Friday, 14 November 2008

အမေရိကန်ရယ် သနားတယ်

ညက ကျော်ဆန်းတညလုံးအိပ်မပျော်။သူ့ကိုယ်သူ ဟစ်တလာလိုလို ကြိတ်စိတ်ကူးယဉ်ပြီး ညတိုင်း မိတ်ကပ်လိမ်း ဂါဝန်ဝတ် ပန်တီဟို့စ်စွပ်၏။
သူ့မိန်းမကြီး၏အဖြူရောင်ရှင်မီးအင်္ကျီကိုဆေးလိပ်မီးထိုးကာဇကာပေါက်ဖြစ်စေလျှက်မီးသွေးသုတ်ထားလိုက်သေး၏။
ထို ရှင်မီးအင်္ကျီကိုဝတ်ထားလိုက်သည်မှာ ဖောင်းကားအဆီပိတ်နေသောဗိုက်ကြီးဖုံးသည်အထိဖြစ်၏။

အသားမဲမဲ သွားကြဲကြဲ နဖူး ပြောင်ပြောင် ကြာဇံအိုး ပေါ်ကတ္တရာပုံးမှောက်သလိုဆံပင်များဖြင့် သူ့ကိုယ်သူဗစ်တိုးရီးယား ခေတ်က ပြည့်တန်ဆာဟန်ဖြင့်သူ့မိန်းမကြီးရှေ့ တွင်လေးဖက်ထောက်လျှက် ပွေးကွက် ၀ဲကွက်များပြည့်နေသော သူ့ဖင်မဲကြီးအား ထားဝယ်ကြမ်ဖြင့်အမြဲရိုက်ခိုင်းနေကြ။
ဟစ်တလာက ထိုကဲ့သို့ စိတ်ရောဂါရှိသည်ဟု စာတိုပေစများတွင်ဖတ်ဖူးသဖြင့် ဖြစ်သည်ဟုတော့ သူက သူ့ မိန်းမကြီးကို ကြိတ်ရွှီးထား၏။
သူ့ မိန်းမကြီးကလည်း အင်မတန် ပစိပစပ်များ လွန်းသော ကျော်ဆန်းကို စိတ်ကုန်ကုန်အမြင်ကပ်ကပ်ဖြင့် ညတိုင်းအရှိုးရာထင်အောင်ရိုက်ပေးနေကြ။
နအဖ စစ်ဗိုလ်ချုပ်ဖြစ်သည့်ကျော်ဆန်းသည် နေ့ပိုင်းတွင်တော့ ဟိတ်ကြီးဟန်ကြီးဖြင့် ရွှေရောင်ကြယ်ကြီးများကို ပုခုံးပေါ်တပ်ကာ ဟိုလူ့ဟိန်းလို်က်ဒီလူ့ဟောက်လိုက်ဖြင့် သူ့ဆရာကြီးသန်းရွှေတို့အုပ်စု၏လုပ်ပေါက်အတိုင်း တချက်မလွဲစေရ။
ယခုညတော့သူ့မိန်းမကြီး ရိုက်တာ ချိန်သားလွဲပြီးမတော်ရာရိုက်မိရာမှစ၍ ကျော်ဆန်း ရေခဲအိတ်ကို လက်ကမချနိုင်ပဲ ကုန်းကွ ကုန်းကွဖြင့် သူ့ကွန်ပြူတာရှေ့ တွင်မြန်မာဘလော့များကို သဲကြီးမဲကြီး ဖတ်နေ၏။ သူ့ရည်ရွယ်ချက်ကတော့ အောင့်အောင့်နာနာဒဏ်မှသက်သာလိုသက်သာငြား။

ဘလော့တစ်ခုပြီးတစ်ခုလျှောက်ကြည့်မည်လုပ်ပြီး We fight we win ဘလော့ရောက်တော့ ကျော်ဆန်း မျက်လုံးပြူးမျက်ဆံပြူးဖြင့် တယ်လီဖုန်းကို ကိုင်ကာ ခုံဖိနပ်ဖင်ခုသန်းရှာနေကျအဖွားကြီးပင် သူနှင့်တူသည်ဟု ပြောလျှင် ရှက်သေနိုင်လောက်သည့် ဟန်ဖြင့် သူနှင့်ဖွဖော်ဖွဖက် ခင်ရီထံစတင်ဖုန်းဆက်လိုက်ပါတော့၏။
ကလင်......ကလင်.........။
ခင်ရီက ညအိပ်လျှင် ဂါဝန် ၀တ်အိပ်လေ့ရှိ၏။ သူ့ကိုယ်သူတော့ ဘိုဆန်ဆန် အနောက်တိုင်းယဉ်ကျေးမှုနှင့် သူ့ကိုယ်ပိုင်အချိန်များတွင်ကျင့်ကြံနေထိုင်ခြင်းဖြစ်သည်ဟု သူ့မိန်းမကိုအမြဲညာနေကျဖြစ်၏။
ခင်ရီ၏ အိမ်မှ တပ်သားတစ်ယောက်က တယ်လီဖုန်းကိုင်လိုက်၏။
“ဟယ်လို ရဲချုပ်အိမ်ကပါ အခုဆက်နေတာဘယ်သူပါလဲ”
“ဟေ့ကောင် ငါကျော်ဆန်းပဲ ခင်ရီကို အခုချက်ချင်းနှိုးစမ်း အရေးကြီးတယ်”ဟုပြောပြီး တယ်လီဖုန်းကို ကိုင်လျှက် ရှင်မီးအင်္ကျီဇကာပေါက်ဝတ်ထားသောအတ္တဘောကိုယ်လုံး၊
ပန်တီဟို့စ်မဆန့် မပြဲတို့ကိုဝတ်ပြီး အိပ်ခန်းကော်ဇောပေါ်တွင်
ခြေမဖျားလေးဖြင့် လမ်းလျှောက်ရင်းဘဲလေး အကမယ်လိုလိုသူ့ကိုယ်သူစိတ်ကူးယဉ်၏။ ရှက်ပြုံးကပြုံးလိုက်သေး၏ ။
ပြီးတော့ ညာလက်ဖြင့် ဖုံးကို နားနားကပ်ကာ ဘယ်လက်ဖြင့်ညာလက်တံတောင်ဆစ်ကို ရွရွလေး
ကိုင်ထားရင်း ပွေးကွက် ၀ဲကွက်တို့ဖြင့် မီးလောင်ထားသောတောင်ယာနှင့်တူသည့်သူ့ ဖင်မဲကြီးကို လှုပ်လိုက်ရမ်းလိုက်သေး၏။

