Wednesday, 12 November 2008
ရေနံဈေး ဆက်လက် ကျဆင်း
ကမ္ဘာတလွား စီးပွားရေး ကျဆင်းမှု ဂယက်ရိုက်ခတ်နေချိန်မှာ သတင်းကောင်းလေးကတော့ ဓါတ်ဆီဈေးကျဆင်းနေတာပဲဖြစ်တယ်။ ဓါတ်ဆီဈေးက တပီပါကို အမေရိကန်ဒေါ်လာ ၁၄၇ ကနေ ပြုတ်ကျလာလိုက်တာ ခုဆို တပီပါကို ဒေါ်လာ ၅၇ ဒေါ်လာပဲရှိတော့တယ်။ လက်လီတဂါလံကို တဒေါ်လာနဲ့  ဆင့် ၉၀ လောက်ပဲဝယ်ရတော့တယ်။ ပြီးခဲ့အပတ်က ပင်ဆယ်လ်ဗေးနီးယားကနေ အင်ဒီယားနားပြည်နယ် ဖေါ့ဝိန်းကို ကျနော်နဲ့ မြတ်စိုး ကားမောင်းလာတော့ ဓါတ်ဆီခ ဒေါ်လာ ၄၀ လောက်ပဲပေးရတော့တယ်။ ခရီးက မိုင် ၄၀၀ ကျော်တယ်။ ၇ နစ်နာရီခွဲလောက်မောင်းရတယ်။ အရင်ကဓါတ်ဆီဈေးနဲ့ ဆိုရင် တော့ ဒေါ်လာ ၈၀ လောက်ခိုက်သွားနိင်တယ်။ နိင်ငံတကာ ဓါတ်ဆီဈေး ကျဆင်းလာရင်တော့ မြန်မာ ပြည်မှာလည်း ဆက်လက်ကျဆင်းလာနိင်ပါတယ်။ ရေနံစိမ်း ကတော့ ကမ္ဘာပေါက်ဈေး က
အမေရိကန် မှာတော့ တနေ့ ကို ရေနံ စည်ပီပါပေါင်း ၇၄၀ ၀၀၀ သုံးစွဲပါတယ်။
၂၀၀၉ ခုနစ်မှာ ပီပါသန်းပေါင်း ၈၅ ဒသမ ၉၃ လောက်သုံးစွဲနိင်တယ်လို့ ခန့် မှန်းထားကြပါတယ်။ ရေနံဈေးကဆင်းလာတာကို နိင်ငံတကာ ပြည်သူတွေပျော်ရွင်နေသလောက်မပျော်နိင်တဲ့သူတွေကတော့ ရေနံထုတ်လုပ်တဲ့ အိုပက် အဖွဲ့ နိင်ငံတွေဖြစ်ပါတယ်။ အိုပက်ဥက္ကဌ ချော့ဘ် ခါလီက ရေနံဈေးဆက်ကျနေမယ်ဆိုရင် သူတို့ အနေ နဲ့ ထုတ်လုပ်မှု ကို လျော့ချရမယ်လို့ သတိပေးလာပါတယ်။
သူတို့ က ရေနံဈေးဆက်လက်ကျဆင်းနေမှာ ကို စိုးရိမ်တဲ့အတွက် ရေနံထုတ်လုပ်မှု ကိုလျော့ချဖို့ စီစဉ်နေတယ်။
ရေနံဈေးကျဆင်းနေတာကတော့ဗျာ ရှင်းပါတယ်။ ဈေးကွက်မှာတောင်းဆို မှု ကျဆင်းသွားလို့ ပဲပေါ့။ အဓိပ္ပါယ်က လူတွေရေနံသုံးတာကိုလျော့ချလာလို့ ပဲ။ ကားမောင်းနေတာကိုလျော့ချတယ်။ စက်ရုံတွေ ရပ်ဆိုင်းမှု တွေရှိနေတယ်ဆိုတာကို ပြသနေတယ်။ စက်ရုံတွေမလည်ပဲရပ်နေတယ်ဆိုကထည်းက အလုပ်လက်မဲ့ ပြသာနာကလည်းရှိနေပြီဆိုတာကို ပြတယ်လေ။
နိင်ငံတကာ စွမ်းအင် အေဂျင်စီ - IEA - ရဲ့ အဆိုအရတော့ ရေနံ သုံးစွဲမှု ကျဆင်းလာတာ ၁၅ နစ်အတွင်း အမြင့်ဆုံးပဲလို့ ဆိုတယ်။ ကျနော်တို့ ပြည်တွင်းက မြန်မာ လုပ်ငန်းရှင်တွေ ကိုအကြံပေးလို တာကတော့
• ရေနံ ဈေးကို ဒီထက်ပို ပြီး တလဟော ကျဆင်းတာကို အိုပက်က လက်ခံမှာမဟုတ်ဘူး။ ဒီထက်ကျဆင်းနေရင်လည်း ကမ္ဘာစီးပွားရေး က ပျက်သလို ဖြစ်လာနိင်တယ်။ဒါကို ကမ္ဘာခေါင်းဆောင်တွေက လက်မခံဘူး ၀ိုင်းကျားကန်နေတယ်။
• ဒီထက်နည်းနည်းထပ်ကျလာရင် ၊ ငွေပိုငွေလျံလည်းရှိတယ်ဆိုရင် ရေနံ ကိုဝယ်ယူလှောင်ထားသင့်တယ်။ မီးမလောင်အောင်လည်း ဂရုစိုက်ဖို့ လိုမယ်။
• ဒီထက် ပိုပြီး ပိုက်ဆံရှိပြီး မြန်မာ ပြည်မှာလည်း ဘာလုပ်ငန်းမှ လုပ်လို့ မရတဲ့သူတွေကတော့ ရေနံ စတော့ ကို ၀ယ်ယူထားသင့်တယ်လို့ အကြံပေးလိုပါတယ်။
မိုးသီးဇွန်
at 13:54
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment