Tuesday, 18 November 2008
ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင် သတင်း
ဖြုတ်ချခံရတဲ့ ထိုင်း ၀န်ကြီးချုပ်ဟောင်း တပ်ဆင် က အာရှ ငွေကြေးကြပ် တည်းမှု ကို ကူညီဖြေရှင်းခြင်း အလို့ ငှာ ရန်ပုံ ငွေတခု ကိုတည်ထောင်လိုက်တယ်လို့ သိရတယ်။ တပ်ဆင်ရဲ့  အမေရိကန် ဒေါ်လာ ၂.၂ ဘီလီယံ ခန့် ပမဏရှိတဲ့ငွေတွေကို ထိုင်းတရား ရုံးက သိမ်းဆည်းထားပါသေးတယ်။ သူတည်ထောင်လိုက်တဲ့ ရန်ပုံငွေအဖွဲ့  ကို အနာဂတ် ဘ၀မွန် ( Better Future Foundation) လို့ နာမည်ပေးထားပါတယ်။အရှဒေသက ထူးချွန် ထက်မြက် တဲ့ လူငယ် လေးတွေကို စည်းရုံး ပြီး ဆင်းရဲ တဲ့ နိင်ငံက လူတွေ စိန်ခေါ်ခံနေရတဲ့  စီးပွားရေ၊ လူမှု ရေး ပြသာနာ ကို ကူညီသွားမယ်လို့ ဆိုတယ်။ ငွေ ပမာဏ ဘယ်လောက် ရင်းနှီးမတည်ထားလဲ ဆိုတာကိုတော့ သူက ထုတ်မပြောပါဘူး။ အင်္ဂလန်မှာ ခိုလှုံနေတဲ့ တပ်ဆင်ကို ပြီးခဲ့ အပတ်က အင်္ဂလန် ပြည်ဝင်ခွင့် ဗီဇာ ပြန်လည်ထုတ်ပေးဖို့ ငြင်းဆန်လိုက်တဲ့ အတွက် တပ်ဆင်ဟာ လောလောဆယ်မှာ နေစရာ နိင်ငံမရှိ သေးပါဘူး။ သူကို ထိုင်းနိင်ငံတရားရုံးက က လပ်စားမှုတွေနဲ့ တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ၂ နစ်ချမှတ်ခဲ့ပေမဲ့ သူက နိင်ငံက ထွက်ပြေးလာခဲ့ပါတယ်။ သူအာဏာ ရစဉ် က မြန်မာ ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးမှုတွေကို တိုးတက်ပြုလုပ်ခဲ့ ပြီး ထိုင်းနိင်ငံအတွင်းက ရောက်ရှိနေတဲ့  စစ်ပြေးဒုက္ခသည်များ ဒီမိုကရေစီအင်အားစုများ အပေါ်မှာ ပြင်းပြင်းထန်ထန် နိပ်ကွက်မှု များ ပြုလုပ်ခဲ့တယ်။ ဒီမိုကရေစီအင်အားစုများ ကို နှိပ်ကွက်ခဲ့ မှုကြောင့် အမေရိကန် အစိုးရ က ထိုင်းစစ်တပ် ကို ကူညီနေတဲ့  စစ်ရေးအကူညီတွေနဲ့ သင်တန်းတွေကို ရပ်ဆိုင်းပြစ်မယ်လို့ တောင် သတိပေးတာကို ခံရဘူးပါတယ်။
သူရဲ့  မြန်မာ ပြည်ဒီမိုကရေစီလှုပ်ရှားမှု အပေါ် အမြင်ကတော့'မြန်မာတွေဟာ ဒီမိုကရေစီနဲ့ မထိုက်တန် သေးဘူး။ စစ်အစိုးရ က ပဲ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ကိုပြုလုပ်ပေးနိင်မယ်''ဆိုတဲ့ အမြင်ဖြစ်ပါတယ်။ သူအမြင်နဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် ရဲ့  အမြင်ကလည်း အလားတူပဲ ဖြစ်ပါတယ်။ လောလောဆယ်မှာ သူဟာ ခိုလှုံ စရာ နိင်ငံမရှိသေးဘူး။ တကယ်လို့ ဘယ်မှာမှ မရရင် သူဟာ မြန်မာ စစ်ဗိုလ်ချုပ် တွေဆီများ ပြေးမလား မသိဘူး ။ အခုလို လူမှုရေး အသင်း တခုကို တည်ထောင်လိုက်တာ ကတော့ ပျက်နေတဲ့နာမည်ကို အဖတ်ဆည်ဖို့ ကြိုးစား တာတခုမျှသာ ဖြစ်ပါတယ်။
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment