ဝါရှင်တန်
အမေရိကန်နဲ့ ကနေဒါ အစိုးရ တွေက မြန်မာ စစ်အစိုးရအား ကိုမင်းဇေယျ အပါအ၀င် ၈လေးလုံးမျိုးဆက် ခေါင်းဆောင်
တွေကို မတရား ထောင်ဒဏ်နစ်ရှည် ချမှတ်မှု များ အတွက် ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း ကြေညာချက်တွေထုတ်
ပြန်လိုက်ပါတယ်။
အမေရိကန် အစိုးရ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ရောဘတ် ၀ုဒ် ( Robert Wood ) က သန်းရွေ စစ်အစိုးက ကျောင်းသား
ခေါင်းဆောင်တွေကို မတရားထောင်ချ မှု အပါ် အမေရိကန် အစိုးရက ပြစ်တင်ရှုတ်ချလိုက်ကြောင်းနဲ့ စိုးရိမ်ပူပန်းကြောင်း ကြေညာချက်မှာဖေါ်ပြထားပါတယ်။ အလားတူပဲ ကနေဒါ နိင်ငံခြားရေး ၀န်ကြီး မစ္စတာ လောရင့် ကန်နွမ် ( Lawrence Cannon) က ကျောင်းသားခေါင်းဆောင်တွေနဲ့  နိင်ငံရေး
အကျဉ်းသား တွေကို ချက်ခြင်းပြန်လွတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အစိုးရ နစ်ဖွဲ့ စလုံးရဲ့ ကြေညာချက်
တွေမှာ လူအခွင့်အရေးကိုလေးစားလိုက်နာဖို့ နဲ့  စစ်မှန်တဲ့  တွေ့ ဆုံဆွေးနွေးပွဲ လုပ်ဖို့  တောင်းဆိုထားပါတယ်။ ( ဓါတ်ပုံ- ကနေဒါနိင်ငံခြားရေးဝန်ကြီး လော့ရင့် ကန်နွမ် သန်းရွေ ကိုပြစ်တင်ရှုတ်ချ နေပုံ )
Rest of your post
Wednesday, 12 November 2008
Subscribe to:
Post Comments
(
Atom
)
1 comment :
သန်းရွှေဆိုတဲ့ကောင်က ချောက်တိုင်းမကြောက် မြှောက်တိုင်းမြောက်မဲ့ကောင်ထဲမပါဘူးဟ
Post a Comment