-သာကျော်-
ဂရိ ကျောင်းသားတဦး အား ရဲအဖွဲ့မှ ပစ်သတ်ခဲ့သော မီးပွားမှ စတင်ခဲ့သော အဓိကရုဏ်းသည် တတိယနေ့တွင် ဂရိတိုင်းပြည် နေရာအနှံ့ အပြားသို့ပြန့်သွားပြီး ကျောင်းသား လူငယ်များက စတိုးဆိုင်များ၊ ဟော်တယ်များ ကို ၀င်ရောက်ဖျက်ဆီး ကြပြီး လုံခြုံရေးအဖွဲ့ဝင်များနှင့် ကျောင်းသားလူငယ် ရင်ဆိုင် တိုက်ပွဲများဖြစ်ပွားကြသည်။ လူ ၃၀၀ ခန့် ရှိသော လူငယ်များမှ လုံထိန်း ရဲများ ကို ဂရိပါလီမန် ရှေ့၌ ကျောက်ခဲများ၊ ကြက်ဥများဖြင့်ပေါက်ကြပြီး လုံထိန်း တဦးမှာ မီးလောင်ဗုံး ဖြင့် တိုက်ခိုက်ခြင်း ခံရသော ကြောင့်ဒါဏ်ရာရရှိသွားပါသည်။
အသက် ၁၅ နှစ်ရှိ အဲလက်စ် ဂရီဂိုယိုပိုလိုစ် အသတ်ခံရခြင်း မီးပွားမှစတင်လာသော အရေးအခင်းသည် ကျောင်းသားလူငယ်များ မှ ဦးဆောင်ပြီး အထွေထွေသပိတ်ကြီး အား လာမည့် ဗုဒ္ဓဟူးနေ့တွင် ဖော်ဆောင်ဆင်နွဲရန် စီစဉ်ထားပါသည်။ ဂရိကျောင်းသား လူငယ်များသည် ဒုတိယ အကြီးဆုံးမြို့တော် စလွန်နီကာ ၌ ကားများ၊ စတိုးဆိုင်များ ကို ၀င်ရောက်ဖျက်ဆီးကြပြီး အလည်ပိုင်းမြို့ တော် ထရီကာလာ ၌ လည်း အလားတူ အဓိကရုဏ်းများ ပေါ်ပေါက်ခဲ့ပြီး ပိုမိုအင်အားတောင့်သော ကျောင်းသားလူငယ်ထုကြီး က ဘဏ်များကို ပင် ၀င်ရောက်စီးနင်းကြ ပါသည်။ လုံထိန်း ၃ ဦးဒါဏ်ရာ ရရှိသွားပါသည် ။ အဓိက ကမ္ဘာလှည့်ခရီးသည် များ လာရောက်လည်ပတ်ရာ ရုတ်ဒ် အိုင်းလန် အရပ်၌ လည်း လုံထိန်းရဲများက မျက်ရည်ယိုဗုံးများ ပစ်၍ ကျောင်းသားများကို ဖြိုခွင်းသလို ကျောင်းသားများမှလည်း ရဲစခန်းများကို ကျောက်ခဲမိုးရွာ ချခဲ့ပါသည်။
သေဆုံးသွားသော အသက် ၁၅ နှစ်ရှိ အဲလက်စ် ဂရီဂိုယိုပိုလိုစ်
အေသင်မြို့တော်၌ လည်း ရဲကား ၆ စီး ဖျက်ဆီး ခံခဲ့ရပြီး လက်ရှိ အာဏာရ ဒီမိုကရေစီသစ်ပါတီ ၏ ရက်ကွက် ရုံးခန်း၌ လည်း အသေးစားဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ပါသည်။ အေသင်မြို့ပေါ်၌ မီးခိုးများ ဖုံးနေပြီး တနိုင်ငံလုံးရှိ တက္ကသိုလ်များ၊ အထက်တန်း ကျောင်းများကို လက်ရှိ၌ ပိတ်ထားရပါသည်။
