( ကမ္ဘာကျော်လူလိမ် ဘားနာဒ်မက်ဒေါဖ် )
- ကျော်သိင်္ခ-
အကြီးအကျယ်လိမ် ဆိုတဲ့ ဟစ်တလာ ရဲ့ စကား ကို ဘားနာဒ် မက်ဒေါဖ် ဆိုသူက အားကျအတုယူခဲ့ပုံရတယ်။ မက်ဒေါ့ဖ် ဟာ “ပွန်ဇီ အစီအစဉ်” ကို ရေးဆွဲပြီး ဒေါ်လာ ၅၀ ဘီလီယံ ဖိုးလိမ်လည်သူလို့ အမေရိကန်လုံခြုံရေးနဲ့ ငွေကြေးကော်မရှင် ရုံးက ကြာသပတေးနေ့က ကြေငြာပြီး ၄င်းကို ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ “ပွန်ဇီ အစီအစဉ် (Ponzi Scheme)” ဆိုတာကတော့ လူတွေကို ကိုယ့်လုပ်ငန်းထဲကို လာရောက်ရင်းနှီးမြှုပ်နှံအောင် ကတိတွေပေး၊ မက်လုံးတွေပေးပြီး အမြတ်ငွေကို ပုံမှန်သမရိုးကျမဟုတ်တဲ့ ပုံစံမျိုးနဲ့ ရင်းနှီးမြှုပ်နှံသူတွေ ကိုပြန်ပေးတဲ့ပုံစံပါ။အမြတ်ငွေဆိုတာကလည်းအရင်ဦးဆုံးရင်းနှီးမြှုပ်နှံသူတွေကိုနောက်မှလာပြီးရင်းနှီးမြှုပ်နှံသူတွေဆီက ရတဲ့ငွေတွေနဲ့ အမြတ်ငွေအဖြစ် လိမ်လည်ပြီး ပေးတာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူ (ရှယ်ရာရှင်) တွေဆီက ငွေတွေကို တစ်ကယ် စီးပွားရေးလုပ်တာမဟုတ်ဘဲ ပိုက်ဆံကို ကုလားဖန် (ကလဖန်) ထိုးတဲ့နည်းပါ။ မက်ဒေါ့ဖ်ရဲ့ယခုလို ဒေါ်လာဘီလီယံ၅၀ဖိုး လိမ်လည်မှုဟာ အမေရိကန်နိုင်ငံရဲ့သမိုင်းမှာ အကြီးဆုံး ငွေကြေး လိမ်လည်မှုကြီးဖြစ်ပါတယ်။
နက်စ်ဒက်ခ် စတော့ရှယ်ယာ ဈေးကွက်ရဲ့ ဥက္ကဋ္ဌဟောင်း ဟာ ဘားနာ့ဒ် အယ်လ် မက်ဒေါ့ဖ် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကို တည်ထောင်သူ အဖြစ် နာမည်ကြီးပါတယ်။ အဲဒီကုမ္ပဏီကို ၁၉၆၀ ခုနှစ်က စတည်တင်ထောင်ခဲ့ပြီး၊ ဈေးကွက်တစ်ခုလုံးနီးပါးကို ချုပ်ကိုင်ထားနိုင်တဲ့ ကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ သို့သော်လည်း ဒေါ်လာ ဘီလီယံ၅၀ဖိုး လောက်ကိုလိမ်လို့ ရအောင် ရံပုံငွေ တစ်ခုကိုလည်း မတည်ထားနိုင်ခဲ့တယ်လို့ အမေရိကန် အစိုးရရှေ့နေတွေက ပြောပါတယ်။
တရားလိုရှေ့နေက မက်ဒေါ့ဖ် ကို ၄င်းရဲ့အမှုနဲ့ပက်သက်ပြီး ဗုဒ္ဓဟူးနေ့က ဝေဖန်ပြောဆိုတဲ့အခါမှာ မက်ဒေါ့ဖ်က “ကြီးကြီး မားမားလိမ်လည်မှု တစ်ခုလောက်လုပ်မိတာများ”၊ ပြီးတော့ “ရှင်းရှင်းပြောရရင် ငွေကြေးလိမ်လည်မှု တစ်ခုကို ကြီးကြီးမားမား လုပ်လိုက် မိတာ တစ်ခုတည်းပါ” လို့ သူ့ ကုမ္ပဏီ ရဲ့ ၀န်ထမ်းတွေရှေ့မှာ အခုလို ပြောခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ကြားသပတေးနေ့ကအမေရိကန်ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးအဖွဲ့(FBI)မှကိုယ်စားလှယ်နှစ်ယောက်ဟာ နယူးယောက် မြို့ကမက်ဒေါ့ဖ် ရဲ့ ရုံးခန်းထဲကို ၀င်ရောက်ရှာဖွေ စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။
