Wednesday 12 November 2008

ဗုဒ္ဓ ၀င်စား သတင်း

အေ ပီ - နိပေါလ်
သိန်းဇော် - အိန္ဒိယ

ဒီနေ့ ကမ္ဘာအင်တာနက်စာမျက်နာ တွေမှာ ပါလာတဲ့သတင်းတပုဒ်ကတော့ စိတ်ဝင်စားစရာကောင်းတယ်။ သတင်းကတော့ နိပေါနိင်ငံ မြို့ တော် ခပ်တမန်ဒူး နဲ့  ၁၆၈ ကီလိုမီတာတွေတဲ့  ရက်တန်ပူရ် (Ratanpur ) တောထဲမှာ ဗုဒ္ဓ၀င်စား တယ်ဆိုတဲ့ သတင်းဖြစ်တယ်။ ဗုဒ္ဓ ၀င်စားတယ်လို့ သတင်းကြီးတဲ့ သူကတော့ အသက် ၁၈ နစ်မျှသာရှိသေးတဲ့ ရမ်ဘဟာဒါ ဘမ်ဂျန် (Ram Bahadur Bamjan) အမည်ရတဲ့  လူငယ်လေးတဦးဖြစ်ပါတယ်။ သူက အစာမစား မလှုပ်မရှားပဲ နဲ့ နေလာတာ သုံးနစ်ခန့် ရှိသွားပြီလို့ သိရပါတယ်။ ဒီနေ့ တော့သူက သူနောက်လိုက်တွေခြံရံပြီး ထွက်လာပါတယ်။ ရှည်လျားလှတဲ့ သူဆံပင်တွေကို ဖါးလျား ချပြီး ညောင်ပင် အောက်မှာတင်ပုလင်ခွေ ထိုင်နေပါတယ်။ သူကိုလာရောက်ဖူးတဲ့သူတွေရှီခိုးဦးချ လုပ်နေသူတွေထဲမှာ လူတွေရော ဗုဒ္ဓဘာသာ သံဃာတွေပါပါဝင်နေခြင်းဖြစ်ပါတယ်။

သူလက်နဲ့  လာရောက်ဖူးမျော်သူရဲ့ ဦးခေါင်းနဲ့ လက်ကို သူက သပ်ပြီး ဆုမွန်ကောင်းပေးနေတာကိုတွေ့ ရပါတယ်။ တယောက်ကဆိုရင် သူကိုဖူးရတာ အလင်းရောင်တွေ ရလာသလို ပဲလို့ ဆိုတယ်။ အမျိုးသမီးကြီးတယောက်ကတော့ သူကိုဖူးမြင်ရတာ ချမ်သာသုခ ကိုခံစားရတယ်လို့ ဆိုတယ်။ ဒါပေမဲ့ မယုံကြည်တဲ့သူတွေကလည်း ရှိနေပါတယ်။ သူဟာ ဗုဒ ၀င်စားဆိုတာက တရားထိုင်နေရုံ ဘာမှ မစားပဲနေရုံလောက်နဲ့ မလုံလောက်ဘူးလို့ ဆိုပါတယ်။ ဗုဒ၀င်စား ကတော့ ဒီလိုစွပ်စွဲချက်တွေကို ဘာမှာ မတုန့် ပြန်ဘူး လို့ ဆိုတယ်။ သူကို ဖူးမျော်ဖို့ လာတဲ့ ချီတဲ့ သူတွေ တန်းစီနေတဲ့ လိုင်းကတော့ ထောင်နဲ့ ချီပြီးရည်လျား နေတယ်။ မြန်မာပြည်ကိုနိပေါက ဗုဒ္ဓ အလောင်းအလျာ ရောက်သွားရင်တော့ အနည်းဆုံး ၆၅ နစ်ပဲ လို့ ယူဆနိင်ပါကြောင်း။

Summary

Rest of your post

7 comments :

မေငြိမ်း said...