တပ်သားက ခင်ရီ့ အခန်းတံခါးကို ခေါက်၏ ။
ခင်ရီအိပ်ချင်မူးတူးနှင့် သူ့ ဂါဝန်ကို သူလုံအောင် အောက်ခြေကစုဖုံးကာ အိပ်ယာမှထလိုက်၏ ပြီးတော့ “ဘာလဲကွ” ဟု မေးလိုက်၏။
“ ၀န်ကြီး ကျော်ဆန်းဆီက ဖုန်းပါအရေးကြီးလို့လို့ပြောပါတယ် ရဲချုပ်”
“အေး ဒါဆို ငါ အခန်းထဲကဖုန်းက ကိုင်လိုက်မယ်”ဟု ခပ်မာမာပြန်ဖြေလိုက်၏။
အိပ်ယာဘေးမှ မှန်ဝိုင်းကလေးတွင်သူ့မျက်နှာကိုသူပြန်ကြည့်ကာ အာပုတ်ရည် စက်လက်ကျသဖြင့် ပြယ်စပြုနေသော နှုတ်ခမ်းနီတို့ဖြင့်
ဝမ်းချုပ်နေသော ၀က်ဖင်နှင့်တူသည့် သူ့နှုတ်ခမ်းကို စုပြီးကြည့်လိုက်သေး၏။
ပြီးနောက်
“ဟယ်လို...ပြော” ဟု ချစ်သူကိုစိတ်ကောက်သော မြီးကောက်ပေါက်အထာ ညုတုတု ဟန်ဖြင့် ဖြေလိုက်၏။
“ဟဲ့ ... မယ်ရီ ညည်းသိပြီးပြီလား ဟိုအကောင်တွေဘလော့လေ”
“ဟဲ့ မိဆန်းရဲ့ ဘယ်အကောင်တွေဘလော့လဲ ယူ့ ဟာကအရင်းမရှိအဖျားမရှိ” ဟု ပြန်မေးလိုက်၏။
“အယ်...ညည်းကလဲ အသိတော့ဘူးလား ဟိုကောင်တွေလေ ရေးလိုက်ရင် ပြူးတူးပြဲတဲနဲ့ အကောင်တွေ” ဟု ပြောလိုက်ရင်း မျက်ဆံကို ညာဘက်ထောင့်သို့ ကပ်ကာ သူ၏ ချေးအထပ်ထပ်ပြည့်နေသော ဘယ်ဘက်လက်သန်းကို
ဖွဖွလေးကိုက်လိုက်၏။
ပြီးတော့ ကွန်ပြူတာခုံအစွန်းတွင်တင်ထားသော ရေခဲအိတ်ကို ယူပြီး အောင့်တော်မူသောနေရာသို့ကပ်လိုက်၏။
တဖက် မှ ခင်ရီဘယ်လောက်တွေးနိုင်မလဲဟုလည်း တွေးနေ၏။
“အော် သိပြီ ဟိုအကောင်မဟုတ်လားဟဲ့” ဟု ခပ်တည်တည်ဖြင့် ရောယောင် ရွှီးလိုက်၏ ။
တကယ်တော့ ခင်ရီ ဘယ်သူမှန်းမသိ။ သူကျိန်းသေသိတာကတော့ ကျော်ဆန်းကဖြီးတဲ့နေရာမှာနံပါတ်တစ် သူများဖြီးလျှင်လည်း
အော်တိုမက်တစ်ယုံတတ်သည်မှာ ဓါတ်ခဲလဲစရာမလို။
“ဟဲ့ အရီရဲ့ ဘယ်လိုလုပ်ကြမတုန်းဟဲ့ ဒီအတိုင်းဆို တို့လည်းတခုခုလုပ်မှဖြစ်မယ်ဟဲ့ ”
“အို..ယူကလည်း ချုပ်ချုပ်ကြီးကို အသိပေးရမှာပေါ့ ” ဟု ခင်ရီကပြန်ဖြေ၏။
ထို့နောက်နှစ်ယောက်သား သဘောတူလိုက်ကြပြီး သန်းရွှေကြီးအိမ်သို့ဖုန်းဆက်ပါလေတော့၏။
ထိုညကတပ်ချုပ်ကြီး၏ အိမ်တွင် ဘင်္ဂလားပင်လယ်ကွေ့ ဓါတ်ငွေ့ တူးသည့်ကိစ္စနှင့်ပတ်သက်၍ သေနင်္ဂဗျူဟာမြောက် တိုက်စစ်ဆင်ရန်ဆိုသောအကြောင်းပြချက်ကြီးကြီးကျယ်ကျယ်အရ တင်အောင်မြင့်ဦးနှင့် ရွှေမန်းတို့နှစ်ယောက်လည်းရှိနေကြ၏။
ကလင်...ကလင်...ကလင်....။
“ဟယ်လို အခုဆက်နေတာဘယ်သူပါလဲ”ဟု လုံခြုံရေးတာဝန်ကျ ဆိတ်ဘိုက အသံမာမာဖြင့်မေးလိုက်၏။
ကျော်ဆန်းက “ဟယ်...သား ..တို့ပါ ရဲချုပ်လဲ ရှိတယ်သိလား အခု ကွန်ဖရင့်ကော ခေါ်တာလေသိလား တပ်ချုပ်ကြီးကို အခုနှိုးပေးနော်သိလား”ဆိုကာ ကောင်လေးတော့ တနေ့ ငါဝါးရမှာပါဟူသည့် လေသံဖြင့် ပြောလိုက်တော့ လုံခြုံရေးတာဝန်ကျ မနူးမနပ်ဆိတ်ဘိုလေးလဲ အပေါ်ထပ် တပ်ချုပ်ကြီး ၏ အိပ်ခန်းကျယ်ကြီးသို့ အင်တာကွန်းဖြင့် အကြောင်းကြားလိုက်၏။

