Thursday, 4 December 2008

ထိုင်းအစိုးရရွေးကောက်ပွဲ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ပြုလုပ်မည်













ဘန်ကောက်မြို့  တွင် ပြည်သူ များ လွတ်လပ်စွာ မဲပေးခဲ့ကြစဉ်
မြို့ ပြ မဲပေးသူတွေအပေါ်ကို တော့ မဲဝယ်ခံရမှု ရှားပါးတာတွေ့ခဲ့ ရတယ်။
ရွေးကောက်ပွဲဆိုတာ တရားမျှတမှုရှိရမယ်။ လွတ်လပ်မှုရှိရမယ်။ အနိုင်ရ သူကို အသိအမှတ်ပြုရမယ်။

-Planet News-
ဒီဇင်ဘာ ၃ -၂၀၀၈

ထိုင်းအစိုးရ ရွေးကောက်ပွဲများကို ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် ပြန်လည် ကျင်းပ သွားမည် ဖြစ်သည်။ ၀န်ကြီးချုပ် ဆွန်ချိုင်းအစိုးရ ပြုတ်ကျသွားပြီးနောက် ပြန်လည်ကျင်းပမည့် ရွေးကောက်ပွဲ ရက်အတိအကျကို ထိုင်းနိုင်ငံရွေးကောက်ပွဲ ကျင်းပရေး ကော်မတီ ဥက္ကဌ အပီချတ်ဆူခတ်ဂနွန်းက ဒီဇင်ဘာလ (၃)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယခု ရွေးကောက်ပွဲ တွင် ပြည်သူ့စွမ်းအားပါတီ(PPP)၊ မတ်ချီမာ သီပတ္တယားပါတီနှင့် ချတ်ထိုင်း ပါတီတို့ ယှဉ်ပြိုင်ခွင့် မရှိတော့ကြောင်း ၎င်းကထပ်မံ အတည်ပြု ခဲ့သည်။ ယခု ရွေးကောက်ပွဲ တွင် တားဆီးပိတ်ပင်ခြင်း ခံထားရသည့် အဆိုပါ ပါတီ(၃)ခုမှလွဲပြီး ခရိုင်(၂၂)ခုမှ ပါတီ(၂၆)ခု ပါဝင်ကြမည်ဖြစ်သည်။

မူလက ဒီဇင်ဘာလ (၉)ရက်နေ့တွင် ရွေးကောက်ပွဲများ ပြန်လည် ကျင်းပရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်း တွင်မူ (၁၁)ရက်နေ့ကိုသာ အတည်ပြု ရွေးချယ်ခဲ့ကြောင်း အပီချတ်က ဆိုသည်။ ၀န်ကြီးချုပ်ဆွန်ချိုင်း သည် ဒီဇင်ဘာလ (၂)ရက်နေ့က တရားဝင် အာဏာစွန့်လွှတ်ခဲ့ရပြီးနောက် ရွေးကောက်ပွဲ ဆိုင်ရာ (၂၀၀၇)ခုနှစ် ဥပဒေများအရ ၎င်း၏နိုင်ငံရေးပါတီသည် မသမာမှုများ ပြုလုပ်ခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် ၎င်း၏ပါတီ PPPပါ နိုင်ငံရေးလောကကို (၅)နှစ်ကြာမျှ စွန့်ခွာခဲ့ရသည်။

Source: XinhuaNet






















































လွတ်လပ်စွာ စည်းရုံးခွင့်၊ဟော်ပြောခွင့်၊မဲပေးခွင့် ရှိသော ထိုင်းရွှေးကောက်ပွဲ



Rest of your post

1 comment :

Anonymous said...

It's good freedom of speech and freedom of vote. But it's not good, re doing election every time until your party get elected. Bring down two government in less than 6 months is not a healthy democracy.