Wednesday 31 December 2008

ဥရောပ နိုင်ငံများ ငါးဖမ်းခွင့် ဝေစုကိုသဘောတူ

ဥရောပ သင်္ဘောကြီးများမှ ဖမ်းပြီးငါးများ ကို ပြန်လွှတ်ပေးနေစဉ်


-ကို-

ဥရောပ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တွေဟာ ငါးမျိုး နွယ်အမြောက်အများဖမ်းဆီးခြင်းကို လျှော့ချခဲ့ပေမဲ့ မြောက်ပင်လယ်က ငါးကြီးဆီ ထုတ်လုပ်နိုင်သော ငါး အမျိုးအစား ဖမ်းဆီးမှုကိုတော့ နောက်နှစ်မှာ ၃၀ ရာခိုင်နှုန်း တိုးမြှင့် ဖို့သဘောတူခဲ့ကြပါတယ်။ ဝေစုအပိုင်းခွဲဝေရေးအတွက် အပြန်အလှန် ညှိနှိုင်းမှုတွေလုပ်ခဲ့ ကြရပါတယ်။ ငါးဖမ်း သမားတွေကတော့ ငါးလက်ကျန်တွေဟာ တစ်ဖြည်းဖြည်း လျှော့နည်းလာ တဲ့အတွက် ကြောင့် သူတို့ ရဲ့ အလုပ်အတွက် စိုးရိမ်ပူပန်စပြုလာပါပြီ။

တိုးမြှင့် ဖမ်းဆီးဖို့ ထဲမှာပါတဲ့ငါးမျိုးနွယ်တွေကတော့ မြောက်ပင်လယ်က Cod နှင့် Plaiceတို့ ဖြစ်ကြပြီး Mackerel နဲ့ အနောက် (Scotland )စကော့တလန်က Monkfish တို့ပဲဖြစ်ပါတယ်။ အင်္ဂလန်ကတော့ ဒီအချက်တွေဟာ အနောက် စကော့တလန် ငါးဖမ်းအဖွဲ့တွေကို ထိမ်းချုပ်လိုက်သလိုဖြစ်သွားမယ်လို့ ဆိုခဲ့ပါတယ်။

ဥရောပနိုင်ငံ များရဲ့ ငါးစာရင်းလက်ကျန်အခြေအနေ (၂၀၀၆)

အနောက် စကော့တလန်က ငါးဖမ်းအဖွဲ့တွေရဲ့ အဓိကအသက်သွေးကြောဖြစ်တဲ့ trawlers ကိုသုံးပြီး ပုစွန်ဖမ်းတဲ့ အလုပ်ကို လျော့ချပြစ်လိုက်တာတောင် ဥရောပအဖွဲ့ချုပ်လိုချင်တဲ့ အတိုင်းအထိ ရောက်အောင် ၁၅ ရာခိုင်နှုန်း လောက်ထပ်လျော့ချဖို့ လိုနေပါသေးတယ်။ ငါးဖမ်း သူတွေဟာ ပိုက်ကွန်အသစ်တွေကို အသုံးပြု ကျလိမ့်မယ်။ အဲဒီပိုက်ကွန် အသစ်တွေ ဟာ မလိုအပ်လို့ စွန့်ပြစ်မှုတွေ ဖြစ်တာကို လျော့ကျစေတယ်။ အများအားဖြင့် ငါးဖမ်းသမားတွေဟာ မလိုအပ်တဲ့ ငါးမျိုးစေ့တွေကို ပင်လယ် ထဲပြန်လွတ်လေ့ရှိကျပေမဲ့ တစ်ချို့ဟာ အချိန်လွန် သွားတဲ့အတွက်ကြောင့် သေကြေပျက်စီးရတယ်။

အဲဒီအကြောင်းအရာတွေနဲ့ ပက်သက်ပြီး Brussels မှာ ကြာသာပတေးနေ့ ကစပြီးအပြင်အထန် ဆွေးနွေးမှုတွေ စတင်ပြုလုပ် ကြပါတယ်။ စကော့တလန် ငါးမွေးမြူရေးလုပ်ငန်းရဲ့ အတွင်းရေးမှူး Richard Lochhead က ဒီတစ်ပတ်အတွင်း စေ့စပ်ညှိနှိုင်းပွဲမှာတော့ အနောက်ကမ်းရိုးတန်း ငါးဖမ်းလုပ်ငန်း အဖွဲ့အစည်းရဲ့ အနာဂတ်ဟာ ထင်ရှားခဲ့ပါတယ်လို့ ဆိုပါတယ်။

ပြီးတော့ နယ်မြေတွေကို ပိတ်ပင်ဖို့ အဆိုပြုချက်ကိုလဲ အောင်မြင်စွာ ဆန့်ကျင်နိုင်ခဲ့လို့ ကြီးမားတဲ့ အကျိုးရလာမယ်။ဒါပေမဲ့ ငါဖမ်းသမားအတော်များများဟာ သဘော တူညီထားတဲ့ သဘာဝပတ်ဝန်းကျင်အတိုင်းအတာကို လွှဲပြောင်းပေးတာနဲ့ ပက်သက်ပြီး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။သူတို့ လွတ်လပ်စွာ ရှင်သန်နေထိုင်နိုင်မှုအတွက် ကျနော်တို့ တွေကျိုးစားကြရမယ်လို့ ဆိုပါတယ်။






Rest of your post

No comments :