ရွှေမန်းက ဖုန်းကိုအမြန်ကောက်ကိုင်လိုက်၏။ “ဟယ်လို ပြော ဘာကိစ္စလဲ ” ဟု အမိန့် သံစိတ်မရှည်သံဖြင့် မေးလိုက်၏။
ကျနော်ခင်ရီပါ ကိုကျော်ဆန်းလဲရှိပါတယ် လိုင်းပေါ်မှာအရေးကြီးကိစ္စတင်ပြစရာရှိလို့ ပါ” ဟု ဖြေလိုက်၏။
ထိုအခါ တယ်လီဖုန်းကို သုံးယောက်လုံးကြားစေရန် စပီကာဖွင့်လိုက်၏။
တပ်ချုပ်ကြီးက “ဟေ့ကောင်တွေ ဘာကိစ္စလဲ ပြောစမ်း” ဟု မေးလိုက်၏။
“ဟိုကောင်တွေ We fight we win ဘလော့မှာ အမေရိကန်က ဒုတိယဗိုလ်ချုပ်ကြီး ရာထူးကို အမျိုးသမီးတစ်ယောက်ကိုပေးလိုက်ပြီ တပ်ချုပ်ကြီး ကျနော်တို့ ဘာဆက်လုပ်ကြမလဲ” ဟုမေးလိုက်၏။
တင်အောင်မြင့်ဦးသည် ကုတင်ပေါ်မှ ခေါင်းအုံးအရှည် လုံးလုံးကြီးကို ဖက်ကာ တခစ်ခစ်ခိုးရယ်တော့၏။
တပ်ချုပ်ကြီးက ရင်ဘတ်မှ အလုံးကြီးကျသွားသည့်ဟန်ဖြင့် စပျစ်သီးကို လက်ညှိုးနှင့် လက်မကြားတွင် ရွရွလေးကိုင်လိုက်၏။
သူ၏ ညိုမဲဝဖြီးသော လက်ပုပုတိုတိုကြီးများကို ကနွဲ့ ကလျဖြင့် လက်သန်းကိုကော့ကာ
“ဟေ့ကောင်တွေ ဒီမှာဗျူဟာဆွဲနေတာ အလုပ်ပျက်တယ် မင်းတို့ တော်တော်ရှုပ်တယ် ဒီကိစ္စမျိုးအတွက်ငါတို့ ဘယ်တော့မှ နောက်မကျဘူးကွ”ဟု ပြောရင်း မေးကို ငေါ့လျှက် ဖုန်းချလိုက်ရန်ရွှေမန်းကို အချက်ပြလိုက်၏။
ဖုန်းကိုရွှေမန်းဂေါက်ကနဲချလိုက်သောအခါ “ဟွန့် ဒါလေးများ လာပြောနေသေးတယ် ”ဟု တပ်ချုပ်ကြီးကမဲ့ရွဲ့ကာ ညည်းလိုက်၏။
ထိုအခါ ရွှေမန်းက “အေးလေ သူတို့ကအမေရိကန်ဆိုပြီးခုမှ မိန်းမတစ်ယောက်ကို ဒုတိယဗိုလ်ချုပ်ကြီးခန့် ရဲတာ သနားတယ်..” ဆိုသောစကားနှင့်အတူ သူ၏ နာ့စ်မ ခေါင်းဆောင်းဦးထုတ်ကလေးကိုချွတ်ရင်း တင်အောင်မြင့်ဦး၏ တင်ပါးကြီးကို
ရိုက်လိုက်ရာ တင်အောင်မြင့်ဦးက “အယ့်အမေ့... ကောင်မနော်...သူသိပ်ကဲတယ်”ဟုပြောပြီးတဆက်တည်းပင် “ သူတို့က ဒုတိယဗိုလ်ချုပ်ကြီးတယောက်ပဲခန့် တာ များတို့ကရယ်တာပေါ့ ဟုတ်ဘူးလား ချုပ်ချုပ်ကြီးရယ် ”ဟု ကြာပစ်ကာပြောလိုက်၏။
သူတို့ပြောနေသော စကားများကို တကယ်တော့ တပ်ချုပ်ကြီးကစိတ်မ၀င်စားအား ။
သူ့ခမျာ ရုပ်ရှင်သရုပ်ဆောင် ဒေါ်ခင်အေးဟန်နှင့် တူသည်ဟု ကြိတ်စိတ်ကူးယဉ်နေသော်လည်း သူ့ အရပ်က မဆိုစလောက်ပုနေသည်ကို ဆန့် ထုတ်ရန်
အကြံကို ခုထိ လက်မှိုင်မချသေးပဲ နှုတ်ခမ်းတလံပန်းတလံဖြင့် ပြောလိုက်သည်မှာ “ ကောင်မတွေနော် သိပ်သိပ်ကဲ” ဟူ၍ဖြစ်လေသတည်း။

ထိပ်တင်ကိုယ်တော်ထွား

No comments :