ဂရိရဲတပ်ဖွဲ့  မှ စနေနေ့ ကဖြစ်ပွားခဲ့သော လူသတ်မှု ၌ ပါဝင်ပတ်သတ်သော ရဲသား ၂ ဦး အား ဖမ်းဆီးထားပြီး စစ်ဆေးမှု များကို ပြုလုပ်လျက်ရှိပါသည်။ ရဲကားကို ကျောင်းသားလူငယ်များမှ ခဲဖြင့်ပေါက်ရာမှ ရဲသား တဦး က သေနတ်ထုတ်၍ ကားထဲမှထွက်ပြီး အဲလက်စ် အား ၃ကြိမ်ပစ်ခတ်လိုက်ရာ ရင်ဝ၌ ထိမှန်ပြီး အခင်းဖြစ်ပွားရာ အနီးရှိ ဆေးရုံပေါ်၌ သေဆုံးသွားခဲ့ပါသည်။
အေသင်၊ အိပ်စ်ဆာချီယား ရပ်ကွက်မှ ဆယ်ကျော်သက်ကျောင်းသားတဦးအား ရဲတပ်ဖွဲ့မှ ပစ်သတ်ခဲ့ခြင်းမှာ ဤ အကြိမ်သည် ပထမ အကြိမ် မဟုတ်ပါ။ ၁၉၈၅ ခုနှစ် လည်း အလားတူ ၁၅ နှစ်သား ကျောင်းသားတဦးအားရဲမှ ပစ်သတ်ခဲ့ဘူးပါသည်။ အိပ်စ်ဆာချီယားရပ်ကွက်သည် ဘိုဟီးမီးရန်း လူမျိုးများစုပေါင်းနေထိုင်သည့် ဧရိယာဖြစ်ပြီး သူပုန်သူကန်များ စုဝေးရာ အရပ် အဖြစ်လည်းသတ်မှတ်ထားရာ နေရာဖြစ်ပါသည်။ ၁၉၇၃ ခုနှစ် တွင်လည်း ဤအရပ်မှ ပင် ကျောင်းသားများ ဦးဆောင်သော သပိတ်တိုက်ပွဲကြီး စတင်ခဲ့ပြီး ၎င်း သပိတ်၏ ရလာဒ် ကြောင့် ၁၉၇၄ ခုနှစ် တွင် တိုင်းပြည်၏ စစ်အာဏာရှင်စနစ် ကို ဖြုတ်ချနိုင်ခဲ့သည်။
ဂရိနိုင်ငံခြားရေးဝန်ကြီး ဒိုရာဗာကိုးရားနစ်စ် ကတော့ ရဲတပ်ဖွဲ့မှ ပစ်သတ်ခဲ့မှုကို ၀မ်းနည်း ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ရိနိုင်ငံ ၀န်ကြီးချုပ်ဖြစ်သူ ကိုစတာ ကာရာမန်လစ်က လည်း အသက်(၁၅)နှစ် အရွယ် ယောက်ျားလေး၏ သေဆုံးမှုအတွက် အစိုးရအနေနှင့် စုံစမ်းမှုများ ပြုလုပ်သွားမည်ဟု ကတိပြုခဲ့သည်။ ယခုအခါ ဂရိ ကျောင်းသားတဦး အား ရဲအဖွဲ့မှ ပစ်သတ်ခဲ့သော မီးပွားမှ စတင်ခဲ့သော အဓိကရုဏ်းဟာ ဥရောပနိုင်ငံရှိ ပြည်ပရောက် ဂရိလူမျိုးတွေထိ ကူးစက်သွားနေပါပြီ။ ဘာလင် နဲ့ ဗြိတိန် ရှိ ဂရိသံရုံးတွေ မှာ လည်း ဂရိလူမျိုးများ ဆန့်ကျင်ဆန္ဒပြနေကြပြီး၊ ဘာလင်ရှိ ဂရိကောင်စစ်ဝန်ရုံးကို ဆန္ဒပြသူတွေက သိမ်းပိုက် ခဲ့ကြတယ်လို့ သိရှိရပါသည်။ ဗြိတိန်ရှိ ဂရိသံရုံး မှာတော့ အစိုးရကိုဆန့်ကျင်သောအနေနဲ့ မီးရှို့ မှုတွေပြုလုပ်ခဲ့ ကြောင်းကြားသိရပါသည်။
ဘာလင် နဲ့ ဗြိတိန် ရှိ ဂရိသံရုံးများတွင် ဂရိလူမျိုးများ ဆန္ဒပြနေကြစဉ်
No comments :
Post a Comment