျန်သူတွေက အော်ဟစ်ကြပါတယ်။

“ငါတို့ လိုချင်တာ ဘယ်တော့လဲ” ဆိုတော့ “အခု၊ အခု” လို့လည်းအော်ဟစ်ကြွေးကြော်ကြပါသေးတယ်။
ဝါရှင်တန်က အမျိုးသားရေးခန်းမ မှာဆိုရင် (ငါတို့လိုချင်တာလို့) လို့တစ်ယောက်က တိုင်ပေးပြီး ကျန်သောသူများက ရောင်စုံပိုစတာများကိုကိုင်ပြီးညီမျတဲ့လု့အခွင့်အရေးလို့ အော်ဆိုကျပါတယ်။ နယူးယောက်မှာဆိုရင် မက်ဟန်တန် က ကန့်ကွက်ဆနပြသူတွေဟာ ဆိုင်းဘုတ်များကို ကိုင်ဆေင်ပြီး ဆန္ဒပြကြတယ်။ တစ်ယောက်က “အချစ်နဲ့ညီညွတ်မှု ကို မမုန်းရဘူး” လို့ တိုင်လိုက်တဲ့အခါ ကျန်တစ်ယောက်က နေပြီး “ ငါတို့ အားလုံးလိုအပ်တာဟာ အချစ်လို့” ပြန်လည်အော်ဟစ်ပါတယ်။ “ဟုတ်တယ် ငါတို့လိုအပ်တယ်” လို့လည်း သူတို့ တပြိုင်နက်တည်း အော်ခဲ့ကြသေးတယ်။
နယူးယောက်မှာ ဆိုရင်လဲ ဆန္ဒပြသူတွေဟာ ကတုတ်ကျင်းတွေရဲ့နောက်ကနေ ဆိုင်းဘုတ်များကိုင်ပြီး ဟစ်ကျွေးကျပါတယ်။ (အချစ်ဆိုတာ မုန်းစရာမဟုတ်ဘူး) လို့အော်ဟစ်ကျပါတယ်။
လော့အိန်ဂျလိစ် မှာတော့ ထောင်ပေါင်းများစွာသော ဆနပြသူတွေဟာ သူတို့ကို တန်ပြန် ဆနပြသူတွေနဲ့ တွေ့ကြုံခဲ့ရပါတယ်။ ကန့်ကွက် ဆနပြသူတစ်ဦးက “လူတစ်ဦးနဲ့တစ်ဦး လက်ထပ်ဖို့တောင် အခွင့်အရေး မရှိဘူးလား” လို့ အော်ဟစ်ကြွေးကြော်တဲ့အခါ “မင်းမှားနေပြီ။ ဒါဟာ နိုင်ငံသားအခွင့်အရေးနဲ့ဆိုင်တဲ့ ပြသနာမဟုတ်ဘူး။ လူ့ကျင့်ဝတ်နဲ့ဆိုင်တဲ့ ပြသနာ” လို့ ပြန်လည်အော်ကြပါတယ်။ လော့အင်ဂျလိမှာလဲ ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေဟာ လိင် တူချင်းလက်ထက်တာ ဥပဒေကိုဆန့်ကျင်တာမဟုတ်ဘူး လို့ကျွေးကျော်ကျပါတယ်။
အဲဒီအချိန်မှာပဲ ဆနပြသူတွေက “လိင်တူ၊ လိင်ကွဲ၊ အဖြူ၊ အမည်း အားလုံးအတွက် လက်ထပ်ခြင်းဟာ နိုင်ငံသားတို့ရဲ့ အခွင့်အရေး“ လို့ အော်ဟစ်ကြွေးကြော်ခဲ့ကြပါတယ်။ ဒီဆန္ဒပြမှုဟာ လိင် တူချင်းပဲဖြစ်ဖြစ်။အဖြူ။အမဲ လူတန်းစားမခွဲခြားပဲ ဥပဒေအရ အခွင့်အရေး ပေးဖို့ကို အဓိကတောင်းဆိုခဲ့ပါတယ်။
ဒီလှုပ်ရှားမှုကို ဦးဆောင်သူ(JoinTheImpact.com) ရဲ့ အဆိုအရ စနေ့နေ့မှာ လှုပ်ရှားမှု ဟာနိုင်ငံတ၀န်းမြို့ပေါင်း
