Tuesday, 18 November 2008

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့မှ ရုရှား-ဂျော်ဂျီယာ စစ်ပွဲအပေါ် ရှုံ့ချလိုက်ခြင်း

ရုရှား-ဂျော်ဂျီယာစစ်ပွဲ

-သာကျော်မောင်-

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာရေး အဖွဲ့ကြီှး(Amnesty International)မှ ပြီးခဲ့သည့် သြဂုတ်လ အတွင်း ဖြစ်ပွားခဲ့သော ရုရှား-ဂျော်ဂျီယာစစ်ပွဲ အတွင်း နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခဲ့သည် ဟု ရုရှား နှင့် ဂျော်ဂျီယာ နှစ်နိုင်ငံစလုံးကို ပြစ်တင် ရှုံ့ချခဲ့သည်။ စာမျက်နှာ ၆၉ မျက်နှာ ပါရှိသည့် ၄င်း၏ အစီရင်ခံစာ တွင် ဂျော်ဂျီယာ အစိုးရမှ ရုရှား ကျောရိုးပြု ထားသည့် ခွဲထွက်နယ်မြေ တောင်အိုဆက်တီးယား ဒေသ၊မြို့တော် တက်စဟင်ဗာလီ ရှိ ပြည်သူလူထု အား အဓိက ပြစ်မှတ်ထား ၍ ပစ်ခတ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ ပစ်မှတ် အသေ အချာ မရွေးချယ်ဘဲ ဂျော်ဂျီယာဘက် မှ တက်စဟင်ဗာလီ မြို့ အား ဂရက်ဒ်ဒုံးကျည် များဖြင့် ပြင်းထန်စွာ ပစ်ခတ်မှု့များကြောင့် အပြစ်မဲ့ပြည်သူများ သေကြေခဲ့ရပြီး၊ ဤလုပ်ရပ် သည် နိုင်ငံတကာ စစ်စည်းမျဉ်း ဥပဒေများကို ချိုးဖောက်ခဲ့သည် ဟု ဖော်ပြ သွားခဲ့ သည်။ မော်စကို အစိုးရကိုလည်း တောင်အိုဆက်တီးယား ပြည်သူ့ စစ်များမှ ၀ိုင်းထားသော လွတ်မြောက် နယ်မြေများအတွင်း ပြည်သူများအား သတ်ဖြတ် နှိပ်စက်ညှင်းပန်းမှု များ ပြုလုပ်နေခြင်းကို မျက်နှာလွဲထားမှု နှင့် ဝေဖန်ရှုံ့ချခဲ့သည်။ ရုရှအစိုးရမှ တောင် အိုဆက် တီးယား ဘက်တော်သား ပြည်သူ့စစ်များ၏ လက်စားချေ ခြင်းဆန်သော သတ်ဖြတ်မှုများနှင့် ဆိုးဝါးသော လူအခွင့်အရေး ချိုးဖောက်နေမှုများကို လုံးဝပိတ်ပင် တားဆီးခြင်း မပြုနိုင်ခဲ့သည်မှာ ထင်ရှားလှပါသည် ဟူ၍လည်း ၄င်းအစီရင်ခံစာမှာ ဖော်ပြသွားခဲ့ပါသည်။

ရုရှားနှင့်ဂျော်ဂျီယာ နှစ်နိုင်ငံလုံးမှ ဤအစီရင်ခံစာ အပေါ် ပြန်လည် ဝေဖန်ခြင်း မပြုလုပ်ကြသေးပါ။ သြဂုတ်လ ၇ ရက်နေ့ ဂျော်ဂျီယာသမ္မတ မီးခေးလ် စာကာရှ်ဗီလ် မှ စတင်၍ ဂျော်ဂျီယာ ခွဲထွက်နယ်မြေတခု ဖြစ်သော တောင်အိုဆက်တီယားအား ပြန်လည် တိုက်ခိုက်သိမ်းယူမှုအပေါ် ရုရှားအစိုးရမှ ကြီးမားပြင်းထန်သော တပ်အင်အားများ ဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ပြီး သီတင်းပတ်များစွာ ဂျော်ဂျီယာပြည် အတွင်း ၀င်၍ တပ်စွဲခဲ့ပါသည်။ ဤစစ်ပွဲကြောင့် ရုရှား နှင့်အနောက်နိုင်ငံများကြား ဆက်ဆံရေး တင်းမာ ပျက်စီးခဲ့ပါသည်။ ဂျော်ဂျီယာအစိုးရမှ ၄င်း၏တပ်များ ခွဲထွက်နယ်မြေအတွင်းသို့ ဝင်ရောက်တိုက်ခိုက်မှုမှာ ဂျော်ဂျီယာ ကျေးလက်များသို့  ခွဲထွက်နယ်မြေများမှ ဗုံးအမြောက်ဆံများဖြင့် ပစ်ခတ်မှုများကို လက်တုံ့ ပြန်ရန်ဖြစ်ပြီး ၄င်းတို့ ၀င်ရောက်မှုမှာလည်း ရုရှား သံချပ်ကာတပ်များ၊ တပ်ရင်းများမြောက်ဖက်မှဝင်ရောက် လာပြီးနောက်မှသာ ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါသည်။

ရုရှားမှ၎င်းတပ်များသည် ဂျော်ဂျီယာတပ်များ တောင်အိုဆက်တီးယားကို တိုက်ခိုက်ပြီး မှသာ ၀င်ရောက် ခဲ့ပါသည်ဟု ပြန်လည်ငြင်းဆိုခဲ့ပါသည်။ တောင်အိုဆက်တီးယားရှိ ငြိမ်းချမ်းရေး သမားများနှင့် ပြည်သူလူထုအား ကာကွယ်ရမည်မှာ ၄င်းတို့၏ မဖြစ်မနေ လုပ်ဆောင်ရမည့် တာဝန် ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါသည်။ မော်စကို မှ ဂျော်ဂျီယာ မှ ခွဲထွက်လာ သော တောင်အိုဆက်တီးယား နှင့် အက်ဘ်ခါဇီးယား နယ်မြေတို့ ၏ လွတ်လပ်ရေးကို အသိအမှတ် ပြုခဲ့ပါသည်၊၊


(စာရေးသူသုံးသပ်ချက်)
  • ဂျော်ဂျီယာ က ရုရှားက နေ လွတ်လပ်ရေးရလာတော့ အနောက်အုပ်စုဖက်ကို ပိုနီးစပ်လာတယ်။ အမေရိကန် အပါအ၀င် အချို့ အနောက်နိုင်ငံ တွေနဲ့ ဆက်ဆံရေး က ပိုပြီးနီးစပ်လာတယ်။ ဒီအပေါ်မှာ ရုရှားက ပထ၀ီနိင်ငံရေး အရ ဂျော်ဂျီယာ ရဲ့ ခြေလှမ်းကို ဟန့် တားလိုတယ်။ လွမ်းမိုးထားလိုတယ်။ ဒီအချက်က ရုရှားက ဂျော်ဂျီယာ ကို ကျူးကျော်မှု ရဲ့ အဓိက အချက်ပဲဖြစ်တယ်။




No comments :