Tuesday, 18 November 2008

အာဏာရှင်များ၏ လျှို့ဝှက် ဒဏ္ဍာရီ

ရောင်စုံပန်းပွင့်တွေနောက်ကွယ်က ကင်းဂျုံအီးလ်
-ကို-

မြောက်ကိုရီးယား ကွန်မြူနစ် သတင်းဌာနက မြောက်ကိုးရီးယား ရဲ့ အကြွင်းမဲ့ အာဏာရှင် ကင်းဂျုံအီးလ် ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ ထင်မြင်ချက်တွေ ဆက်လက် ထွက်ပေါ်နေဆဲမှာပဲ ကင် ဟာ တပ်မတော် အနုပညာပြပွဲကို တက်ရောက်ခြင်းဖြင့် လူထုရှေ့ကို ပေါ်ထွက်လာခဲ့ပါတယ်။

ကြည်းတပ်နဲ့ရေတပ် ဆိုင်ရာပညာရှင်တွေက ခင်းကျင်းပြသခဲ့တဲ့ (၃၂) ကြိမ်မြောက် တပ်မတော် အနုပညာ ပွဲတော် ကို ကင်နဲ့အတူ တပ်မတော် ထိပ်သီးအရာရှိတွေ တက်ရောက် ခဲ့တယ်လို့ ပြုံးယမ်း မှာရှိတဲ့ ကိုရီးယား ဗဟိုသတင်းဌာန Korean Central News Agency က စနေနေ့ မှာထုတ်ပြန် ကြေငြာခဲ့ပါတယ်။

ကင်က အနုပညာပွဲတော်မှာ ပါဝင်ခဲ့သူတွေကို သူတို့ရဲ့အောင်မြင်စွာ တင်ဆက်နိုင်မှုအတွက် ချီးကျူး ဂုဏ်ပြု စကား ပြောကြား ခဲ့ပြီး အားပါးတရ လက်ဝှေ့ယမ်းနှုတ်ဆက်ခဲ့ ပါသေးတယ်။ ဒါ့အပြင် အနုပညာ ဟာ မင်းတို့ကို စစ်သားကောင်းတွေ ဖြစ်စေနိုင် တယ်လို့လည်း ကင်က သူ့ရဲ့ လူတွေကို ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း ကင် ဟာ ဘယ်နေ့ ဘယ်အချိန်က ဒီပြပွဲ ကို သွားခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ဆိုးလ် မှာ ထုတ်ပြန်တဲ့ သတင်းမှာ ဖော်ပြမထားခဲ့ပါဘူး။ မြောက်ကိုးရီးယားနဲ့ ဆက်ဆံရေးကို ကိုင်တွယ်ဖြေရှင်းနေတဲ့ တောင်ကိုးရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန ကတော့ ဒါနဲ့ပတ်သက်လို့ ထင်မြင်ချက်ကို တနင်္ဂနွေ က ချက်ချင်း ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။

ကင် ဟာ သြဂုတ်လ တုန်းက လေဖြတ်ခြင်းခံခဲ့ရပြီး ဦးနှောက်ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရတယ်လို့တောင်ကိုရီးယား နဲ့ အမေရိကန် အရာရှိများက သံသယ ရှိခဲ့ကြပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယား ကတော့ သတင်းဌာန တွေကနေ တဆင့် လူထု ဆီကို ကင် ရဲ့ ကျန်းမာ သန်စွမ်းစွာ လှုပ်ရှားမှု သတင်းနဲ့ဓါတ်ပုံတွေကို အရှိန်အဟုန်နဲ့ ထုတ်လွှင့်ပေးပြီး ဒီ ထင်မြင်ချက် ကို ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယား က ထုတ်ပြန်တဲ့ သတင်းနဲ့ဓါတ်ပုံတွေ မှာ နေ့စွဲတပ်ထား ခြင်းမရှိတဲ့ အတွက် ကောလဟာလ တွေကတော့ အခုထိ ရှိနေမြဲပါပဲ။ တစ်ချို့ ဓါတ်ပုံ တွေမှာဆိုရင် ကိုရီးယားကျွန်းဆွယ်မှာ ဆောင်းဦးပေါက်သစ်ရွက်တို့နဲ့ ဖုံးလွှမ်နေတဲ့ အချိန်မှာတွေ့မြင်ရတဲ့ စိမ်းစိုလန်းဆန်းနေတဲ့ သစ်ပင်တွေကို မြင်နေရပါတယ်။

ကင် ဟာ လူသိထင်ရှားထုတ်ဖော်လေ့မရှိဘဲ အကြွင်းမဲ့အာဏာနဲ့ သီးခြားဆန်တဲ့ အနုမြူစစ်တပ် နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့သူဖြစ်တဲ့အတွက် သူ့ရဲ့ကျန်းမာရေးအခြေအနေ ဟာ အားလုံးအတွက် စိတ်ဝင်စားစရာဖြစ်စေခဲ့ပါတယ်။

Rest of your post

No comments :