Friday, 12 December 2008

အမေရိကန် အစိုးရဆီးနိတ် က ကား ကုမ္မဏီ ကြီးသုံးခု ကို ကူညီဖို့ ငြင်းဆန်

မနေ့ က အမေရိကန် ဆီးနိတ်က ကား ကုမ္မဏီ ကြီးတွေကို စီးပွားရေးထောက်ပံကူညီငွေ ၁၄ ဘီလီယံကို ကူညီဖို ငြင်းပယ်လိုက်ပြီ။ ဒါကြောင့် အလုပ်လက်မဲ့ပြသာနာတွေ တဟုန်တိုးဖြစ်လာမယ်။ စက်မှုလုပ်ငန်းတခုလုံး ပြိုကျသွားနိင်တဲ့အနေထားကိုရောက်နေပြီဖြစ်တယ်။ အမေရိကန်မှာ လူအများစိုးရိမ်ပူပန်နေကြပါတယ်။ အလုပ်သမားသဂတွေသည်ပင်လျင် လုပ်ခလျော့ယူပါမယ်လို့  လိုက်လျောမှုလုပ်လာတာကိုတွေ့ ရတယ်။
ဖြစ်လာနိင်တဲ့ ဂယက်ရိုက်မှုများ

၁-အမေရိကန်ကားကုမဏီကြီးသုံးခု ဖြစ်တဲ့ ဂျီအမ်၊ ဖိုဒ်နဲ့ ခရိုက်စလာ တို့ က အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်သွားနိင်တယ်။
၂-အလုပ်လက်မဲ့ ဖြစ်လာရင် ၀ယ်လို အားကျဆင်းလာမယ်။ ( ပိုက်ဆံမရှိတော့ ဈေးမ၀ယ်နိင်ဘူး။ ချွေတာရတာတွေဖြစ်လာမယ်။ )
၃-၀ယ်လိုအားကျဆင်းလာရင် ( ပိုက်ဆံမရှိလို့ မ၀ယ်နိင်ရင်) ကုန်ပစ္စည်းတွေ မရောင်းရဖြစ်လာမယ်။
၎- အကျိုးဆက်အနေနဲ့ အမေရိကန် ဈေးကွက်က အာရှ ( အထူးသဖြင့် တရုပ်၊ အိန္ဒယ၊ထိုင်း၊ ဂျပန်) က ကုန်ပစ္စည်း တင်ပို့ မှု တဟုန်တိုးကျဆင်းလာမယ်။
၅- အာရှနိင်ငံတွေမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေကိုထိခိုက်လာနိင်မယ်။
၆- မြန်မာပြည်က မိသားစုတွေကို မထောက်ပံနိင် တဲ့အနေထားကိုရောက်လာမယ်။
၇- မြန်မာ ပြည်တွင်းမှာနိင်ငံရေးမတည်မငြိမ်မှုတွေ ပြန်လည်ဖြစ်လာနိင်တယ်။




Rest of your post

No comments :