Wednesday 12 November 2008

အမေရိကန်နဲ့  ကနေဒါ သန်းရွေ စစ်အုပ်စုကို ပြစ်တင်ရှုတ်ချ

ဝါရှင်တန်
အမေရိကန်နဲ့ ကနေဒါ အစိုးရ တွေက မြန်မာ စစ်အစိုးရအား ကိုမင်းဇေယျ အပါအ၀င် ၈လေးလုံးမျိုးဆက် ခေါင်းဆောင်
တွေကို မတရား ထောင်ဒဏ်နစ်ရှည် ချမှတ်မှု များ အတွက် ပြင်းထန်စွာ ရှုတ်ချလိုက်ကြောင်း ကြေညာချက်တွေထုတ်
ပြန်လိုက်ပါတယ်။

အမေရိကန် အစိုးရ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ရောဘတ် ၀ုဒ် ( Robert Wood ) က သန်းရွေ စစ်အစိုးက ကျောင်းသား
ခေါင်းဆောင်တွေကို မတရားထောင်ချ မှု အပါ် အမေရိကန် အစိုးရက ပြစ်တင်ရှုတ်ချလိုက်ကြောင်းနဲ့ စိုးရိမ်ပူပန်းကြောင်း ကြေညာချက်မှာဖေါ်ပြထားပါတယ်။ အလားတူပဲ ကနေဒါ နိင်ငံခြားရေး ၀န်ကြီး မစ္စတာ လောရင့် ကန်နွမ် ( Lawrence Cannon) က ကျောင်းသားခေါင်းဆောင်တွေနဲ့  နိင်ငံရေး
အကျဉ်းသား တွေကို ချက်ခြင်းပြန်လွတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ အစိုးရ နစ်ဖွဲ့ စလုံးရဲ့ ကြေညာချက်
တွေမှာ လူအခွင့်အရေးကိုလေးစားလိုက်နာဖို့ နဲ့  စစ်မှန်တဲ့  တွေ့ ဆုံဆွေးနွေးပွဲ လုပ်ဖို့  တောင်းဆိုထားပါတယ်။ ( ဓါတ်ပုံ- ကနေဒါနိင်ငံခြားရေးဝန်ကြီး လော့ရင့် ကန်နွမ် သန်းရွေ ကိုပြစ်တင်ရှုတ်ချ နေပုံ )



Rest of your post

1 comment :

နိုင်ကို said...

သန်းရွှေဆိုတဲ့ကောင်က ချောက်တိုင်းမကြောက် မြှောက်တိုင်းမြောက်မဲ့ကောင်ထဲမပါဘူးဟ