“ကျနော့်အနေနဲ့ ဒီထက်အပြစ်ကင်းအောင် ရှင်းပြစရာလည်းမလိုဘူး” လို့ မက်ဒေါ့ဖ်က ပြောကြောင်း တရား လိုပြရှေ့နေက ပြောပြပါတယ်။ ပြီးတော့ မက်ဒေါ့ဖ်ဟာ သူ့လက်မှာ ပိုက်ဆံမရှိဘဲနဲ့ကို ရင်းနှီးမျြုပ်နှံထားတဲ့ ရှယ်ယာရှင်တွေကိုငွေတွေ ပေးနေခဲ့တယ် လို့လည်း ရှေ့နေက ပြောပါတယ်။
၂၀၀၁ ခုနှစ်ကလည်း အမေရိကန် ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ အင်န်ရွန် စွမ်းအင် ကုမ္ပဏီဟာ ဒေ၀ါလီခံ သွားခဲ့ပါတယ်။ အဲဒီ ဒီအချိန်က အင်န်ရွန် ကုမ္ပဏီရဲ့ ပိုင်ဆိုင်မှုတန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၆၃.၄ ဘီလီယံ ဖို့ရှိပြီး၊ အဲဒီ အချိန်က ဒေ၀ါလီခံသွားခဲ့ကုမ္ပဏီတွေထဲမှာ တန်ဖိုးအများဆုံး ဆုံးရှုံးခဲ့တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။
အခုအခါမှာတော့ အသက် ၇၀ ရှိ မက်ဒေါ့ဖ် ဟာ တရားရုံးမှာ ငွေကြေးလိမ်လည်မှုနဲ့ တရားစွဲခံနေရပါပြီ။ အမေရိကန် အစိုးရရှေ့နေတွေ ရဲ့ ပြောပြချက်အရ မက်ဒေါ့ဖ်အနေနဲ့ ထောင်ဒဏ် အနှစ် ၂၀ အပါအ၀င်၊ ငွေဒဏ် အမေရိကန်ဒေါ်လာ ၅ သန်း ချမှတ်ခံရဖွယ်ရှိတယ် လို့ ပြောပါတယ်။ အမေရိကန် လုံခြုံရေးနဲ့ ငွေလဲလှယ်ရေး ကော်မရှင် (SEC) ကတော့ မက်ဒေါ့ဖ် ကို ပြစ်ဒဏ် တစ်ခုချင်းစီအတွက် သီးခြားစီ စစ်ဆေးမယ်လို့ ဆိုပါတယ်။
“ကျနော်တို့ စွဲချက်တင်တဲ့ အမှုက အများအံသြ သွားစေလောက်တဲ့ ငွေကြေးလိမ်လည်မှုကြီးပါ” လို့ အမေရိကန် လုံခြုံရေး နဲ့ ငွေလဲလှယ်ရေးကော်မရှင် ရဲ့ စည်းကမ်းထိမ်းသိမ်းရေး တာဝန်ခံ စကော့ထ် ဖရီးစတက် က ပြောပါတယ်။ “ကျနော်တို့ အနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ပိုင်ဆိုင်မှုတွေ နောက်ထပ် ထပ်ပြီး ဆုံးရှုံးမှုတွေ မဖြစ်အောင် အလျှင်အမြန်နဲ့ အချိန်မီ ဆောင်ရွက်ဖို့လိုအပ်တယ်” လို့လည်း စကော့ထ် ကဆက်ပြောပါတယ်။
မက်ဒေါ့ဖ် က လူတွေ သူထံကို လာပြီးရင်းနှီးမြှုပ်နှံမှုတွေလုပ်လာအောင် ဘယ်လို မက်လုံးတွေပေးပြီး လိမ်လည်ခဲ့လဲ ဆိုတာကို သိချင်ရင် ဒီနေရာကို click လုပ်လိုက်ပါ www.madoff.com ။

No comments :
Post a Comment