Friday, 12 December 2008

စိတ်ရှူးပေါက်ရာ လုပ်နေသော ဇင်ဘာဘွေအာဏာရှင်ကြီး မူဂါဘီ


ဇင်ဘာဘွေ၏ သန်း ၅၀၀ တန် ငွေစက္ကူ အသစ်

-အောင်ကြီး-

ဇင်ဘာဘွေ အာဏာရှင်ကြီး မူဂါဘီကတော့ လုပ်ချ လိုက်ပြန်ပြီး။ ပြီခဲ့တဲ့ အပတ်က သူရဲ့ ဇင်ဘာဘွေအစိုးရ က ဇင်ဘာဘွေ ဒေါ်လာ သန်း ၁၀၀ ငွေစက္ကူ ကို ရိုက်နှိပ်ထုတ်ဝေခဲ့တယ်။ ဒီလိုထုတ်ဝေခဲ့ပေမဲ့လည်း ဇင်ဘာဘွေ ပြည်သူတွေဟာ ဘဏ်တွေမှာ အပ်နှံထားတဲ့ သူတို့ရဲ့ငွေတွေကို ညမအိပ်တော့ဘဲ တန်းဆီးလာရောက် ထုတ်ယူမှုတွေပြုနေတာကြောင့် ဗဟိုဘဏ်မှာငွေစက္ကူ ပြတ်လပ်သွားခဲ့တယ်။ ဒီလို ပြတ်လပ်သွားတာကြောင့် ဇင်ဘာဘွေ အစိုးရအနေနဲ့ ဒေါ်လာ သန်း ၅၀၀ နှင့် ဒေါ်လာ သန်း ၂၀၀ ငွေစက္ကူ တွေကို ဒီအပတ် သောကြာ နေ့မှာ ရိုက်နှိပ်ထုတ်ဝေသွားမယ်လို့ ဇင်ဘာဘွေဘဏ္ဍာရေးဝန်ကြီး ဆမ်မြူရဲလ် မမ်ဘမ်ဂီဝီ Samuel Mumbengegwi က တိုင်းပြည်ကို တရားဝင်ထုတ်ပြန်ကျေညာခဲ့ တယ်။

ဒီနေ့ အမေရိကန် ၁ဒေါ်လာ ဟာ ဇင်ဘာဘွေ သန်း ၆၀ ပေါက်ဈေး ရှိ နေတာကြောင့်၊ သန်း ၅၀၀ ငွေစက္ကူဟာ ဇင်ဘာဘွေမှာ ပေါင်မုံ့ ၈ လုံးသာ ၀ယ်ယူနိုင်ပါလိမ့်မယ်။ ကုန်ဈေးနှုန်းဟာ နေ့စဉ်ထိုးတက်နေပြီး၊ အာဏာရှင်ကြီး မူဂါဘီသာ တနေ့တစက္ကန့် အသက်ရှင် နေသ၍ ဇင်ဘာဘွေပြည်သူလူထုတွေ ကတော့ နေ့စဉ်နဲ့ အမျှဒုက္ခရောက်နေကြတယ်။

စိတ်ကူးထဲပေါ်ရာ လုပ်ချင်တာလုပ်နေကြတဲ့ အာဏာရှင်တွေကြောင့် ပြည်သူတွေ နေ့စဉ်နဲ့ အမျှဒုက္ခရောက်ခံ နေကြတဲ့ တိုင်းပြည်တွေထဲမှာ မြန်မာပြည်နဲ့ ဇင်ဘာဘွေနိုင်ငံဟာ ကမ္ဘာမှာ အဆိုးဝါးဆုံး အခြေအနေအဆင့်သို့ ရောက်ရှိနေပါသည်။


Rest of your post

No comments :