300 ကျော်မှာလုပ်ခဲ့တယ်လို့ဆိုပါတယ်။ဒီလှုပ်ရှားမှုကို ဟိုနိုလူလူ ။ဟာဝိုင်အီကနေ ကေအနောက်ပိုင်း ဖလော်ဒီရာအထိ ပျံနှံစေမယ်လို့ဆိုပါတယ်။ ကမ္ဘာကြီးမှာ ဘယ်တုန်းကမှ မမြင်ဘူးခဲ့တဲ့ အရေအတွက်တွေနည့်ငါတို့ဟာမနက်ဖြန်
မှာထွက်လာမယ်လို့ အေမီ ဘဲလက် (JoinTheImpact.com,) ကဆိုခဲ့ပါတယ် လို့သူတို့ ရဲ့ သတင်းဝက်ဆိုဒ်မှာ သောကြာနေ့က ဖော်ပြခဲ့ပါတယ်။ ပြည်နယ်သုံးခုမှာ မဲပေးခြင်းစတင်အကောင်အထည်ဖော်ပြီး မဲပေးခြင်းသုံးရက်မြောက်
နေ့မှာ ဒီ (JoinTheImpact.com,) အဖွဲ့ကို စတင်အုပ်မြစ်ချ ထူထောင်ခဲ့ပါတယ်။ ငါတို့ဟာ လမ်းတွေပေါ်ကနေ လိုချင်တဲ့ ညီမျတဲ့ လူ့အခွင့်အရေး ရရှိဖို့အတွက် ငါတို့ လို ချင်တာရသည့်တိုင်အောင် ကြိုးပမ်းသွားမယ်လို့ (JoinTheImpact.com) က အုပ်ချုပ်သူနောက်တစ်ယောက်ဖြစ်တဲ့ ၀ီလီဝိုက်ကဆိုခဲ့ပါတယ်။ တောင်းဆိုချက်ရှစ်ချက်ထဲမှာဆိုရင် မေမှာကယ်လီဖိုးနီးယား
တရားရုံးချုပ်ကနေတရားဆွဲဆိုခဲ့တဲ့ ၂၀၀၀ ကျော်သော လိင်တူဆက်ဆံ သူတွေအတွက်ပါဝင်ပါတယ်။အဲဒါဟာ ၅၂.၅ နေ ၄၇.၅ ရာခိုင်နှုန်း အထိဖြစ်ပါတယ်။ ဆန္ဒပြမှုတွေဟာကယ်လီဖိုးနီးယားရဲ့ အဓိကမြို့ကြီးတွေဖြစ်တဲ့ ဆန်ဖရန်ဆစ်စကို ပလန်းစပရင်းနဲ့  လောင်းဘိတို့မှာဖြစ်ပေါ်ခဲ့ပါတယ်။ ဒီဟာ မတူညီတဲ့ လူမျိုးဘာသာအယူဝါဒ အမျိုးမျိုးသောနောက်ခံတွေက လူတွေဟာ အတူတကွပေါင်းစည်းပြီး ငြိမ်းချမ်းပြီးအင်အားကြီးမားတဲ့ လှုပ်ရှားမှုတစ်ခုကို ကမ္ဘာက သိအောင်ပြနိုင်တာဟာ အံသြစရာအလွန်ကောင်းပါတယ်လို့ ဒီလှုပ်ရှားမှုကို အကူ အညီပေးနေတဲ့ ဂျွန်နသန်ဝဲဘား က လော့အင်ဂျလိမြို့မှာဆိုခဲ့ပါတယ်။
အမှန်တရားတစ်ခုအတွက် ငါတို့ဟာကွဲကွဲပြားပြားသိသိသာပြနိုင်ပြီဆိုတဲ့ အကြောင်း ကို တစ်နိုင်ငံလုံးမှာရှိတဲ့ လူတွေဆီကို အင်အားကြီးမားတဲ့ အသိတရားတစ်ခု ပေးလိုက် နိုင်ပြီး လူတွေရဲ့ ရင်ထဲနှလုံးသားထဲရောက်အောင် ပြုမှုဆောင် ရွက်ခဲ့နိုင်ခဲ့တယ်
လို့ဆိုခဲ့ပါတယ်။



Summary

Rest of your post

No comments :