Tuesday 30 December 2008

ဒေါ်စန္ဒာဝင်း သတင်း နောက်ဆက်တွဲ













Happy New Year ပါ စာဖတ်သူများခင်ဗျား။ ၂၀၀၈ခုနစ်ကုန်ခါနီးမှာ ကျနော်တို့ ရဲ့ ပြည်တွင်း ကွန်ယက်တွေက ပေးပို့လာတဲ့ သတင်းကိုတင်ပြလိုက်ပါတယ်။ သတင်းကတော့ဒေါ်စန္ဒာဝင်းရဲ့ သတင်းဖြစ်ပါတယ်။ ဒေါ်စန္ဒာဝင်း ကို သန်းရွှေက ပြန်မလွတ်ပေးခင်မှာ အချက် ၅ ချက်လိုက်နာရင် ပြန်လွှတ်ပေးမယ်လို့ ဆိုပါတယ်။ ဒါတွေကတော့

၁- ဦးနေ၀င်းနာမည်ကို ဘယ်တော့မှ မပြောနဲ့ ၊
၂- သတင်းထောက်တွေနဲ့  မဆက်သွယ်နဲ့ ၊
၃- စစ်တပ်က အရာရှိတွေနဲ့ မဆက်သွယ်နဲ့ ၊
၎- အလှူတွေ၊ ပွဲလမ်းတွေ ( Social gathering ) မသွားရ၊ မလုပ်ရ၊
၅- နိင်ငံခြားသားတွေနဲ့ မဆက်သွယ်နဲ့၊ ဆိုတာတွေဖြစ်ပါတယ်။

သူမက လိုက်နာ မယ်ဆိုတဲ့အတွက် သူမကို ပြန်လွှတ်ပေးလိုက်တာလို့ သိရပါတယ်။ လက်တွေ့မှာတော့ သူမဟာ မဆလအနွယ်ဟောင်းများ၊ထောက်လှမ်းရေးဟောင်းများနဲ့ တပ်မတော်ထဲမှာ သူမကို လိုလားသူတွေ ရှိနေတယ်လို့ သိရပါတယ်။ သူမကလည်း သန်းရွှေထံ ကို အချက် ၃ချက် ပြန်လည် တောင်းဆိုတယ်လို့ သိရပါတယ်။ ဒါတွေကတော့ -

၁- သူမကို လုံခြုံရေး (Security ) ပေးပါ ။ မပေးနိင်ဘူးလို့ သန်းရွှေက အကြောင်းပြန်ပါတယ်။

၂- သူမရဲ့ ခင်ပွန်း သားတွေကို ထောင်ဝင်စာတွေ့ခွင့် ပေးပါ။ သန်းရွှေက စဉ်းစားမယ်။ ဒါပေမဲ့ မျှော်လင့်မထားပါနဲ့ ။

၃- သူမကို တယ်လီဖုန်းလိုင်းပြန်ဆက်ပေးပါ။ တယ်လီဖုန်းတပ်ဆင်ပေးပါ။ ဒီအချက်ကိုလည်း သန်းရွှေက စဉ်းစားပေးမယ်လို့ ဆိုပါတယ်။


သန်းရွှေက ဒေါ် စန္ဒာဝင်းကို ဖြတ်လေးဖြတ်လုပ်ထားတယ်။ သူမ စီးပွားရေးလုပ်ငန်းတွေနဲ့ ဘဏ်ကလည်း ငွေမထုတ်နိင်တဲ့အတွက် သူမဟာ နေ့စဉ် စားဝတ်နေရေးတောင် အခက်ခဲရှိနေတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်ကတော် အတော်များများ က ဒေါ်စန္ဒာဝင်းကို ကြည်ညို ကြတယ်လို့ သိရတယ်။ တချို့ က သူမနဲ့  မက်သရစ်ကျောင်းနေဖက်တွေဖြစ်ခဲ့တာရယ်၊ ဦးနေ၀င်းသားသမီးတွေက သန်းရွှေသားသမီးတွေ လောက်မဆိုးဘူး။ ယဉ်ကျေးကြတယ်လို့ မဆလလူဟောင်းများ နဲ့ ဗိုလ်ချုပ်ဟောင်းများ ကဆိုပါတယ်။ ပြီးခဲ့တဲ့ ဒီအက်စ်အေ အရာရှိသင်တန်းဆင်းပွဲမှာ သူမြေး မျောက်မူးလဲကို ပွဲထုတ်တဲ့ကိစ္စကို တပ်မတော် အသိုင်းဝိုင်းက အတော့လေးကို မကြေမနပ်ဖြစ်ကြပါတယ်။ ဒီအက်စ်အေ ဆိုတာက သူတို့ တပ်မတော်ရဲ့  အမြင့်ဆုံး တန်ဖိုး ( Paradigm ) ကို သန်းရွှေ က ခြေနဲ့ နင်းချေ လိုက် တာဖြစ်တယ်လို့ ဆိုကြပါတယ်။ ငါ့ အမိန့်  ကို နာခံ သလို င့ါမြေး ရဲ့ အမိန့် ကိုလည်း နာခံရမယ်လို့ သွယ်ဝိုက်ပြောလိုက်တာဖြစ်တယ်လို့ အမည်မဖေါ်လိုတဲ့ ဗိုလ်လောင်းတဦး က ဆိုပါတယ်။ ဒေါ်စန္ဒာဝင်း ပြန်လွတ်လာတဲ့အပေါ်မှာတော့ တပ်မတော်အတွင်းက ဦးနေ၀င်း လက်ထက်က လူဟောင်း တွေရဲ့ မျိုးဆက်တွေနဲ့  ထောက်လှမ်းရေး အဟောင်းတွေက အားတက်နေကြတယ် လို့ ဆိုပါတယ်။ သူတို့ကတော့ ၁၉၉၀ ရွေးကောက်ပွဲတွေ ၂၀၁၀ ရွေးကောက်ပွဲ တွေကို သိပ်စိတ်ဝင်စားမှုမရှိကြပါဘူး။ မပိုင်သေးရင် ငြိမ်နေကြ ပိုင်ရင်တော့ သန်းရွှေကို ရှင်းပြစ်ဆိုတဲ့ အယူဆကို လက်ကိုင်ထားကြသူ တွေဖြစ်ပါတယ်။

ဦးနေ၀င်း ကို အသေကြောက်ခဲ့ရတဲ့ သန်းရွှေ (ခ) တပ်ချုပ်ကြီး





No comments :