ခက်တာပဲနော်.. လူတွေကလည်း.. တကယ့် ဗုဒ္ဓက အဲလို အစာမစားဘဲနေတာ လွဲမှားမှန်းသိလို့ ပြင်လိုက်မှပဲ ဘုရားအဖြစ်ကို ရတာ။ ဘုန်းကြီးတွေကလည်း ညံပါ့။ ခုလိုခေတ်ကြီးထဲမှာ.....

Anonymous said...

အတော် ဝမ်: နည်: စရာပါ
ပရိတ် နီဗန် စံ သွာ: ပြီ ဖြစ် တဲ့  မြတ်စွာဘုရာ: ဝင်စား တယ် ဆို ပြီ: ဘုရား သာသနာ မကုမ် သေးခင် မှာ ရဟန်: သံဃာတော်တွေ ဟာ လူ ဝတ် ကြောင် ကို ရှိခိုး တယ် ဆိုတာ
မဖြစ်သင့်ပါဘူ: ဗျာ
တရာ: တော် ကိုနား မလည် တဲ့  သူ မြား သို့  လော သို့  လော ဖြစ်စရာ ဖြစ် ရင် မကောင်းပါ
ဘုရာ: တရား သံဃာ ပါ

cittasukha said...

ဘုန်းကြီးတွေကလည်း ညံ့တယ်လို့ အားလုံးသိမ်းကြုံးပြီး မပြောစေလိုပါ။ အပြစ်ကြီးပါတယ်။ အခု ရှိခိုးနေတဲ့ ဘုန်းကြီးဟာ ထေရ၀ါဒ ဘုန်းကြီးမဟုတ်ပါဘူး။ မဟာယာနဘုန်းကြီးပါ။ တိဘက် ဘုန်းကြီးဖြစ်ဖို့ များပါတယ်။ မဟာယာနတွေဟာ ဘုရားလောင်းဝါဒကို အဓိကထားတာဖြစ်တဲ့အတွက် ဒီယုံကြည်ချက်တွေ ရှိပါတယ်။ ဒလိုင်းလားမားလည်း သူတို့ယုံကြည်ချက်အရ သက်ရှိထင်ရှား လို့ ယုံကြည်နေသူတွေပါ။ ပြီးတော့ မဟာယာနဟာ လူတိုင်းဘုရားဖြစ်နိုင်တယ်။ အခုဘ၀မှာပင် ဘုရားဖြစ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်လည်း ရှိပါတယ်။ သူတို့အမြင်အရ ဂေါတမမြတ်စွာဘုရားဟာ ပရိနိဗ္ဇာန်တကယ်မပြုဘဲ ဘုံဌာန တစ်ခုမှာ ရှိနေတယ်လို့တောင် ယုံကြည်သူတွေပါ။ ဒါကြောင့် သူတို့ မဟာယာနအယူအဆအရ လူတိုင်းဘုရားဖြစ်နိုင်တယ်လို့ ခံယူပြီး ဘုရားလို့ ယုံကြည်မှုနဲ့ ရှိခိုးတာဖြစ်နိုင်ပါတယ်။ သေချာတာကတော့ ထေရ၀ါဒ ဘုန်းကြီးများ မဟုတ်တာပါပဲ။ ဘုန်းကြီးတွေလို့ ဆိုတဲ့အခါမှာ အားလုံး ပါသွားမှာ ဆိုးလို့ပါ...

အရှင်ဘုရားခုလိုရှင်းပြပေးတာကျေးဇူးကြီးလှပါတယ်ဘုရား

Anonymous said...

အင်း မြန်မာဖုန်းကြီးတွေဟုတ်ပါဘူး

တိဘက်ဖုန်းကြီးတွေနေမှာပါ

တခြားဘာသာတွေတွေ့ရင်တော့ ဟဟ

တော်ပြီးပြောတော့ဘူး