Wednesday, 12 November 2008
မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် ဘောလုံးအသင်း များ ဂိုးမရှိသရေကျ
ကိုကြီး
တကယ်တော့ မြန်မာနဲ့  ဘင်္ဂလားဒေ့ရှ် က ဘူဘူခြင်း တစ်လုပ်နေကြတာ။ ဈေးထဲမှာ သူတောင်းစားနစ်ယောက်ရန်ဖြစ်သလို ပွဲကြည်ပရိတ်သက်အတွက် မစိုးရိမ်ရပဲ ဟာ သ လိုဖြစ်နေတယ်။ မြန်မာစစ်အစိုးရက ကိုယ်အကြောင်းကိုယ်သိ အမြှီးကုတ်ပြီး ပြန်ခေါက်လာတယ်။ ဒါကို အရှက်ပြေ၊ ဘင်္ဂလားဒေ့ရှ်က မှားယွင်းစွာတောင်းဆိုလို့ မိမိတို့ လက်မခံဘူးလေး၊ဘာလေးလုပ်နေသေးသတယ်။ စစ်တပ်အချင်းချင်း တွင် ဘူဖြစ်နေကြတာမဟုတ်ပါဘူး။ ဘောလုံးအသင်းမှာ လည်း ဘူပဲ။ မနေ့ က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နစ်သင်း သုဝဏဘောလုံးကွင်းမှာ ကစားတယ်။ ပွဲက 3 rd Grand Royal Challenge လို့ သိရတယ်။ ဒီပွဲမှာ နစ်ဖက်စလုံးက ဂိုးမရှိသရေကျတယ်လေ။
နအဖ စစ်အစိုးရလက်အောက်မှာ မြန်မာဘောလုံးအသင်းကလည်း အောင်ဖျာလိပ်ဘ၀ ကကိုမတက်ဘူး။ ဘောလုံးတလုံးလို ဟိုလူက ကန် ဒီလူက ကန်ဖြစ်နေရတာတော့ကြာပြီ။ မြန်မာ နိင်ပြီ ဒို့ ဗမာ နိင်ပြီဆိုတဲ့ သီချင်းက မေရှင်တို့  မကြည်အောင်တို့ သီချင်းလို ခေတ်ဟောင်းတေးဖြစ်နေရတယ်။ မြန်မာ့ဘောလုံးအဖွဲ့ ချုပ်ကို စစ်ဗိုလ်တွေနဲ့ မက်ဇော်ဇော်လို
လူမျိုးလက်ထဲ ရောက်သွားမှတော့ ခေတ်ဟောင်းတေး က ပြန်ဆိုတေးလောက်တောင်ဖြစ်မလာတာ မဆန်းလှပေဘူး။ ဒို ဗမာနိင်ပြီ သီချင်းကို ပြန်ဖွင့်နိင်ဖို့ ဆိုရင် စကားကြီးသုံးခွန် မှာလိုက်ခြင်ပါတယ်
• ပုဂလိက ကလပ်အသင်းတွေ ဖွင့်ပေးလိုက်
• ပုဂိလိက ဘောလုံးအသင်းတွေကို တည်ထောင်ခွင့်ပေးလိုက်
• အားကစားသမားတွေလွတ်လပ်စွာ ကစားပါစေ
ဒီသုံးခွန်းကိုသာ လိုက်နာပါ။ မြန်မာ့ ခြေစွမ်းကို ကမ္ဘာက သိသွားရစေပါမယ်။ မြန်မာလူငယ်တွေက ဇ ရှိတယ်။ အစဉ်အလာရှိတယ်။ မှတ်မိသေးတယ်။ ၁၉၈၉ခုနစ် ထိုင်းနိင်ငံကို ကျနော်ရောက်တော့ ဆံပင်ညှပ်ဆိုင်တယ်။ ဆံသာ ဆရာထိုင်းလူမျိုးက ဘယ်နိင်ငံကလည်း လို့ ကျနော်ကိုမေးတယ်။ ကျနော်က မြန်မာနိင်ငံကလို့ ပြောတော့ သူက
ဘာမပြောညာမပြောနဲ့ ကျနော်ခြေထောက်ကို ကိုင်လိုက်ပြီး ခြေသိပ်ကောင်းတယ်တဲ့။
မြန်မာ ဘောလုံး အသင်းကိုသူသိပ်တော်တယ်လို့ သူက ချီးကြူးတယ်။ သူက အသက် ၆၀ လောက်ရှိပြီ။ သူခေတ်က အရှေ့ တောင်အာရှမှာ မြန်မာအသင်း ရဲ့ အားမန်ကို သူသိတယ်။
ဗဟာဒူးတို့ အေးမောင်ကြီး ၊ အေးမောင်လေးတို့  က မြန်မာ အားကစားအသင်းရဲ့ သူရဲကောင်းတွေ နိင်ငံ ဂုဏ်ကို ဆောင်ပေးခဲ့တဲ့ အာကစားသူရဲကောင်းကြီးတွေ။ ဒီသူရဲကောင်းကြီးတွေ ခုဘယ်ရောက်နေလည်း ။ ဗဟာဒူးဆို ရင် စီးပွားရေးအရတော်တော်လေးချို့ တဲ့နေတာကြားတော့စိတ်မကောင်းဖြစ်မိတယ်။ စစ်အစိုးရက တော်တော်ယုတ်မာတာ ဒို့ မြန်မာ တွေရဲ့ သူရဲ ကောင်းပုံရိပ်ဆိုရင် နိင်ငံရေးမှ မဟုတ်ဘူး။
အားကစား၊အနုပညာနဲ့ ခေတ်ပေါ် ရော့ ခ် ဂီတရဲ့ သူရဲ ကောင်းတွေ ပုံရိပ်တွေကို အကုန်ဖျောက်ဖျက်နေကြတာကိုး။
ဒီလိုစိတ်ဓါတ်နဲ့ မြန်မာ့ ဘောလုံးအသင်းဟာ လူရာဝင်မှာမဟုတ်ပါဘူး။ မြန်မာ ဘောလုံးအသင်း အောင်မြင်စေချင်ရင်တော့ စကားကြီးသုံခွန်းမှာ လိုက်ခြင်ပါတယ်။ အားကစားမှာ
• စစ်ဗိုလ် တွေဝင်မရှုတ်နဲ့ 
• စစ်ဗိုလ်တွေ ၀င်မရှုပ်နဲ့ 
• စစ်ဗိုလ်တွေ ၀င်မရှုပ်နဲ့ 
(ဓါတ်ပုံ ၁- မြန်မာ အသင်းနဲ့ လာကစားသွားတဲ့  ဘင်္ဂလားဒေ့ရှ် ဘောလုံးအသင်း )
Rest of your post
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment