
ပြန်ပေးဆွဲခံနေရသော ဆော်ဒီအာရေးဗီးယာ နိုင်ငံပိုင် ရေနံတင်သင်္ဘော
-မြတ်စိုး-သင်္ဘောတွေကို ပြန်ပေးဆွဲခံရလေ့ရှိတဲ့ ဆိုမားလီးယားကမ်းခြေ ဒေသမှာ ပင်လယ်ဓားပြတွေက အင်္ဂါနေ့ အာရုဏ်ဦးမှာ ထိုင်းငါးဖမ်း သင်္ဘောတစီး၊တရုတ်ငါးဖမ်း သင်္ဘောတစီး၊ ဂျုံတွေ တင်ဆောင်လာတဲ့ တရုတ် ကုန်တင် သင်္ဘောတစီးကို ပါ ထပ်မံ ပြန်ပေးဆွဲ ခေါ်ဆောင်သွားတယ်။ စနေနေ့က ဆော်ဒီအာရေးဗီးယား နိုင်ငံပိုင် ရေနံတင်သင်္ဘောကို ပြန်ပေးဆွဲသွားပြီးနောက်၊ ဒီလိုဆက်တိုက် အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ပေါ် လာလို့၊ နိုင်ငံတကာ အစိုးရတွေက စိုးရိမ်မကင်းဖြစ်နေကြတယ်။ အခုအချိန်မှာ အမေရိကန်၊ ဗြိတိန်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်ရေတပ်၊ကနေဒါ တွေက ဆိုမားလီးယားကမ်းခြေ ဒေသနှင့် ကုန်သွယ်ရေးလမ်းကြောင်းတွေ မှာ ကင်းလှည့်နေကြပါပြီ။ ပင်လယ်ဓားပြတွေက အမြန်ရေယာဉ်တွေ၊ ခေတ်မှီဆက်သွယ်ရေးကိရိယာတွေ၊ ပေါက်ကွဲအားပြင်းထန်တဲ့ တိုက်ခိုက်ရေး လက်နက်ကြီး၊ လက်နက်ငယ် တွေကိုသုံးစွဲပြီး တိုက်ခိုက် နေတာကြောင့်၊ ဒီလို အမေရိကန်၊ ဗြိတိန်၊အိန္ဒိယ၊ တရုတ်ရေတပ်၊ကနေဒါ၊ ရုရှားရေတပ်တွေ ကင်းလှည့် နေတဲ့ကြားကပင် ပြန်ပေးဆွဲခံရမှုတွေ ဖြစ်နေခဲ့ရတယ်။ စနေနေ့က ပြန်ပေးဆွဲသွားသော ဆော်ဒီအာရေးဗီးယား နိုင်ငံပိုင် ရေနံတင်သင်္ဘောထဲဟာ မက်ထရစ်တန် ၃ သိန်းကျော် အလေးချိန်ရှိပြီး၊ ရေနံဆီပီပါ ၂ သန်းကို တင်ဆောင်ထားတယ်။ ဗြိတိန်၊ ဗီလစ်ပိုင်၊ ကိုရေးရှ်ရှား၊ ဆော်ဒီလူမျိုးများ အပါအ၀င် စုစုပေါင်းသင်္ဘောသား ၂၅ ရောက် ပါတယ်လို့ သင်္ဘောကုမ္ပဏီက အတည်ပြု ပြောဆို ထားတယ်။ သဘောင်္ဟာ ကင်ညာနိုင်ငံ မမ်ဘာဆာမြို့တောင်ပိုင်း ၄၅၀မိုင် အကွာမှာ ပြန်ပေးဆွဲခံရပြီး၊ ယခုအခါမှာ မိုဂါတစ်ရှူး မြို့ မြောက်ဖက် ကီလိုမီတာ ၃၀၀ ကွာဝေးတဲ့ ပင်လယ်ဓားပြတွေရဲ့ အခြေစိုက်စခန်းကမ်းခြေမှာ ရှိနေတယ်လို့ အမေရိကန် ရေတပ် က အတည်ပြုထားတယ်။ စက်တင်ဘာလကလည်း တင့်ကားတွေ တင်ဆောင်လာတဲ့ ယူကရိန်းသင်္ဘောဟာ ပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲခြင်းခံခဲ့ရတယ်။ သင်္ဘော မှာတာဝန်ထမ်းဆောင်နေတဲ့ သင်္ဘောသားအယောက်၂၀ ပါရှိပြီး၊ထိန်းသိမ်းခြင်းခံခဲ့ရတယ်။ ယခုအခါ ပင်လယ်ဓားပြတွေဖမ်းဆီးထားတဲ့ သင်္ဘော ၁၇ စီးနှင့် သင်္ဘောသား ၃၃၉ ယောက်တောင် ရှိနေပြီလို့ လန်ဒန်ရှိ အပြည်ပြည်ဆိုင်ရာ ရေကြောင်းလမ်း ထိန်းချုပ်ရေး၊ ကွပ်ကဲရေး အကြီးအကဲ မိုက်ကယ် ဟောင်းလတ်က သတင်းစာ ရှင်းလင်းပွဲ တခုမှာ အတည်ပြု ပြောကြား သွားတယ်။
ဆိုမားလီးယားနိုင်ငံ ယာယီကြားဖြတ်အစိုးရ ကတော့ ပြန်ပေးဆွဲခံရတဲ့ တချို့ကုမ္ပဏီတွေဟာ ပင်လယ်ဓားပြ တွေရဲ့ တောင်းဆိုတဲ့ ငွေကြေးတွေကို ပေးနေတာကြောင့်၊ ဒီလို အကြမ်းဖက်မှုတွေ၊ ပြန်ပေးဆွဲမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေတာလို့ ဝေဖန်ထောက်ပြ သွားတယ်။ ဆိုမားလီးကမ်းခြေဟာ အရေးကြီးတဲ့ ရေးကြောင်းကုန်သွယ်ရေးလမ်းကြောင်းတခုဖြစ်ပြီး၊ ရေနံတင်သင်္ဘော၊ ကုန်တင်သင်္ဘော၊ ကုန်သွယ်သင်္ဘော စုစုပေါင်း ၂ သောင်းဟာကမ်းခြေတလျှောက် ဖြတ်သန်း သွားလာ နေတယ်။ နော်ဝေး သင်္ဘောကုမ္ပဏီ ကတော့ သူတို့သင်္ဘော တွေကို ဒီဒေသကို မဖြတ်သန်း ကြဖို့ ညွှန်ကြားချက်ထုတ်ထားတယ်။ ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီး မင်းသား ဆော့ အဲလ်ဗေဆဲ ကတော့ ပင်လယ်ဓားပြတွေရဲ့ အကြမ်းဖက်လုပ်ရပ်ဟာ စက်ဆုတ်ရွံရှာဖို့ ကောင်းတယ်လို့ ရှုံ့ချ ပြောဆိုသွားပြီး၊ ဆိုမားလီးယား ကမ်းခြေလုံခြုံမှုရှိစေရန်၊ ရေကြောင်းလမ်းမှာ ပင်လယ်ဓားပြ တွေကို နှိမ်နှင်းဖို့ နိုင်ငံတကာ အစိုးရတွေ နဲ့ ပူးပေါင်းပါဝင်သွားမယ်လို့ဆိုတယ်။ အကြမ်းဖက်လုပ်ရပ် တွေဟာ ရောဂါဆိုးကြီးတခုလို ဖြစ်နေ တာကြောင့်၊အပြီးတိုင် အမြစ်ဖျက် ချေမှုန်းပြစ်ရမယ်လို့ ဆိုတယ်။ ဒီနှစ်အတွင်းမှာ အရှေ့အာဖရိက ကမ်းခြေတလျှောက် ပင်လယ်ဓားပြ တွေရဲ့ ပြန်းပေးဆွဲမှု ၉၅ ကြီမ်ရှိသွားပါပြီ။ ၂၀၀ရ ခုနှစ်မှာ ၃၁ ကြိမ်၊၂၀၀၆ ခုနှစ်မှာ ၁၀ ကြိမ်သာ ဖြစ်ခဲ့တာကြောင့်၊ ဒီနှစ်မှာ အကြမ်းဖက် ပြန်ပေးဆွဲမှု ပိုမိုများပြား လာတော့ကြောင့်၊ အာဖရိက ကမ်းခြေ ရေကြောင်းလမ်း လုံခြုံမှုရှိရေး အတွက် နိုင်ငံတကာက ပူးပေါင်းပါဝင်ကြဖို့ အမေရိကန်အစိုးရက သတိပေး ပြောကြား ခဲ့ဘူးတယ်။
(စာရေးသူသုံးသပ်ချက်)
ဆိုမားလီး ပင်လယ်ကွေ့ မှာ ဖြစ်နေတဲ့  ဓမြမှု က နိင်ငံတကာ က စွက်ဖက်မှု လိုအပ်နေတယ် ဆိုတာ ကို အထင်အရှား ပြသနေတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဆိုမားလီး အစိုးရ ဟာ အကြမ်းဖက်မှု ၊ ဆဲရင်းမွဲတေမှု၊ တရားဥပဒေ ဆိုးမိုးမှု နဲ့  တည်ငြိမ်မှုကို လုံးဝတာဝန် မယူနိင်တော့ဘူး ဆိုတာကို ပြသနေလို့ ဖြစ်တယ်။ ဆိုမားလီး နိင်ငံအတွင်း ဖြစ်ပျက် နေတာတွေဟာ ပြည်တွင်းရေး ပြသာနာလို့ ပြောလို့ မရတော့တဲ့အနေထားပါ။ ဒေသ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးမှုကို တိုက်ရိုက် ခြိမ်းခြောက်နေတယ် ဆိုတာကို ဒီဓမြမှုတွေက သက်သေပြ နေပါတယ်။
ဒါဖြင့် ရင် မြန်မာ ပြည်မှာရော၊ န၀တ စစ်အုပ်စုက တရားဥပဒေကို စစ်ဖိနပ်နဲ့ တက်နင်း ထားတယ်။ ရှေ့ နေတွေကို ထောင်ချ ပြစ်နေတယ်။ အုပ်ချုပ်နေတဲ့အဖွဲ့ က တရားဥပဒေ ကို အာမမခံတော့ဘူးဆိုရင် နိင်ငံတကာ လူသားချင်း စာနာတဲ့ စွက်ဖက်မှု ဟာနိင်ငံတကာ ဆက်ဆံရေးမှာ မလိုအပ်ပေဘူးလား လို့ မေးခွန်းထုတ် စရာဖြစ်လာပါပြီ။
No comments :
Post a Comment